spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်သံလွင်တံတားထိပ် ဟင်္သာအဝိုင်းပြောင်းလဲရန် ဟင်္သာရုပ်ထုသစ်ထုဆစ်မည်

    မော်လမြိုင်သံလွင်တံတားထိပ် ဟင်္သာအဝိုင်းပြောင်းလဲရန် ဟင်္သာရုပ်ထုသစ်ထုဆစ်မည်

    -

    မွန်ပြည်နယ် ၊မော်လမြိုင်မြို့ရှိ သံလွင်တံတားထိပ် မုတ္တမ-မော်လမြိုင်အနီးရှိ ဆွမ်းအုပ်အဝိုင်းကို ဟင်္သာအဝိုင်းသို့ပြန်လည်ပြောင်းလဲရာတွင် ဟင်္သာရုပ်ထုအသစ် ထုဆစ်ထားရှိသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်ကျင်ရေးရာထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

    ဟင်္သာရုပ်ထုဟောင်းအား နိုင်စိုးသိန်း၊ ဒေါက်တာမင်းစိုးလင်း၊ ဒေါက်တာမင်းကြည်ဝင်းတို့ သွားရောက်ကြည့်ရှုခဲ့စဉ်(Facebook)
    ဟင်္သာရုပ်ထုဟောင်းအား နိုင်စိုးသိန်း၊ ဒေါက်တာမင်းစိုးလင်း၊ ဒေါက်တာမင်းကြည်ဝင်းတို့ သွားရောက်ကြည့်ရှုခဲ့စဉ်(Facebook)

    ဒေါက်တာ မင်းကြည်ဝင်းက “ဟင်္သာအဝိုင်းပြန်လည်ထားရှိဖို့အတွက် မူလအအသုံးပြုခဲ့တဲ့ ဟင်္သာရုပ်ကိုမသုံးတော့ဘူး၊ အသစ်ထပ်မံ ထုလုပ်ပြီး ထားရှိသွားမယ်” ဟု ပြောသည်။

    မွန်လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် မွန်တိုင်းရင်းသား ၃၀ဝ ကျော် တက်ရောက်ခဲ့သော
    ဇွန် ၂၄ ရက်နေ့ မော်လမြိုင်မြို့ မွန်စမ္မာရုံ မွန်လူထုဆုံရပ်ဆွေးနွေးပွဲတွင် ဟင်္သာအဝိုင်း ပြန်လည်ထားရှိရေး ကော်မတီ(၉)ဦးပါအဖွဲ့ ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

    မွန်အမျိုးသားပါတီဥက္ကဌ နိုင်ငွေသိမ်းက “မွန်အမျိုးသားတွေက ကော်မတီဖွဲ့ပြီးပြီ၊ အဲ့ဒါကို ပြည်နယ်အစိုးရကလည်းခွင့်ပြု့မယ်လို့ သိထားရတယ်၊ မကြာ ခင်ကာလမှာ ဟင်္သာအဝိုင်းဖြစ်လာတော့မှာပါ” ဟု ဆိုသည်။

    အဆိုပါ ကော်မတီ ၉ ဦးအဖွဲ့တွင် အင်ဂျင်နီယာနိုင်စိုးသိန်း၊ နိုင်တလညီ၊ နိုင်မွန်ရာဇာ၊ မင်းမင်းနွယ်၊ မိစန္ဒာနွန်၊ နိုင်ရဲဇော်၊ မင်းလင်းကိုကို၊ နိုင်ထွန်းရှိန်နှင့် မွန်ပြည်သစ်ပါတီမှ အဆိုပြုသော ကိုယ်စားလှယ်တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

    ကော်မတီ(၉)ဦးအဖွဲ့ပါဝင်သူ မင်းမင်းနွယ်က “ အဟောင်းကို အမှတ်တရအဖြစ် ပြတိုက်မှာထားပါမယ်၊ အသစ်ကိုကြတော့ ဟင်္သာပုံစံပြောင်းပြီးတည်ဆောက်ပါမယ်၊ ပုံစံကတော့ မွန်အမျိုးသားနေ့မှာ မွန်ထုတစ်ရပ်လုံးက နှစ်စဉ်နှစ်တိုင်း အလေးပြုနေတဲ့ ခြေတစ်ဖက်ကြွ ဟင်္သာပုံစံကိုယူပြီး တည်ဆောက်ဖို့ မွန်လူထုဆုံရပ်ဆွေးနွေးပွဲက သဘောထားပေးပြီး ယင်းအတွက် ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ၉ ဦးပါ အဖွဲ့ကို တာဝန်ပေးရွေးချယ်ခဲ့တယ်” ဟု ဆိုသည်။

    ၂၀၀၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော မုတ္တမ-မော်လမြိုင် သံလွင်တံတားနှင့်အတူ ဟင်္သာအဝိုင်းကိုတည်ဆောက်ခဲ့ပြီး နောက် ဆွမ်းအုပ်အဝိုင်းအဖြစ် အစားထိုးပြောင်းလဲခဲ့ရာ အဆိုပါဟင်္သာရုပ်ထုကို မော်လမြိုင် ရွှေတောင်ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေး ပစ္စည်းသိုလှောင်ရုံ(မာလာဝင်း)အတွင်း၌ ထားရှိထားကြောင်း ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks