spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းရွေပြောင်းအိမ်ထောင်စုစာရင်းထုတ်ပေးမှုရုပ်သိမ်းပေးရန် MNP ပါတီတောင်းဆို

    ရွေပြောင်းအိမ်ထောင်စုစာရင်းထုတ်ပေးမှုရုပ်သိမ်းပေးရန် MNP ပါတီတောင်းဆို

    -

    မွန်ပြည်နယ်အစိုးရအဖွဲ့၏ ရက် ၁၀ဝ စီမံကိန်းတွင် သစ္စာစီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော ရွှေ့ပြောင်းလုပ်သားများအား အိမ်ထောင်စုစာရင်းအသစ် ထုတ်ပေးရေးအစီအစဉ်ကို ပြန်လည်ရုပ်သိမ်းပေးရန် မွန်အမျိုးသားပါတီမှ မွန်ပြည်နယ်ဝန်ကြီးချုပ်ထံ ဇွန်လ ၂၀ ရက်စွဲဖြင့် အိတ်ဖွင့်ပေးစာ တောင်းဆိုပေးပို့ထားကြောင်း သိရသည်။

    MNP ပါတီ၏ ဝန်ကြီးချုပ်ထံအိတ်ဖွင့်ပေးစာ(Copy)
    MNP ပါတီ၏ ဝန်ကြီးချုပ်ထံအိတ်ဖွင့်ပေးစာ(Copy)

    ၎င်းသစ္စာစီမံချက်အရ မွန်ပြည်နယ်အတွင်း (၆) လမှ (၃) နှစ်အတွင်း ရွှေ့ပြောင်းနေထိုင်သူများကို သာမာန်ရွေ့ပြောင်းနေထိုင်သူများဟု သတ်မှတ်ပြီး မူလနေရပ်မှ အိမ်ထောင်စုစာရင်း အပြောင်းအရွှေ့အထောက်အထား တစုံတရာပြစရာမလိုပဲ အိမ်ထောင်စုစာရင်းအသစ်များထုတ်ပေးရန် စာရင်းကောက်ခံလျက် ရှိနေသည်။

    မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမ က “ နိုင်ငံသားတိုင်းက နိုင်ငံအတွင်း ဘယ်နေရာမှာမဆို လဝက ဥပဒေအရ အိမ်ထောင်စုစာရင်းရှိပြီးသားဖြစ်တဲ့အတွက် ဒီစီမံချက်မျိုးကို လုပ်စရာမလိုဘူးလို့ထင်ပါတယ်။ ရွေ့ပြောင်းလုပ်သားဆိုတာ အချိန်တန်ရင်သူတို့ရဲ့ နေရပ်ကိုပဲ ပြန်ကြတာဆိုတော့ အရင်အစိုးရတွေလိုပဲ ယာယီနေထိုင်ခွင့်လက်မှတ်နဲ့တင် လုံလောက်ပါတယ်” ဟု ပြောသည်။

    ထိုစီမံချက်သည် နိုင်ငံတော်အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို ထိခိုက်စေနိုင်ပြီး မလိုလားအပ်သော လူမျိုးရေးပြဿနာများ ဖြစ်ပေါ်စေနိုင်သည့်အပြင် လက်ရှိလူဝင်မှုကြီးကြပ်ရေးဥပဒေနှင့်လည်း ကိုက်ညီမှုမရှိဟု ၎င်းက ဆက်ပြောသည်။

    နိုင်လယီတမ က “ ဒီစီမံကိန်းကို ရပ်တန့်ပေးဖို့ ကျွန်တော်တို့တောင်းဆိုပါတယ်၊ အခြေအနေထူးခြားမလာဘူးဆိုရင်တော့ တခြားမွန်အသင်းအဖွဲ့အားလုံးနဲ့ ဆွေးနွေးတိုင်ပင်ပြီး လုပ်သင့်လုပ်ထိုက်တာကို ဆက်ပြီးတော့ လုပ်သွားမှာပါ” ဟု ဆိုသည်။

    ထို့အတူ သစ္စာစီမံချက်သည် တိုင်းရင်းသားနယ်မြေအတွင်း နယ်မြေချဲ့ထွင်မှု (သို့မဟုတ်) ကိုလိုနီလက်သစ် ပြုလုပ်သလိုဖြစ်နေသည့်အတွက် အစိုးရ၏ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်နေမှုအပေါ် စိန်ခေါ်မှုဖြစ်စေပြီး ထိုစီမံကိန်းကို ပြန်လည်သုံးသပ်ပေးရန် မွန်ရဟန်းသံဃာတော်များ၊ မွန်အသင်းအဖွဲ့ ၁၆ ဖွဲ့မှ တာဝန်ရှိသူများနှင့် တခြား မွန်အရေးလှုပ်ရှားသူ ခေါင်းဆောင်များ၏ လက်မှတ်ပါဝင်သော တင်ပြချက် ၇ ချက်ဖြင့် ဇွန်လ ၁၀ ရက်နေ့တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြတောင်းဆိုထားပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စု တိုင်းရင်းသားရေးရာဝန်ကြီး၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်ထဲရေးဝန်ကြီးဋ္ဌာနများနှင့် ပြည်နယ်လွှတ်တော်သို့လည်း မိတ္တူပေးခဲ့ကြောင်း သိရသည်။

    ၂၀၁၄ ခုနှစ် ဧပြီလ သန်းခေါင်စာရင်းအရ မွန်ပြည်နယ်ရှိ လူဦးရေ စုစုပေါင်း ၂၀ သိန်းကျော် (၂,ဝ၅၄,၃၉၃) ဦးရှိနေပြီး မွန်တိုင်းရင်းသားလူဦးရေအများဆုံးနှင့် ဗမာလူမျိုးမှာ ဒုတိယ အများဆုံးဖြစ်နေသည်။

    အဆိုပါရွေ့ပြောင်းဝင်ရောက်လာသူ အများစုမှာ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းဒေသကြီးတို့မှ ဗမာလူမျိုးများအများဆုံးဖြစ်ကြပြီး လွန်ခဲ့သော ၂ နှစ်က စာရင်းအရ ၃ သိန်း ၄ သောင်းကျော် ( ၃,၄၂,၁၉) ဦး ဟု သန်းခေါင်းစာရင်းတွင် ရွှေ့ပြောင်းလူဦးရေ စာရင်းပေးသွင်းထားပြီးဖြစ်သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks