spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်မြို့ဆွမ်းအုပ်အဝိုင်းကို မူလဟင်္သာရုပ်တုအတိုင်း ပြန်လည်ထားရှိမည်

    မော်လမြိုင်မြို့ဆွမ်းအုပ်အဝိုင်းကို မူလဟင်္သာရုပ်တုအတိုင်း ပြန်လည်ထားရှိမည်

    -

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ သံလွင်တံတားထိပ်ရှိ ဆွမ်းအုပ်အဝိုင်းကို မူလဟင်္သာရုပ်တုအဝိုင်းအတိုင်း ပြန်လည်ထားရှိရန် စီစဉ်ထားကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။

    လက်ရှိဆွမ်းအုပ်အဝိုင်း (Internet)
    လက်ရှိဆွမ်းအုပ်အဝိုင်း (Internet)

    မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးတာဝန်ရှိသူက “ဝန်ကြီးချုပ်က အခုလက်ရှိ အထက ၁၀ ကျောင်းရှေ့က ဆွမ်းအုပ်အဝိုင်းကို ဖြုတ်သိမ်းပြီး ဟင်္သာအဝိုင်း ဆောင်ရွက်ဖို့ရှိတယ်လို့ သိထားရတယ်၊ မွန်တိုင်းရင်းသားပါတီတွေကလည်း တောင်းဆိုမှုတွေရှိတယ်`ဟု ပြောသည်။

    မူလဟင်္သာရုပ်တုအဝိုင်းကို နအဖစစ်အစိုးရလက်ထက် ၂၀ဝ၇ ခုနှစ် မိုးရာသီကာလ ညပိုင်းတစ်ခုတွင် အာဏာပိုင်များအမိန့်ဖြင့် ဆွမ်းအုပ်အဝိုင်းအဖြစ် ရုတ်တရက်အစားထိုး ပြောင်းလဲခဲ့ပြီး အဆိုပါ ဟင်္သာရုပ်တုကို ရွှေတောင်ရပ်ကွက်၊ အထက်လမ်းမကြီး၊ အထက (၅) စာသင်ကျောင်းဘေးရှိ မာလာဝင်း (မော်လမြိုင်မြို့နယ် စည်ပင်သာယာရေး ပစ္စည်းသိုလှောင်ရုံ) ၌ သိမ်းဆည်းထားကြောင်း မွန်အမျိုးသားပါတီ ဥက္ကဌ နိုင်ငွေသိမ်းက ဆိုသည်။

    မွန်အမျိုးသားပါတီ ဥက္ကဌ နိုင်ငွေသိမ်းက “လူမျိုးတိုင်းမှာ အမျိုးသားလက္ခဏာသင်္ကေတ အမွေအနှစ်ဆိုတာ ရှိကြတယ်။ အဲဒီအရာတွေကို ပြန်လည်ဖော်ထုတ်သင့်တယ်။ ပြည်နယ်အစိုးရ အဖွဲ့က ဆွမ်းအုပ်အဝိုင်းကို အရင်ပုံသဏ္ဍန်အတိုင်း ဟင်္သာအဝိုင်းပြန်လည် တည်ဆောက်ပေးမယ်လို့ သိထားရတယ်” ဟု ပြောသည်။

    မူလဟင်္သာရုပ်တုအဝိုင်း(Internet)
    မူလဟင်္သာရုပ်တုအဝိုင်း(Internet)

    ပြီးခဲ့သည့် မေလအတွင်း မွန်ပြည်နယ်သစ်ပါတီ ဒုဥက္ကဌနိုင်ဟံသာနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်တို့ တွေ့ဆုံခဲ့ရာတွင် အဆိုပါ ဟင်္သာအဝိုင်းကိစ္စ ဆွေးနွေးဖြစ်ခဲ့ကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့် ဟင်္သာအဝိုင်းပြောင်းလဲရန် ဟင်္သာရုပ်တုမျက်နှာမှုရာအရပ်ကို မွန်ယဉ်ကျေးမှုခေါင်းဆောင်များနှင့် ဆွေးနွေး ဆောင်ရွက်သွားမည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ သိရသည်။

    ၂၀ဝ၅ ခုနှစ် ဖွင့်လှစ်ခဲ့သော မုတ္တမ – မော်လမြိုင် သံလွင်တံတားနှင့်အတူ ဟင်္သာရုပ်တုအဝိ်ုင်းကို စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks