spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းကျုးကျော်များကို စီမံချက်ဥပဒေနဲ့အညီ ဆောင်ရွက်သွားမည်ဟု မွန်ဝန်ကြီးချုပ်ဆို

    ကျုးကျော်များကို စီမံချက်ဥပဒေနဲ့အညီ ဆောင်ရွက်သွားမည်ဟု မွန်ဝန်ကြီးချုပ်ဆို

    -

    မော်လမြိုင်မြို့သာယာလှပရေးအတွက် ကျုးကျော်များကို စီမံချက်နဲ့အညီ ဖြေရှင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော်အထူးအစည်းအဝေးပွဲ၌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ပြောကြားခဲ့သည်။

    မွန်ပြည်နယ် ဝန်ကြီးချုပ် မင်းမင်းဦး(မွန်ပြည်နယ်လွှတ်တော်)
    မွန်ပြည်နယ် ဝန်ကြီးချုပ် မင်းမင်းဦး(မွန်ပြည်နယ်လွှတ်တော်)

    မွန်ပြည်နယ်ဝန်ကြီးချုပ်က “ကျုးကျော်တွေနဲ့ပတ်သက်ပြီး ရှင်းလင်းရေးလုပ်ငန်းတွေကို စီမံချက်နဲ့ဆောင်ရွက်လှျက်ရှိပြီး ဥပဒေနဲ့အညီ စစ်ဆေးအရေးယူခြင်းအားဖြင့် မြို့သာယာလှပရေးကို အထောက်အကူပြု့နိုင်စေပြီး ပြည်သူတွေယာဉ်အန္တရယ်ကင်းရှင်းစွာဖြင့် သွားလာနိုုင်ရေးဆောင်ရွက်သွားမည်” ဟု ဦးမင်းမင်းဦးက ဆိုသည်။

    ပြည်နယ်လွှတ်တော်အထူးအစည်းအဝေးပွဲကို မေလ(၂)ရက်နေ့တွင် လွှတ်တော်ရုံး၌ ကျင်းပပြု့လုပ်ခဲ့ရာ မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်က မြို့တော်သာယာရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်မည့်အစီစဉ်များကို တင်ပြခဲ့ခြင်းဖြစ်သည်။

    အလားတူ ပြည်နယ်ဖွ့ံဖြိုးရေးဆောင်ရွက်ရေးလုပ်ငန်းများ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ပြည်နယ်လွှတ်တော်အစည်းအဝေး တက်ရောက်လာသူ များကို ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့သည်။

    ထိုကဲ့သို့ မော်လမြိုင်မြို့ဖွ့ံဖြိုးသာယာရေးဆောင်ရွက်ရာ၌ ကျုးကျော်များကို အစိုးရအနေဖြင့် ငြင်သာစွာ ဖြေရှင်းဆောင်ရွက်ရန်လိုအပ်ပြီး အကြမ်းဖက်ဆောင်ရွက်ခြင်းကို ရှောင်ရုားဖို့လိုကြောင်း မွန်အမျိုးသားပါတီ MNP ဥက္ကဌ နိုင်ငွေသိမ်းက မွန်သတင်းအေဂျင်စီ MNA သို့ ပြောသည်။

    နိုင်ငွေသိမ်းက “ကျုးတွေကု်ိ ဥပဒေအရရော၊ တွေ့ဆုံအဖြေရှာခြင်းတွေနဲ့ ဖြေရှင်းသင့်ပါတယ်၊ ဥပဒေအရဆိုပြီး အကြမ်းဖက်တဲ့ လုပ်ရပ်ကိုတော့ ရှောင်ရှားဖို့ လိုတယ်” ဟု ဆိုသည်။

    သို့ရာတွင် မွန်ပြည်နယ် အစိုးရအနေဖြင့် ဧပြီလ ၁ ရက်နေ့မှဇူလိုင်လ ၉ ရက်နေ့အထိ ရက် ၁၀၀ အတွင်းဆောင်ရွက်မည့် ၁၁ ချက်ပါ လုပ်ငန်းများကို မေလ ၃၁ ရက်နေ့တွင် မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ရှင်းလင်းပွဲပြုလုပ်ခဲ့စဉ် ကျုးကျော်များကို စီမံချက်နဲ့အညီ ဖြေရှင်းဆောင်ရွက်သွားမည့်အစီအစဉ်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

    လက်ရှိ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးသည် မွန်ပြည်နယ်အစိုးရအဖွဲ့ ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနကိုလည်း ပူးတွဲတာဝန်ထမ်းဆောင်လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks