spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် ရွှေ့ပြောင်းနေထိုင်လိုသူ ၂၄၀ အိမ်ထောင်စုရှိဟု ဆို

    မွန်ပြည်နယ်တွင် ရွှေ့ပြောင်းနေထိုင်လိုသူ ၂၄၀ အိမ်ထောင်စုရှိဟု ဆို

    -

    အစိုးရသစ်၏ ရက် ၁၀ဝ စီမံချက် အိမ်ထောင်စုစာရင်းထုတ်ပေးရန်အတွက် စာရင်းပြုစုရာတွင် မွန်ပြည်နယ်၌ အမှန်တကယ်ရွှေ့ပြောင်းနေထိုင်လိုသူ ၂၄၀ အိမ်ထောင်စုရှိသည်ဟု မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဦးစီးဌာနမှ သိရသည်။

    မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရှိန်ဝင်း က “အခုကျနော် တို့ သက်ဆိုင်ရာမြို့နယ်အလိုက် ရုံးတွေက စာရင်းပြုစုတဲ့အခါ ရွှေ့ပြောင်းအိမ်ထောင်စု ၉၀ဝ၀ ကျော်ရရှိခဲ့ပါတယ်။ အားလုံးထဲမှာမှ တကယ်ပြောင်းရွှေ့နေထိုင်ချင်တဲ့ အိမ်ထောင်စုက ၂၄၀ ရှိပါတယ်” ဟု ဆိုသည်။

    အိမ်ထောင်စုစာရင်းထုတ်ပေးရာတွင် မူလနေထိုင်ရာအရပ်ဒေသမှ သန်းခေါင်စာရင်းပါရှိခြင်းနှင့် ရွှေ့ပြောင်း နေထိုင်လိုသည့် အရပ်ဒေသ၌ ၆ လ အထက်ရှိခြင်းတို့ကို သာမာန်အိမ်ထောင်စုစာရင်းထုတ်ပေးမည်ဖြစ်ပြီး မူ လနေထိုင်ရာအရပ်ဒေသ၌ သန်ကောင်းစာရင်းမရှိပါက စာရင်းပြုစုထားပြီ ယာယီအိမ်ထောင်စုစာရင်းသာ ထုတ် ပေးမည်ဟု ၄င်းက ရှင်းပြခဲ့သည်။

    မွန်ပြည်နယ် လဝက ညွှန်းကြားရေးမှုး ဦးရှိန်ဝင်း (မွန်ထော်)
    မွန်ပြည်နယ် လဝက ညွှန်းကြားရေးမှုး ဦးရှိန်ဝင်း (မွန်ထော်)

    အဆိုပါ အိမ်ထောင်စု ၂၄၀ အနေဖြင့် မွန်ပြည်နယ်တွင် အမှန်တကယ်ရွှေ့ပြောင်းနေထိုင်လိုသူအဖြစ် သာမာန် အိမ်ထောင်စုစာရင်း ထုတ်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာမူလနေထိုင်သည့်နေရာက ရှိခဲ့သော အိမ်ထောင်စု စာရင်းအား ဖြုတ်ပစ်ရမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးရှိန်ဝင်း၏ ပြောပြချက်အရ သိရသည်။

    “အိမ်ထောင်စုစာရင်းထုတ်ပေးတာကို စောင့်ကြည့်နေရတဲ့ အခြေအနေမျိုးရှိနေပါတယ်။ ကျနော်တို့ တိုင်းရင်း သား အဖွဲ့စည်းအားလုံးကလဲ သူတို့ရဲ့ လုပ်ပုံလုပ်နည်း စနစ်မကျတာတွေ့ရှိခဲ့ရင် ကျနော်တို့လွှတ်တော်ကို တင်ပြစေလိုတယ်” ဟု ယာယီအိမ်ထောင်စုစာရင်းကိစ္စ အဆိုတင်သွင်းခဲ့သူ ချောင်းဆုံ မဲဆန္ဒနယ် အမှတ် (၁) မှ ဒေါက်တာ အောင်နိုင်ဦး က ဆိုသည်။

    အစိုးရမှ သာမာန်ရွှေ့ပြောင်းနှင့် ယာယီရွှေ့ပြောင်းအလုပ်သမားအားလုံးကို စာရင်းကောက်နေသောကြောင့် နယ် မြေခံတိုင်းရင်းသားများက စိုးရိမ်မကင်းဖြစ်မိကြောင်း၊ မည်သည့်အရပ်က လာရောက်သည်ကိုမသိရှိဘဲ အိမ် ထောင်စုစာရင်း ထုတ်ပေးခြင်းသည် ပြသနားများဖြစ်ပေါ်လာနိုင်ပြီ နေရာအတည်တကျမရှိဘဲ အိမ်ထောင်စု စာရင်းထုတ်ပေးခြင်းသည် လုပ်ထုံး လုပ်နည်းနှင့်လည်း မကိုက်ညီကြောင်းနှင့် နှစ်ရှည် ပြောင်းရွှေ့၍ အမှန်တ ကယ်ပြောင်းရွှေ့နေထိုင်သူများအား အိမ်ထောင်စုစာရင်း ထုတ်ပေးခြင်းက ပြသနာမရှိကြောင်း ဒေါက်တာ အောင်နိုင်ဦး က ဆက်ပြောသည်။

    မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ရက် ၁၀ဝ စီမံချက်ရှင်းလင်းရာတွင် ဧပြီ ၁၊ ၂၀၁၆ မှ ဧပြီ ၃၀၊ ၂၀၁၆ ထိကို ကြိုတင်ပြင်ဆင်ခြင်းအချိန် သတ်မှတ်ထားပြီး မေ ၁၊ ၂၀၁၆ မှ ဇူလိုင် ၃၁၊ ၂၀၁၆ ထိကို ရွှေ့ပြောင်းနေထိုင်သူများနှင့် အလုပ်သမားများ၏ အိမ်ထောင်စုလူဦးရေ စာရင်းကောက်ယူခြင်း၊ စာရင်းပြုစုခြင်း၊ စိစစ်ခြင်း၊ သတ်မှတ်ထားသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် မှတ်ပုံ တင်တစ်မျိုးမျိုး ထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်သွားမည်ဟု မေ ၃၁ ရက်တွင် ရှင်းလင်းတင်ပြခဲ့သည်။

    ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်၊ ဒုတိယပုံမှန်အစည်းအဝေး (တတိယ) နေ့၊ ဇွန် ၂၉ ရက်တွင် ‘ယာယီ ရွှေ့ပြောင်း အလုပ်သမားများကို အိမ်ထောင်စုစာရင်းထုတ်ပေးသည့်ကိစ္စအား ရပ်ဆိုင်းပေးရန် တိုက်တွန်း ကြောင်းအဆို’ အား မွန်လွှတ်တော်မှ ယာယီအိမ်ထောင်စုစာရင်း ထုတ်ပေးချင်မရှိသေး၍ အဆိုအား ‘မှတ်တမ်း အဖြစ်’ ထားရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks