Friday, March 13, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်မြို့တွင် နေအိမ်မီးလောင်ကျွမ်းရာမှ လူတစ်ဦးသေဆုံး

    မော်လမြိုင်မြို့တွင် နေအိမ်မီးလောင်ကျွမ်းရာမှ လူတစ်ဦးသေဆုံး

    -

    မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ပုလဲလမ်းရှိနေအိမ်တစ်လုံး ယနေ့(ဇွန် ၂ရ ရက်) နံနက် ၉နာရီ မိနစ် ၃၀ ၀န်းကျင်ခန့်တွင် မီးလောင်ကျွမ်းရာမှ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

    နေအိမ်မီးလောင်မှု မြင်ကွင်း(MNA)
    နေအိမ်မီးလောင်မှု မြင်ကွင်း(MNA)

    အဆိုပါ နေအိမ်မီးလောင်စဉ်တွင် စိတ်ကျန်းမာရေးမကောင်းသူတစ်ဦးနှင့် မွေးရာပါပိုလီယိုရောဂါသည်နှစ်ဦးသာ နေအိမ်တွင်ကျန်ရှိနေပြီး စိတ်ကျမ်းမာရေးမကောင်းသူကိုသာ ကယ်ထုတ်နိုင်၍ အသက်ဘေးမှလွတ်မြောက်ခဲ့သော်လည်း မွေးရာပါပိုလီယိုရောဂါသည်မှာ မလှုပ်ရှားနိုင်သဖြင့် မီးလောင်သေဆုံးခြင်းဖြစ်ကြောင်း ၎င်း၏ဆွေမျိုးများမှ တဆင့်သိရသည်။

    လူမူကယ်ဆယ်ရေးအသင်းမှ ကိုဘိုဘို၀င်းက “မီးလောင်တဲ့ဖြစ်စဉ်မှာ စိတ်ကျန်းမာရေးမကောင်းတဲ့သူ တစ် ယောက်ပဲ ထွက်နိုင်ခဲ့တယ်။ ထွက်တဲ့အချိန်မှာ ဒီလူကိုဆွဲထုတ်ခဲ့ပေမယ့် သူ့ခန္ဒာကိုယ်ကကြီးတော့ ထုတ်လို့မနိုင်ဘူး။ အရှေ့ဘက်က မီးကလည်းများတော့ သူပဲရုန်းထွက်နိုင်ခဲ့တယ်။ သေဆုံးသူကတော့ ကု တင်ပေါ်မှာပဲ သေဆုံးနေတာဖြစ်ပါတယ်” ဟု ပြောသည်။

    အဆိုပါနေအိမ်မီးလောင်ကျွမ်းမှုတွင် မီးသတ်ကား ၉ စီး၊ ရေသယ်ယာဉ် ၂ စီးတို့ဖြင့် မိနစ် ၃၀ ကျော်ခန့်အကြာတွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

    မော်လမြိုင်ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲအောင် က “ဆုံးရှံးမှုအနေအထားက တော့ ၉ သိန်း ၁ သောင်းပေါ့နော်။ အိမ်တန်ဖိုး အဆောက်ဦးတန်ဖိုးက ၅ သိန်း၊ ပြီးတော့အိမ်ထဲမှာ တီဗီပြင် တာကိုး။ တီဗီအဟောင်းတွေ နောက်ပြီးတော့ အ၀တ်ဗီဒိုတွေ အဲဒီပစ္စည်းတွေရဲ့တန်ဖိုးက ၄ သိန်း ၁ သောင်းဆိုတော့ အားလုံး စုစုပေါင်း ၉ သိန်း ၁ သောင်းဖြစ်တယ်”ဟု ဆိုသည်။

    လျှပ်စစ်မီးအားအတက်အကျမမှန်ကန်မှုကြောင့် မီးအားမြှင့်စက်ရှော့ဖြစ်ကာလောင်ကျွမ်းခဲ့ကြောင်း ခရိုင်မီးသတ်တပ်ဖွဲ့မှ အတည်ပြုထားသည်ဟု သိရသည်။

    မီးလောင်မှုကြောင့် အဆိုပါ အိမ်အနီးအနားရှိ ပါရမီကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား ၂၀၀ ခန့်ကိုလည်း အနီးနားရှိဘုန်းကြီးကျောင်းသို့ ခေတ္တရွွှေ့ပြောင်းခဲ့ရသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks