spot_img
Saturday, December 20, 2025
More
    spot_img
    Homeသတင်းပြည်နယ်အစိုးရထံ မွန်ဘာသာကျောင်းသုံးစာအုပ် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကျင်းပ

    ပြည်နယ်အစိုးရထံ မွန်ဘာသာကျောင်းသုံးစာအုပ် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကျင်းပ

    -

    အစိုးရစာသင်ကျောင်းတွင် မွန်တိုင်းရင်းသားစာပေသင်ကြားရေးအတွက် UNICEF ကုလသမဂ္ဂကလေးသူငယ်များရံပုံငွေအဖွဲ့မှ မွန်ပြည်နယ်အစိုးရထံ မွန်ဘာသာကျောင်းသုံးစာအုပ် လွှဲပြောင်းခြင်း အခမ်းအနားကို မော်လမြိုင်မြို့၊ အမှတ် ၆ အထကကျောင်းတွင် ဇွန်လ ၂၂ ရက်နေ့က ကျင်းပခဲ့သည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးထံ မွန်ဘာသာကျောင်းသုံးစာအုပ် လွှဲပြောင်းပေးအပ်စဉ်(MNA)
    မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးထံ မွန်ဘာသာကျောင်းသုံးစာအုပ် လွှဲပြောင်းပေးအပ်စဉ်(MNA)

    မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မွန်ဘာသာသင်ရိုးညွှန်းတန်းရေးဆွဲရေး ကော်မတီ ဥက္ကဌ ဒေါက်တာမင်းနွယ်စိုး၊ UNICEF (မော်လမြိုင်)၊ မွန်ပြည်နယ်ပညာရေးမှူးအပါအဝင် အရပ်ဖက်အဖွဲ့စည်းများ တက်ရောက်ခဲ့ကြသည်ကို တွေ့ရသည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး က “ယခု ယူနီဆက်မှ လွှဲပြောင်းပေးတဲ့ မွန်ဘာသာဖတ်စာအုပ်များကို ပြည်နယ်အစိုးရအနေဖြင့် ပြည်နယ်ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်မှာဖြစ်ပြီး သက်ဆိုင်ရာ ကျောင်းများကို ကောင်းမွန်စွာ ရောက်ရှိရန် အမှန်တကယ်ထိရောက်၍ သင်ကြားသင်ယူမှုရှိအောင် ဆက်လက်ဆောင် ရွက်သွားမည်” ဟု ပြောကြားခဲ့သည်။

    အစိုးရသစ်လက်ထက်တွင် ပညာရေးအတွက် ဦးစားပေးဆောင်ရွက်လှျက်ရှိကြောင်း၊ ပညာရေးအခွင့်လမ်း တန်းတူညီမှျမရရှိသေးတဲ့ ဝေးလံခေါင်းပါးသည့် ဒေသများ၊ ပဋိပက္ခဖြစ်ပွားခဲ့သည့်ဒေသများ၊ ဆင်းရဲနွမ်းပါး သည့် မိသားစုများနှင့် မသန်စွမ်းခလေးငယ်များ၏ ပညာရေးများကို ပိုမိုဆောင်ရွက်ရမည် ဟု ဝန်ကြီးချုပ်က ဆက်ပြောသည်။

    ဒေါက်တာ မင်းနွယ်စိုး က “ကျနော်တို့က အရင်တုန်းက အတွေ့အကြုံကို ယူပြီးတော့ အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားမယ်ဆိုပြီးတော့ သင်ကြားရေးစနစ် သင်ရိုးညွှန်းတန်းကို လုပ်ခဲ့ကြတယ်။ ကျနော်တို့ကို အကူပေးတဲ့အဖွဲ့ရော အတွေ့ကြုံရှိတဲ့အဖွဲ့တွေကိုလည်း အကူအညီရယူခဲ့တယ်။ နိုင်ငံတော်ရဲ့ မူပိုင်နဲ့လည်း ကင်းလွတ်ခွင့် မရှိအောင် ကျနော်တို့လည်း လိုချင်တာရအောင် အလှူရှင်တွေလည်း ပံ့ပိုးပေးလို့ရအောင် ဆောင်ရွက်ခဲ့တယ်” ဟု ဆိုသည်။

    သင်ရိုးညွှန်းရေးဆွဲရာတွင် အခက်များစွာ တွေ့ကြုံခဲ့ရကြောင်း၊ မွန်ပြည်နယ်-ကရင်ပြည်နယ်-တနသာင်္ရီတိုင်းရှိ မွန်တိုင်းသားအားလုံးအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ထားပြီးဖြစ်ကြောင်း၊ ၄င်းထက်ပိုမိုကောင်းမွန်အောင် နောက်လူများဆက်လုပ်ရာတွင် အကူညီလိုပါက ကျနော်တို့က ဆက်လက်ကူညီရန် အဆင်သင့်ရှိပါကြောင်း ဒေါက်တာ မင်းနွယ်စိုး ဆက်ပြောသည်။

    မွန်ဘာသာကျောင်းသုံးမွန်ဖတ်စာအုပ် ၇၃,၀၀၀ အုပ်၊ လေ့ကျင့်ခန်းစာအုပ် ၈၀,၀၀၀ အုပ်နှင့် ဆရာလက်စွဲ ၊ အခြေခံမွန်သဒ္ဒါ၊ ကျောင်းသုံးကလေးပုံပြင်စာအုပ် ၅,၀၀၀ အုပ်တို့ကို ယူနီဆက်အဖွဲ့က မွန်ပြည်နယ်အစိုးရထံ အပ်နှံခဲ့ခြင်း ဖြစ်သည်။

    ၂၀၁၄-၁၅ ပညာသင်နှစ်မှစတင်၍ ကျောင်းခေါ်ချိန်အတွင်း ဖွံ့ဖြိုးရေးအချိန်များ၌ မွန်စာသင်ကြားချိန်အဖြစ် မွန်ပြည်နယ်လွှတ်တော်မှ ၂၀၁၄ ခုနှစ် ဧပြီလတွင် ပြဌာန်းခဲ့သော်လည်း ယခုအခါအစိုးရစာသင်ကျောင်းများတွင် ပြင်ပအချိန်၌သာ သင်ကြားခွင့်ရှိသည်။

    အစိုးရကျောင်းမွန်ဘာသာစာပေသင်ကြားရေးကို မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ ၁၉၄၆ တွင် ကျောင်းချိန်အတွင်း စတင်သင်ကြားခွင့်ရရှိခဲ့ပြီးနောက် ကျောင်းသုံးပုံနှိပ်စာအုပ်များကို ၁၉၅၈ ခုနှစ်တွင် မြန်မာနိုင်ငံအစိုးရ ဝန်ကြီးချုပ်ဌာနလက်အောက်ရှိ မွန်ရေးရာအဖွဲ့ချုပ်က ပုံနှိပ်ထုတ်ဝေ ဦးဆောင်သင်ကြားနိုင်ခဲ့သော်လည်း ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အစိုးရစာသင်ကျောင်းများ မွန်စာပေသင်ကြားမှုအစီအစဉ် ရပ်နားခဲ့ရသည်။

    ထို့နောက် မွန်ပြည်နယ်စတင်ပေါ်ထွန်းသည့် ၁၉၇၄ ခုနှစ် မဆလခေတ်တွင် သင်ရိုးညွှန်းတန်းအသစ်ပြုစုကာ ပညာရေးဝန်ကြီးဌာနမှ သူငယ်တန်း/ပထမတန်း ကျောင်းသုံးစာအုပ်များ ပုံနှိပ်ထုတ်ဝေခဲ့သော်လည်း အစိုးရစာသင်ကျောင်းများတွင် ဦးဆောင်သင်ကြားသူများမရှိခဲ့ပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,300SubscribersSubscribe
    spot_img

    Latest posts