spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်တောင်ပိုင်း ဆင်ကူးရွာထိပ်တံတားကျိုး၊ နယ်လုံဝန်ကြီးကားတန်း ပိတ်မိခဲ့

    ရေးမြို့နယ်တောင်ပိုင်း ဆင်ကူးရွာထိပ်တံတားကျိုး၊ နယ်လုံဝန်ကြီးကားတန်း ပိတ်မိခဲ့

    -

    မိုးသည်းထန်ပြီး တောင်ကျရေစီးဆင်းမှု ပြင်းထန်သောကြောင့် ရေးမြို့နယ် ရေး – ခေါဇာလမ်းပိုင်းရှိ ဆင်ကူးရွာထိပ် ဘုရားကုန်းဆင်း လယ်ကွင်းထိပ်တံတားတစ်စင်း ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျိုးပျက်နစ်မြုပ်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

    ယာယီလူကူးတံတား ထိုးနေစဉ်(MNA)
    ယာယီလူကူးတံတား ထိုးနေစဉ်(MNA)

    တံတား ပျက်စီးမှုကြောင့် ကဗျာဝတံတား ယိုယွင်းပျက်စီးမှု အခြေအနေကို လာရောက်လေ့လာ စစ်ဆေးသော မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးနှင့်အဖွဲ့ ယာဉ်တန်းမှာ ဆင်ကူးကျေးရွာတွင် ပိတ်မိနေပြီး ယာယီလူကူးတံတား ပြုလုပ်ကာ ညနေ ၄ နာရီအချိန်ခန့်တွင် ဖြတ်သန်းခဲ့ရသည်ဟု ယင်းခရီးစဉ်တွင် လိုက်ပါလာသည့် ကဗျာဝကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြတ်စိုးအောင်က ပြောသည်။

    သူက “မိုးကလည်း အရမ်းကြီးပြီး တောင်ကျရေကလည်း တအားကြမ်း၊ ရေလမ်းကျော်လို့ တံတားရော လမ်းတာဘောင်ရော ရေထဲမျောသွားတာ” ဟု ပြောသည်။

    ယင်းတံတားသည် အရှည် ၁၅ ပေ ကွန်ကရစ်တံတားတစ်စင်း ဖြစ်ပြီး၊ ရေး-ခေါဇာ-မန်ကျီး လမ်းပိုင်း မိုင်တိုင် (၃/၅) တွင် တည်ရှိသည်။

    ယင်းတံတားသည် ထိုလမ်းပိုင်းတွင် အဓိကတံတားတစ်စင်းဖြစ်နေသည့်အတွက် လက်ရှိတွင် လမ်းဦးစီးဌာနအနေဖြင့် ထိုနေရာတွင် ဘေလီတံတား ထိုးရန် စီစဉ်နေသည်ဟု သိရသည်။

    ရေးမြို့ မိုးလေဝသစခန်း၏ တိုင်းထွာချက် မှတ်တမ်းအရ ဇွန်လ ၁၁ ရက်နေ့တွင် မိုးရေချိန် ၉.၂၁ လက်မ နှင့် ဇွန်လ ၁၂ ရက်နေ့တွင် ၁၀ လက်မ ရှိကြောင်း သိရသည်။

    မိုးအဆက်မပြတ် ရွာသွန်းပြီး ၄၈ နာရီအတွင်း မိုးရေချိန် လက်မ ၂၀ ခန့် ရွာသွန်းမှုကြောင့် ရေးမြို့နယ် တောင်ပိုင်းရှိ ဟံဂံကျေးရွာတွင်လည်း ဇွန်လ ၁၁ ရက်နေ့ ညပိုင်းမှ စ၍ ဇွန်လ ၁၂ ရက်နေ့ထိ ရေကြီးရေလှျံမှုနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

    အလားတူ ဒီရေကျချိန် တောင်ကျရေ တိုက်စားမှုကြောင့် မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း၊ ခေါဇာမြို့၊ ကဗျာဝကျေးရွာအ၀င်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (နတလ) ရန်ပုံငွေဖြင့် တည်ဆောက်ထားသည့် အရှည် ၃၇၅ ပေရှိ ကဗျာ၀ကွန်ကရစ်တံတား၏ တိုင်အမှတ် P-5 သည်လည်း ဇွန်လ ရ ရက်နေ့ ညနေပိုင်းမှ စ၍ ၁ ပေ၀န်းကျင်ခန့် နိမ့်ကျသွားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks