spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းအစိုးရကိုယ်စားလှယ်နှင့် DPN တို့ ဇူလိုင် ၁ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးကြမည်

    အစိုးရကိုယ်စားလှယ်နှင့် DPN တို့ ဇူလိုင် ၁ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးကြမည်

    -

    ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ် Delegation for Political Negotiation-DPN နှင့် ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီ(၂) ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း အစိုးရကိုယ်စားလှယ်အဖွဲ့တို့ ၂၁ ရာစု ပင်လုံညီလာခံ ကိစ္စရပ်များကို ဇူလိုင် ၁ ရက်နေ့တွင် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

     UNFC ထုတ်ပြန်ချက်(UNFC)
    UNFC ထုတ်ပြန်ချက်(UNFC)

    အဆိုပါ တွေ့ဆုံမှုကို ရန်ကုန်မြို ့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ၌ နံနက် ၁၀ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။

    “မနက် ၁၀ နာရီမှာ ကျွန်တော်တို့ DPN ကိုယ်စားလှယ်တွေ နဲ့ ဆွေးနွေးကြမယ်။ ချင်းမိုင်မှာ ၂၁ ရာစု ပင်လုံ ညီလာခံ လုပ်မယ်ကိစ္စ နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်၊ ဒါကို အဆက်ပြန် ဆွေးနွေးကြမယ်လို့ဘဲ ပြောလို့ ရတယ်၊” ဟု ၂၁ ရာစု ပင်လုံ ညီလာခံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီ (၂) အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောသည်။

    ၂၀၁၆ ခုနှစ်၊ဇူလိုင် ၁ ရက်နေ့တွင် UNFC ၏ အလုပ်အဖွဲ့(DPN)ဘက်မှ အဖွဲ့ခေါင်းဆောင်အဖြစ် ဦးခူဦးရယ်၊ ဒုအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် စိုင်းထူးတို့ ဦးဆောင်သော အဖွဲ့ဝင် ၆ ဦးနှင့် အစိုးရဘက်မှ ၂၁ ရာစု ပင်လုံ ညီလာခံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ(၂) ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း ၊ ဦးလှမောင်ရွှေ တို့ ၇ ဦးပါဝင် သော အဖွဲ့ဝင်တို့ တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်သည်။

    DPN အဖွဲ့ဝင် မွန်ပြည်သစ်ပါတီ နိုင်ငံခြားဆက်ဆံရေးဌာနတာဝန်ခံ နိုင်ရွှေသိန်းက “အစိုးရ ကိုယ်စားလှယ်များတွေနဲ့ DPN ကိုယ်စားလှယ်တွေ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆက်လက်ဆောင်ရွက်ဖို့ အကြိုညှိနှိုင်းဆွေးနွေးတာပါ၊ ကျနော်တို့ မနက်ဖန်မနက်မှာ ဆွေးနွေးကြမှာပါ” ဟု ပြောသည်။

    ပြီးခဲ့သည့် ဇွန် ၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို ့၌ DPN နှင့် ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင် ဆင်ရေးကော်မတီတို့ အနေဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည့် နောက်ဆက်တွဲကိစ္စရပ်များအပါအဝင် တရား ဝင် တွေ့ဆုံဆွေးနွေးသွားမည်ဟု ဇွန်လ ၃၀ ရက်စွဲဖြင့် UNFC က ကြေညာချက်ထုတ်ပြန်ထားသည်။

    ထို့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်များ ဇူလိုင်လအတွင်း တွေ့ဆုံဆွေးနွေးရန် အစိုးရဖိတ်ကြားထားကြောင်း သိရသည်။

    မြန်မာနိုင်ငံတော်အစိုးရသည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံ ညီလာခံ ကို လာမည့်သြဂုတ်လအတွင်း ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး ယင်း ညီလာခံသို့ ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံး ပါဝင်လာနိုင်ရေး၂၁ ရာစု ပင်လုံ ညီလာခံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီကို ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks