spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ဒေသမြေယာအခွင့်အရေး တိုက်တွန်းနှိုးဆော်ချက်အစီရင်ခံစာ HURFOM ထုတ်ဝေ

    မွန်ဒေသမြေယာအခွင့်အရေး တိုက်တွန်းနှိုးဆော်ချက်အစီရင်ခံစာ HURFOM ထုတ်ဝေ

    -

    မွန်ဒေသရှိ ဒေသခံတောင်သူများနှင့် အရပ်ဖက်အဖွဲ့စည်းများ နှီးနှောဖလှယ်ပွဲပြုလုပ်၍ ထွက်ရှိလာသော ရလဒ် ကိုစုပေါင်းပြီး မြေယာအခွင်းအရေးနှင့်ဆိုင်ရာ တိုက်တွန်းနှိုးဆော်ချက် အစီရင်ခံစာကို မွန်ပြည်လူ့အခွင့်ရေး ဖောင်ဒေးရှင်း HURFOM က ဇွန်လတတိယအပတ်တွင် ထုတ်ဝေခဲ့သည်။

    မွန်ဒေသမြေယာနှုိးဆော်ချက်အစီရင်ခံစာ မျက်နှာဖုံး(Copy)
    မွန်ဒေသမြေယာနှုိးဆော်ချက်အစီရင်ခံစာ မျက်နှာဖုံး(Copy)

    အဆိုပါ အစီရင်ခံစာသည် ကျိုက်မရော၊ ပေါင်၊ ကျိုက်ထို၊ ဘီလင်းနှင့် ချောင်းဆုံမြို့နယ်များမှ ဒေသခံ ၇၀ ခန့်က လွန်ခဲ့သည့်မေလ ၁၄-၁၅ (၂) ရက်တာ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ ပိုင်ခေတ်ခန်းမတွင် ဆွေးနွေးခဲ့ပြီး ထွက်ရှိလာသော အသံများကို အစီရင်ခံစာ ထုတ်ဝေထားခြင်းဖြစ်သည်။

    မွန်ပြည်လူ့အခွင့်ရေး ဖောင်းဒေးရှင်းမှ ပရိုဂရမ် မန်နေဂျာ နိုင်စဝေါမွန် က “မွန်ဒေသမှာ မြေယာအခွင့်အရေး ဆုံးရှုံးနေတဲ့အကြောင်းကို တိုက်တွန်းချင်တာပါ။ မြေယာဥပဒေတွေ မြေယာပေါ်လစီတွေဟာ အားနည်းချက်ရှိ နေသေးလို့ ပြန်လည်ပြုပြင်ရေးသားဖို့ တိုက်တွန်းချင်တာရယ်၊ နောက်ပြီး မွန်ဒေသနှင့် ဆက်စပ်တဲ့ ‘မွန်မြေယာ ပေါ်လစီ’ တရပ်ကို အားလုံးပါဝင်ရေသားနိုင်ဖို့ တိုက်တွန်းချင်လို့ ဒီအစီရင်ခံစာကို ထုတ်ဝေရတာပါ” ဟု ဆိုသည်။

    မွန်ဒေသမြေယာအခွင့်အရေးဆိုင်ရာ တိုက်တွန်းနှိုးဆော်ချက် အစီရင်ခံစာတွင် မွန်ဒေသ မြေယာပဋိပက္ခ ဖြေရှင်းနိုင်ရေး အကြံပြုချက်များပါရှိပြီး မွန်ပြည်သစ်ပါတီနှင့် မွန်လူမှုအဖွဲ့အစည်းများ ပူးပေါင်းပြီး မွန်မြေယာ မူဝါဒရေးသားနိုင်ရန် လုပ်ငန်းစဉ်ဆွေးနွေးချက်များနှင့် ဆက်လက်အကောင်အထည် ဖော်နိုင်ရန်အတွက် ပြင်ဆင်နေပြီဖြစ်ကြောင်း နိုင်စဝေါမွန်က ဆက်ပြောသည်။

    မြေယာမှုခင်း ကူညီဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးမြင့်သွင် က “ကျနော်အကြံပြုချင်တာ ရင်းနှီးမြုပ်နှံမှု တခုခုဝင်လာပြီးဆိုရင် ဝင်လာမယ့် အချိန်ကို သိနေရမယ်။ သိနေတဲ့အတွက် လူမှုအဖွဲ့အ စည်းတွေ၊ ပါတီအဖွဲ့အစည်းတွေ၊ အစိုးရဌာနတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေက မိရိုးဖလာ ဓားမဦးချစိုက် ပျိုးနေတဲ့ တောင်သူတွေကို အာမခံချက်ရှိအောင် မြေနဲ့ပတ်သက်တဲ့ အထောက်အထား ခိုင်မာအောင် ချက်ချင်း ကူညီပေးရမယ်” ဟု ဆိုသည်။

    မြေယာမှတ်ပုံတင် ပုံစံ (၇) ရရှိစေရန်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ပုံစံ (၇) ရမှသာလျင် သားစဉ်မြေးဆက် ပိုင်ဆိုင်မှုခိုင်မာမည်ဖြစ်သည့်အတွက် အထောက်အထားခိုင်မာအောင် လုပ်ရန်လိုကြောင်း၊ အထောက်အထားမရှိရင် အားနည်းချက်ရှိကြောင်း၊ ကိုယ်ကလည်း ဥပဒေဘောင်ထဲမှာနေရမည်ဖြစ်ပြီး ဥပဒေကိုလိုက်နာရမည်ဖြစ်ကြောင်းနှင့် ဥပဒေအ ကာအကွယ်နှင်း ဥပဒေကပေးသည့် ရပိုင်ခွင့်ကိုလည်း ရအောင်ယူရမည်ဟု ဦးမြင့်သွင်က ဆက်ပြောသည်။

    အဆိုပါအစီရင်ခံစာတွင် ၁- လက်ရိှ မြေယာဆိုင်ရာဥပဒေနှင့် နည်းဥပဒေများသည် တောင်သူလယ်သမား၊ မြေယာအသုံးချသူများ၏ အကျိုးစီးပွားကို အကာအကွယ်မပေးနိုင်ခြင်း၊ ၂- မြေယာပြဿနာတွင် စစ်တပ်အပြင် ဝန်ကြီးဌာနပေါင်းစုံ ပါဝင်ပတ်သက်နေခြင်း၊ ၃- တောင်သူလယ်သမားများက မြေယာဥပဒေကို နားလည်သိ ကျွမ်းခြင်း မရှိခြင်း၊ ၄- မြေယာသိမ်းယူခံရမှုဆိုင်ရာ ထိခိုက်နစ်နာမှုများ၊ ၅- မြေယာသိမ်းယူခြင်းခံခဲ့ရသော တောင်သူလယ်သမားတို့၏ ဆန္ဒအသံများ ၆- မြေယာပြဿနာအတွက် လုပ်ဆောင်ရမည့် အနာဂတ်လုပ် ငန်းစဉ်များ ဖော်ပြပါရှိသည်။

    မွန်ပြည်လူ့အခွင့်ရေး ဖောင်ဒေးရှင်း Human Rights Foundation of Monland- HURFOM ကို နယ်စပ်အခြေစိုက် မွန်ကျောင်းသားနှင့် လူငယ်များက ၁၉၉၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး မွန်တိုင်းရင်းသားအများစုနေထိုင်သည့်ဒေသမှ အဓ္ဓမလုပ်အားပေးစေခိုင်းမှု၊ မြေယာသိမ်းဆည်းမှု၊ သတ်ဖြတ်ညှင်းပမ်းနှိပ်စက်မှု၊ အမျိုးသမီးများအပေါ်မတရားပြုကျင့်မှုနှင့် ကလေးအခွင့်အရေး တို့ကိုလှုပ်ရှားနှုိးဆော်ပြီး နိုင်ငံတကာသို့ အစီရင်ခံစာရေးသားတင်ပြနေသည့် အဖွဲ့အစည်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks