spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းကျုရှင်ကိစ္စတိုင်ကြားလာပါက သင်ကြားသူ၏တာဝန်ဖြစ်သည်ဟု မွန်ပညာရေးညွှန်မှူးဆို

    ကျုရှင်ကိစ္စတိုင်ကြားလာပါက သင်ကြားသူ၏တာဝန်ဖြစ်သည်ဟု မွန်ပညာရေးညွှန်မှူးဆို

    -

    ပညာရေးဝန်ထမ်းများ ကျောင်းပြင်ပအချိန်တွင် ကျုရှင်သင်ပြခြင်း၊ ကျုရှင်အပ်ခြင်း လက်ခံလျင် ကျူရှင်သင်ပြ နေကြောင်း တိုင်းကြာလာသူရှိပါက သင်ကြားသူ ဆရာ/ ဆရာမများ၏ တာဝန်ဖြစ်သည်ဟု မွန်ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးက မွန်သတင်းအေဂျင်စီ သို့ပြောသည်။

    ကာတွန်းဆရာ ပေတလူသရော်ကွက်(Facebook)
    ကာတွန်းဆရာ ပေတလူသရော်ကွက်(Facebook)

    ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးမျိုးတင့်အောင် က “ အခုဆိုရင် မိဘ ဘက်က ဆရာမတွေကိုကျူရှင် သင်ပေးဖို့ တောင်းဆိုလာတယ်၊ ဆရာမတွေကလည်း ဒီကလေးတွေအပေါ်မှာ အားဖြည့်ပြီးတော့ သင်ပေးနေတယ်၊ ဒါပေမယ့် ပြဿနာ ဖြစ်လာရင် ဆရာမ တာဝန်ယူရမယ်၊ သင်နေတဲ့အပေါ်မှာ ကျောင်းရဲ့ ရေးရာကိစ္စ၊ စာမေးပွဲကိစ္စတွေမှာ လုံးဝဝင်ရောက် စွက်ဖက်မှု မရှိရဘူး၊ ဖြစ်လာရင် သူ့အပိုင်း သူတာဝန်ခံရမယ်” ဟုပြောသည်။

    ပြည်နယ်ပညာရေးမှူးရုံးအနေဖြင့် ကျုရှင်သင်ပြနေကြောင်း တိုင်ကြားလာသူရှိပါက ဌာနတွင်း စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်မည်ဖြစ်ပြီး စစ်ဆေးတွေ့ရှိပါက ဝန်ထမ်း ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

    ကျောင်းစဖွင့်ချိန်တွင် အစိုးရစာသင်ကျောင်းတိုင်း၌ ကျောင်းအုပ်ကြီးဦးဆောင်၍ ဆရာ/ ဆရာမများ ကျူရှင်မသင်ကြောင်း ဝန်ခံကတိလက်မှတ်ရေးထိုးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

    ရေးမြို့နယ်မြောက်ပိုင်း အဗြိုင်ကျေးရွာမှ ကျုရှင်သင်ဆရာမ တစ်ဦးက “ ကျမတို့က ကျူရှင် မသင်ရဲပါဘူး၊ ကျောင်းသားမိဘတွေက လာအပ်နေတယ်ဆိုတော့ တစ်ခုခုဖြစ်လာရင် တာဝန်မယူဘူး၊ ကျောင်းသား မိဘတွေ တာဝန်ယူမှ ကျမတို့ လက်ခံသွားမယ်၊ အဲလိုတော့ ကျောင်းသားမိဘတွေကို ပြောထားတယ်” ဟုပြောသည်။

    ကျောင်းသား မိဘကိုယ်တိုင်လာအပ်သည့်အတွက် လက်ခံရကြောင်း၊ ကျုရှင်သင်သည့် သဘောမျိုးမဟုတ်ဘဲ ကလေးများကို စာစစ်သွားသည့် သဘောမျိုး ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
    ပညာရေး ဝန်ကြီးဌာနအနေဖြင့် ပညာရေးဝန်ထမ်းများ ကျူရှင်သင်ကြားခွင့်ပိတ်ပင်ထားကြောင်း နှစ်စဉ်နှစ်တိုင်း တရားဝင် ထုတ်ပြန်ထားသော်လည်း ယနေ့ထိတိုင် သင်ကြားနေဆဲဖြစ်ကြောင်း သိရသည်။

    ကျောင်းသားမိဘတစ်ဦး က “ကလေးတွေကို ကျူရှင် မပေးတက်စေချင်ဘူး၊ ဘာလို့လဲဆိုတော့ ကလေးတွေ အချိန်ပြည့် စာပဲလုပ်နေရတယ်ဆိုတော့ နားချိန်မရှိဘူးလေ၊ ကျူရှင်မရှိဘဲနဲ့ သူတို့ကို လွတ်လွတ်လပ်လပ် ပေးနေစေချင်တယ်” ဟု ပြောသည်။

    ပညာရေး ဝန်ထမ်း ဆရာ/ ဆရာမများ၏ လစာငွေတိုး၍ ထောက်ပံ့သွားလျှင် ကျူရှင်သင်ကြားသည့်စနစ် အနည်းငယ်လျော့ကျသွားမည်ဖြစ်ကြောင်း ဦးမျိုးတင့်အောင်က သုံးသပ်ပြောကြားသည်။

    ပညာရေး ဝန်ကြီးဌာအနေဖြင့် ကျူရှင်သင်ကြားခွင့် မပြုသည့် ညွှန်ကြားချက်ကို ၁၉၉၀ ခုနှစ်ကတည်းက အမိန့်ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း သိရသည်။

    သို့ရာတွင် ကျန်းမာရေးဝန်ထမ်းဖြစ်သော ဆရာဝန်များ အပြင်ဆေးခန်းဖွင့်လှစ်ပြီး ဝင်ငွေရှာနေကြသည့်ကိစ္စအား သက်ဆိုင်ရာမှ ကန့်သတ်ထားခြင်းမပြုဘဲ ပညားရေးဝန်ထမ်းများအပေါ် ကျူရှင်သင်ကြားမှု တဖက်သတ်တားမြစ်ပိတ်ပင်ခြင်းအပေါ် ကာတွန်းဆရာများ သရော်လှောင်ပြောင်ထားကြသည်ကို ဂျာနယ် နှင့် Online Media များတွင် တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts