spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းကျိုက်ထီးရိုးရင်ပြင်ရှိ သက်မှတ်ချက်မညီသောတည်းခိုဆောင်များ တစ်လအတွင်းဖျက်သိမ်းရန် ညွှန်ကြား

    ကျိုက်ထီးရိုးရင်ပြင်ရှိ သက်မှတ်ချက်မညီသောတည်းခိုဆောင်များ တစ်လအတွင်းဖျက်သိမ်းရန် ညွှန်ကြား

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ကျိုက်ထီးရိုးရင်ပြင်တော်ရှိ သက်မှတ်ချက်နှင့် ညီညွှတ်မှုမရှိသော တည်းခိုဆောင်များကို တစ်လအတွင်း အပြီးဖျက်သိမ်းရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်ကို ဇွန်လ(၂၇)ရက်နေ့တွင် ညွှန်ကြားခဲ့သည်။

    ရင်ပြင်တော်ရှိ တည်းခိုဆောင်များ တစ်လအတွင်း ဖျက်သိမ်းပေးရန်ညွန်ကြားချက်သည် ဇွန်လ(၂၇)ရက်နေ့မှ စတင်အကျုံးဝင်မည်ဖြစ်ပြီး တည်းခိုခန်းပိုင်ရှင်များအနေဖြင့် ကျေနပ်ခြင်းမရှိပါက ပြည်နယ်အစိုးရအဖွဲ့မှ ရှင်းလင်းသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။

    ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုက “ရိုးရိုးလေးတည်းခိုခန်းအတွက် ခွင့်ပြုထားတာ ၁၃၅ ခန်းဖြစ်တယ်၊ အဲဒီအပြင်၁၀၆ ခန်းပိုနေတယ်၊ အဲဒါတွေကို ဖျက်သိမ်းရမယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

    ဇွန်လ ၂၇ ရက်နေ့က နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးရုံး၌ ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအပြီး ကျင်းပသောသတင်းစာရှင်းလင်းပွဲတွင် ထိုသို့ပြောကြားလိုက်ခြင်း ဖြစ်သည်။

    13494799_622711191229257_4263285383856022048_nကျိုက်ထီးရိုးစေတီတော်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးသူရ ဦးအောင်ကို၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဦးအုန်းမောင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး၊ မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ ထိန်လင်းတို့ တက်ရောက်ခဲ့ကြသည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက “ဘုရားဖူးတွေရဲ့အခက်အခဲ ကျိုက်ထီးရိုးတောင်ပေါ်ကသူတွေ ရင်ထဲမှာသောက ဗျာပါဒဖြစ်နေတာ သိတယ်၊ မွန်ပြည်နယ်က ပြည်သူတွေအတွက် နှစ်လုံးစိတ်ဝမ်းအေးချမ်းအောင်ဆောင်ရွက်ပေးမယ်” ဟု ပြောသည်။

    ရိုးရိုးလေး ဟိုတယ်ပိုင်ရှင် ဦးနေထက်သိန်းနိုင်၏ လူမှုကွန်ရက်စာမျက်နှာတွင် ထပ်တိုးအခန်း(၁၀၆)ခန်းကို ဟိုတယ်နှင့်ခရီးဝန်ကြီးဌာနသို့ လိုင်စင်တင်ပြလျောက်ထားခဲ့ရာ ရွေးကောက်ပွဲကာလဖြစ်သည့်အတွက် နောင် အစိုးရတက်မှ တင်ပြရန်ညွှန်ကြားခဲ့ကြောင်း သိရသည်။

    ထို့အပြင် ယခုအစိုးရမူဝါဒအသစ်အရ ဟိုတယ်နှင့်ခရီးဝန်ကြီးဌာနသို့အဆောက်အဦး ခွင့်ပြုမိန့်တင်ပြီး ပြန်ကျမှ ဆောက်လုပ်ရသဖြင့် နစ်နာဆုံးရှုံးမှုများကို လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ဟိုတယ်ခရီးဝန်ကြီးဌာနနှင့် သာသနာရေးဝန်ကြီးဌာနထံ အသနားခံစာတင်ပြပြီးယင်းတို့၏ ဆုံးဖြတ်ချက်အတိုင်းလိုက်နာသွားမည်ဟု ဆက်လက်ဖော်ပြထားသည်။

    အဆိုပါ ထပ်တိုး ၁၀၆ ခန်းသည် ၂၀၁၃-၁၄ မြန်မာအာဆီယံဆီးဂိမ်းတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်ဟိုတယ်ခရီး၏ အစည်းအဝေးလမ်းညွှန်ချက်အရ ဟိုတယ်အခန်းများကို အကြီးစားပြုပြင်ခြင်းဖြစ်ကြောင်း ရိုးရိုးလေး ဟိုတယ်ပိုင်ရှင်၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားဖော်ပြထားသည်။

    မွန်ပြည်နယ်၏အထင်ရှားဆုံးသမိုင်းဝင် ကျိုက်ထီးရိုးစေတီတော်သည် နှစ်စဉ်ဘုရားဖူးဧည့်သည် ၂ သန်း ၂ သိန်းကျော်လာရောက်လေ့ရှိပြီး ဝင်ငွေကျပ် ၁ ဒဿမ ၅ ဘီလီယံရှိခဲ့သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks