spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ဟင်္သာအဝိုင်းကော်မတီတို့ တွေ့ဆုံမည်

    မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ဟင်္သာအဝိုင်းကော်မတီတို့ တွေ့ဆုံမည်

    -

    မော်လမြိုင်မြို့ သံလွင်တံတားထပ်အနီး ဟင်္သာအဝိုင်းရုပ်ထု ပြန်လည်တပ်ဆင်ရေး၊ အစိုးရကျောင်းများတွင် စာသင်ချိန်အတွင်းမွန်စာပေသင်ကြားရေး နှင့် လမ်းညွှန်ဆိုင်းဘုတ်တပ်ဆင်ရေးကိစ္စများနှင့် ပတ်သက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မွန်လူထုဆုံရပ်မှ ရွေးချယ်ဖွဲ့စည်းခဲ့သော ဟင်္သာအဝိုင်းရုပ်ထု ပြန်လည်တပ်ဆင်ရေးကော်မတီတို့ မနက်ဖြန် (ဇူလိုင်လ ၁ ရက်နေ့) မွန်းလွဲပိုင်းတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

    ဟင်္သာအဝိုင်းရုပ်ထု ပြန်လည်တပ်ဆင်ရေး ကော်မတီအစည်းအဝေး(MNA)
    ဟင်္သာအဝိုင်းရုပ်ထု ပြန်လည်တပ်ဆင်ရေး ကော်မတီအစည်းအဝေး(MNA)

    ဟင်္သာအဝိုင်းရုပ်ထု ပြန်လည်တပ်ဆင်ရေးကော်မတီဝင် နိုင်မွန်ရာဇာ က “ ဟင်္သာအဝိုင်းရုပ်ထု ပြန်လည် တပ်ဆင်ဖို့အတွက်ရယ်၊ အစိုးရကျောင်းချိန်အတွင်း မွန်စာပေသင်ကြားရာမှာ အဆင်ပြေဖို့ရယ်၊ မွန်ပြည်နယ်ရှိ မြို့အမည်၊ လမ်း အမည်တွေကို မွန်၊ မြန်မာ၊ အင်္ဂလိပ် သုံးဘာသာနဲ့ တပ်ဆင်ဖို့ရယ်၊ မနက်ဖြန် ဝန်ကြီးချုပ်နဲ့ တရားဝင် တွေ့ဆုံဆွေးနွေးသွားပြီးတော့ အကောင်အထည်ဖော်နိုင်ဖို့အတွက်ပါ” ဟု ပြောသည်။

    အဆိုပါ တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး အပါအဝင် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဟင်္သာအဝိုင်းရုပ်ထု ပြန်လည်တပ်ဆင်ရေး ကော်မတီ ၉ ဦး အဖွဲ့တို့နှင့် တွေွ့ဆုံဆွေးနွေးကြမည် ဖြစ်ကြောင်း မော်လမြိုင်မြို့၊ ငန်းတေးရပ်ကွက်ရှိ နိုင်ရွှေကျင်စာကြည့်တိုက်၌ ဇွန်လ ၃၀ ရက်နေ့တွင် ပြုလုပ်သည့် ဟင်္သာအဝိုင်းရုပ်ထု ပြန်လည်တပ်ဆင်ရေးကော်မတီ အစည်းအဝေးမှ သိရသည်။

    ဟင်္သာအဝိုင်းရုပ်ထု ပြန်လည်တပ်ဆင်ရေးကော်မတီဝင် နိ်ုင်စိုးသိန်း က “ မနက်ဖြန် ကျနော်တို့ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီးတော့ ဟင်္သာအဝိုင်းကိစ္စကို ဘယ်လိုဆောင်ရွက်ပေးမလဲ နားထောင်ပြီးတော့မှ ရှေ့ဆက်လုပ်ဖို့ ကျနော်တို့ စီစဉ်ရမယ်ပေါ့နော်” ဟုပြောသည်။

    ယင်းတွေ့ဆုံပွဲတွင် ခေါင်းစဉ် ၃ ခုဖြင့် အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပြီး ဟင်္သာအဝိုင်းရုပ်ထု ပြန်လည်တပ်ဆင်ရေးတွင် နိုင်စိုးသိန်း၊ အစိုးရကျောင်း မွန်စာပေသင်ကြားရေးကိစ္စတွင် နိုင်မွန်ရာဇာ၊ လမ်းညွှန်ဆိုင်းဘုတ်များ ခေါင်းစဉ်ဖြင့် နိုင်ရဲဇော် တို့က ဦးဆောင်ဆွေးနွေးသွားမည် ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

    ပြီးခဲ့သည့်ဇွန်လ ၂၄ ရက်နေ့က မော်လမြိုင်မြို့ရှိ မွန်ဓမ္မာရုံတွင် မွန်လူထုဆုံရပ်ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြီး အဖွဲ့ဝင် ၉ ဦးဖြင့် ဟင်္သာအဝိုင်းရုပ်ထု ပြန်လည်တပ်ဆင်ရေးကော်မတီ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

    အဆိုပါ ကော်မတီ ၉ ဦးပါအဖွဲ့တွင် အင်ဂျင်နီယာနိုင်စိုးသိန်း၊ နိုင်တလညီ၊ နိုင်မွန်ရာဇာ၊ မင်းမင်းနွယ်၊ မိစန္ဒာနွန်၊ နိုင်ရဲဇော်၊ မင်းလင်းကိုကို၊ နိုင်ထွန်းရှိန်နှင့် မွန်ပြည်သစ်ပါတီမှ အဆိုပြုသော ကိုယ်စားလှယ်တစ်ဦး (နိုင်ထွန်း)တို့ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks