spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်-ဘီလူးကျွန်း (ချောင်းဆုံ) တံတား တည်ဆောက်မှု ၅၆ ရာခိုင်နှုန်းပြီးစီးနေ

    မော်လမြိုင်-ဘီလူးကျွန်း (ချောင်းဆုံ) တံတား တည်ဆောက်မှု ၅၆ ရာခိုင်နှုန်းပြီးစီးနေ

    -

    မော်လမြိုင်နှင့် ဘီလူးကျွန်း (ချောင်းဆုံ) သို့ ဆက်သွယ်တည်ဆောက်နေသည့် သံလွင်တံတား (ချောင်းဆုံ) တည်ဆောက်မှု ၅၆ ရာခိုင်နှုန်း ပြီးစီးနေပြီဟု ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ တံတား တည်ဆောက်ရေးအဖွဲ့ (၄) စီမံကိန်းတာဝန်ခံက ပြောသည်။

    သံလွင်တံတား (ချောင်းဆုံ) တည်ဆောက်မှု ၅၆ ရာခိုင်နှုန်း ပြီးစီးနေသည့်အတွက် စီမံကိန်းလျာထားကာလအမီ ပြီးစီးနိုင်မည်ဟု သိရပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ တည်ဆောက်ရေးအဖွဲ့ (၄) နှင့် (၁) တို့က တာဝန်ယူ အကောင်အထည်ဖော် ဆောက်လုပ်လျက်ရှိသည်။

    သံလွင်တံတား (ချောင်းဆုံ) မုပွန်ဘက်ကမ်း တည်ဆောက်နေမှု (ယဉ်ချိုင်း)
    သံလွင်တံတား (ချောင်းဆုံ) မုပွန်ဘက်ကမ်း တည်ဆောက်နေမှု (ယဉ်ချိုင်း)
    “တံတားပြီး သွားရင်တော့ ဘီလူးကျွန်းနဲ့ မော်လမြိုင် အလွယ်တကူသွားလာလို့ရမယ်၊ အဲခါကျရင် ဒီဒေသလည်း ဖွံ့ဖြိုးတိုးတက်လာမှာဘဲ အခုတောင်မှ စီးပွားရေးလုပ်ငန်းရှင်တွေ ဝင်လာနေပြီး မြေတွေ ဝယ်နေကြတယ်၊ ဒီဒေသကလူတွေအတွက်ကတော့ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေသွားမယ်” ဟု ဘီလူးကျွန်းသား ဦးထွန်းနိုင်က ပြောသည်။

    သံလွင်တံတား (ချောင်းဆုံ) တည်ဆောက်မှုအတွက် ခန့်မှန်ငွေတန်ဖိုး ကျပ်သန်းပေါင်း ၅၉၈၀ဝ ကုန်ကျမည်ဖြစ်ပြီး တံတားစီမံကိန်းကြီးတစ်ခုလုံးတွင် တံတားနှင့် လမ်းတည်ဆောက်မှုဆိုပြီး နှစ်ပိုင်းရှိကာ တံတားအတွက် ပြည်ထောင်စုဘတ်ဂျက်မှရရှိပြီး လမ်းတည်ဆောက်မှုအတွက် ပြည်နယ်ဘတ်ဂျက်မှ ရရှိသည်ဟု သိရသည်။

    သံလွင်တံတား (ချောင်းဆုံ) သည် နှစ်လမ်းသွား သံမဏိသံဘောင်ဂုံးတံတားဖြစ်ပြီး အရှည် ၅၂၀၃ ပေ၊ အကျယ် ၂၈ ပေရှိကာ မော်လမြိုင်ဘက်ကမ်း ပုမွန်ချဉ်းကပ်လမ်းအရှည် ပေ ၇၅၇ ခန့်ရှိပြီး ဘီလူးကျွန်း ကညှော်ဘက်ချဉ်းကပ်လမ်း အရှည် ၁၆၉၈၀ ပေခန့်ရှိသည်။

    သံလွင်တံတား (ချောင်းဆုံ) ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလခန့်က စတင် တည်ဆောက်ခဲ့ပြီး လျာထားစီမံကိန်းအရ ၂၀၁၇ ခုနှစ် မတ်လခန့်တွင် သွားလာအသုံးပြုနိုင်ရန် လျာထားတည်ဆောက်လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks