Homeသတင်းမွန်ပြည်နယ်မိုးစပါးစိုက်တောင်သူများအတွက် ချေးငွေများ စတင်ထုတ်ပေး

မွန်ပြည်နယ်မိုးစပါးစိုက်တောင်သူများအတွက် ချေးငွေများ စတင်ထုတ်ပေး

-

မွန်ပြည်နယ်အတွင်း မိုးစပါးစိုက်တောင်သူများအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ လယ်တစ်ဧက ကျပ်ငွေ (၁၅၀ဝ၀ဝ) နှုန်းဖြင့် ၁၀ ဧကအထိ ချေးငွေများ ထုတ်ပေးနေကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ပြည်နယ်မန်နေဂျာ ဦးခင်မောင်စိုးထံမှ သိရသည်။

ယင်းသို့ ချေးငွေထုတ်ပေးရာတွင် ငွေ ၁၀ဝ ကျပ် တစ်နှစ် ၈ ကျပ် အတိုးနှုန်းဖြင့် လယ်သမားများမှ ပြန်လည်ပေးချေရမည်ဖြစ်ကြောင်းကို သူကဆက်ပြောသည်။

ဓါတ်ပုံ - မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ပြည်နယ်မန်နေဂျာနှင့် မိုးစပါးစိုက်တောင်သူများ တွေ့ဆုံစဉ် (MNA)
ဓါတ်ပုံ – မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ပြည်နယ်မန်နေဂျာနှင့် မိုးစပါးစိုက်တောင်သူများ တွေ့ဆုံစဉ် (MNA)

ဦးခင်မောင်စိုးက “ဒီနှစ်ပိုင်းတွေမှာ ပုံစံ ၇ တွေလည်းထုတ်ထားပေးတယ်၊ပြီးတော့ တစ်ဧကကို တစ်သိန်းခွဲနှုန်းနဲ့ ထုတ်ချေး ပေးတော့ ချေးငွေထုတ်မယ့်လူတွေတိုးလာဖို့ရှိပါတယ်။ မေလကနေ စက်တင်ဘာလအထိထုတ်ချေးရာသီ အနေနဲ့သတ်မှတ်ထားတယ်။ သီးနှံပေါ်ချိန် ငွေရွှင်ချိန်မှာတော့ သူတို့ပြန်ဆပ်ရမှာပေါ့။ ဇန်နဝါရီလ လောက် မှာပေါ့” ဟု ပြောသည်။

စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးမူမရှိပါက လယ်သမားများအခက်အခဲရှိကြောင်း၊ အချို့သော လယ် သမား သားသမီးများ တစ်ဖက်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသဖြင့် လယ်ယာလုပ်ငန်းတွင် အလုပ်သမားငှားရမ်းစရိတ်များစွာ ကုန်ကျနေကြောင်း လယ်သမားများမှ သိရသည်။

လယ်ပိုင်ရှင် ဦးမြအေးက “ဒီကချေးငွေတွေမရရင် အခက်တွေ့ပါတယ်၊ ဘာလို့ လည်းဆိုတော့ ဦးတို့ဆီက စပါးကလည်း အထွက်နည်းတော့ လူငှားပြီးတော့လုပ်ဖို့ကလည်း စရိ်တ်မရှိဘူးလေ။ အခုလိုထုတ်ချေးပေးတော့ ကျေးဇူးတင်ရတာပေါ့” ဟုပြောသည်။

ချေးငွေများပြန်လည်ပေးချေနိုင်ရန် မတ်လအထိ နောက်ဆုံးထားပြီး သတ်မှတ်ထားကြောင်း၊ ချေး ငွေထုတ်ယူသည့် လယ်သမားအရေအတွက်သည်လည်း နှစ်စဉ်တိုးလာနေကြောင်းနှင့် ယခင်နှစ်များတွင် ချေးငွေထုတ်ချေးမှု ဧကပေါင်း သုံးသိန်းနီးပါးခန့်ရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

မွန်ပြည်နယ်တွင် မိုးစပါးစိုက်ပျိ်ုးဧကပေါင်း ၇ သိန်းနီးပါးခန့်ရှိကြောင်း နှစ်စဉ်ချေးငွေထုတ်ယူသူ လယ်သမားဦးရေ လေးသောင်းကျော်ခန့်ရှိနေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts