spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်မြို့နယ်၊ ကျောင်းရွာ ၃ တန်းကျောင်းသူသေနတ်ထိမှန်၍ ရန်ကုန်ဆေးရုံကြီးတွင်ကုသခံနေ

    သံဖြူဇရပ်မြို့နယ်၊ ကျောင်းရွာ ၃ တန်းကျောင်းသူသေနတ်ထိမှန်၍ ရန်ကုန်ဆေးရုံကြီးတွင်ကုသခံနေ

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျောင်းရွာကျေးရွာတွင် ၃ တန်းကျောင်းသူ မိန်းကလေးငယ်တစ်ဦးသေနတ်ထိမှန်၍ ရန်ကုန်ဆေးရုံကြီးသို့ အရေးပေါ် ကုသမှုခံယူနေရကြောင်း ကျောင်းရွာ အုပ်ချုပ်ရေးမှူး ဦးရန်နိုင်စိုး၏ ပြောကြားချက်အရ သိရသည်။

    “ကလေးကို မော်လမြိုင်ဆေးရုံ လက်မခံလို့ အခုရန်ကုန်ရောက်နေတယ်၊ မော်လမြိုင်မှာ ခွဲစိတ်လို့မရတဲ့အခြေအနေမှာလို့ပြောတယ်၊ ထိတာကတော့ ညာဘက်လက်ဖြန်ရိုးပေါ်မှာပါ” ဟု အုပ်ချုပ်ရေးမှူး ဦးရန်နိုင်စိုးက ပြောသည်။

    သေနတ်ထိမှန်ခံရသူ မအိသဇင်ဖြိုး(Facebook)
    သေနတ်ထိမှန်ခံရသူ မအိသဇင်ဖြိုး(Facebook)

    ကျောင်းရွာကျေးရွာ၌ ဇူလိုင် ၁၂ ရက်နေ့ညနေပိုင်းတွင် တစ်ရွာထဲနေ ဦးပီး ဆိုသူက သေနတ်ဖြင့်ပတ်ခတ်ရာ စောအဲဝေါနှင့် ဒေါ်မိုးသူဇာတို့၏သမီး ၃ တန်းကျောင်းသူ မအိသဇင်ဖြိုး သေနတ်ထိမှန်သဖြင့် မော်လမြိုင်ဆေးရုံမှတဆင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရခြင်း ဖြစ်သည်။

    “ဟိုမှာကိုင်လည်းနာ ဒီမှာကိုင်လည်းနာ ကျည်ဆံကိုတော့ ထုတ်ပြီးသွားပြီ၊ သက်သာတယ်လို့လည်း ပြောလို့မရဘူးလေ၊ ကလေးက အောက်ပိုင်း လှုပ်လို့မှမရတာ၊ ချက်ကနေ ခြေမအထိက နှိပ်လို့လည်းမနာ ဘာလဲမနာ၊ ခေါင်းကလဲ ယောင်နေတယ်၊ ထိုင်လို့လည်း လုံဝ မရဘူးလေ” ဒေါ်နီနီဝင်းက ဆက်ပြောသည်။

    ကလေးငယ်မှာ သတိလစ်ခြင်းမရှိသော်လည်း စကားပြောသည့်အခါများတွင် ထိုသေနတ်ထိမှန်သည့်နေရာမှ အောင့်အောင့်လာသည်ဟုပြောကြောင်း ယခုတွင် ရန်ကုန်ဆေးရုံကြီး အရိုးအကြောအဆောင်တွင်ဖြစ်ကြောင်း၊ ကလေးနှင့်အတူရှိနေသူ အိမ်နီးနားချင်းဖြစ်သော ဒေါ်နီနီဝင်း က ပြောသည်။

    သူက“ဈေးဆိုင်နဲ့ ကလေးရဲ့အိမ်က ဟိုဘက်ဒီဘက်မှာဆိုတော့ ကလေးက သူ့အမေကြီးကို ဈေးသွားဝယ်ပေးတဲ့အချိန်၊ ဦးပီးအိမ်က အလယ်မှာ၊ အရက်မူးပြီး လက်ပေါ်ရမ်းသမ်း ပစ်လိုက်တာ ကလေးထိမှန်သွားတာ ” ဟု ကျောင်းရွာအနီးရှိ အနင်းကျေးရွာအခြေစိုက် ရဲစခန်းမှူး တိုးမြင့်အောင်က ပြောသည်။

    အဆိုပါသေနတ်သည် ဆုံလည်အမျိုးအစား ပွိုင့် ၂၂ ကိုးလုံးပြူး ဖြစ်ကြောင်း၊ ပစ်ခတ်သူ ဦးပီး ဆိုသူကို သံဖြူဇရပ်မြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး လက်နက်ဖြင့် ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၇ နှင့် လက်နက်အမှု ၁၉ (စ) ဖြင့်အမှုဖွင့်ထားကြောင်း ရဲစခန်းမှူးက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks