Homeသတင်းLong Life Aggregate Co.Ltd ၏ ကျောက်ထုတ်လုပ်ငန်းကို မွန်လွှတ်တော်ပြန်လည်စီစစ်မည်

Long Life Aggregate Co.Ltd ၏ ကျောက်ထုတ်လုပ်ငန်းကို မွန်လွှတ်တော်ပြန်လည်စီစစ်မည်

-

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း Long Life Aggregate Co.Ltd ၏ ကျောက်ထုတ်လုပ်ငန်းကို ပြည်နယ်လွှတ်တော် ပြန်လည်စီစစ်မည်ဖြစ်ကြောင်း ဇွန်လ ၃ ရက်နေ့ မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၆) ဒုတိယနေ့တွင် ဆုံးဖြတ်ခဲ့သည်။

ကုလားမတောင်ကြိုးဝိုင်း၊ ကျောက်ထုတ်လုပ်ငန်း(MNA)
ကုလားမတောင်ကြိုးဝိုင်း၊ ကျောက်ထုတ်လုပ်ငန်း(MNA)

ပေါင်မြို့နယ် အမှတ် ၂ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး က မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/ ၂၀ ၁၆) မထမနေ့တွင် ပေါင်မြို့နယ်ရှိ ကျောက်မိုင်းကိစ္စကိုပြန်လည်စီစစ်ရန် အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

ဦးဇော်ဇော်ထူးက “ကျောက်ထုတ်ရန်အတွက် မြေသားများဖယ်ရှားရာတွင် စမ်းချောင်းအတွင်းသို့ မြေသားများ ဝင်ရောက်ခြင်း၊ ကျောက်မိုင်းမှ ထွက်ရှိလာသော နုန်းများသည် ဥယဉ်ခြံမြေများသို့ ဝင်ရောက်ခြင်း၊ ချောင်း မြောင်းများပိတ်ဆို့ တိမ်ကောသွားခြင်းများဖြစ်ပေါ်နေသည်” ဟု ဆိုသည်။

အဆိုပါ ကျောက်မိုင်းကို ရပ်တန့်ပေးရန်အတွက် ဒေသခံများက ၁၂-၈-၂၀၁၄ တွင် ကန့်ကွက်လက်မှတ် ၂၅၀ဝ ကျော်၊ ၂၉-၁၂-၂၀၁၅ တွင် ကန့်ကွက်လက်မှတ် ၈၀ဝ ကျော်၊ ၂၂-၁-၂၀၁၆ ကန့်ကွက်လက်မှတ် ၁၀ဝ၀ ကျော် ဖြင့် သက်ဆိုင်ရာအစိုးရဌာနများသို့ ကန့်ကွက်ထားကြောင်း ဦးဇော်ဇော်ထူး က ဆက်ပြောသည်။

ကျိုက်ထိုမြို့နယ် အမှတ် ၂ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးဇံက “ကျောက်မိုင်းထုတ်လုပ်ငန်းဟာ မွန်ပြည်နယ်ရဲ့ ကုန်ထုတ်လုပ်ငန်းတခုဖြစ်သလို အလုပ်အကိုင်အခွင့်လမ်းကိုလည်း တတ်နိုင်သလောက်ဖန်းတီပေးတဲ့ လုပ်ငန်းလည်းဖြစ်ပါတယ်။ ဆောက်လုပ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးအတွက် မရှိမဖြစ်လိုအပ်ပါတယ်၊ ထိုကြောင့် ကုန်ထုတ်လုပ်ရန်အတွက် များစွာခွင့်ပြုခဲ့သလို တဖက်မှာလည်း လူမှုရေးကိစ္စများ သဘာပတ်ဝန်းကျင်ထိခိုက် မှုအနည်းဆုံးနှင့် လုံခြုံစိတ်ချမှု ရရှိရေးအတွက် ချိန်ခွင်လျှာမျှတစွာ ထိန်းသိမ်းကြီးကြပ်ရန် အရေးကြီးကြောင်း” ထောက်ခံ ဆွေးနွေးခဲ့သည်။

Long Life Aggregate Co.Ltd သည် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကုလားမတောင်ကြိုးဝိုင်း၊ ကွင်းအမှတ် ၄၆ မြေဧရိယာ ၂၂၅ ဧကတွင် ကျောက်ထုတ်လုပ်လျက်ရှိသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၆) တွင် လွှတ်တော်ကိုယ်စားလှယ်များမှ မေးခွန်း ၁၇ ခု မေးမြန်းခဲ့ပြီး အဆို ၅ ရပ်တင်သွင်းရာ အဆိုအားလုံးကိုလွှတ်တော်က အတည်ပြုခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts