spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းသုဝဏ္ဏဘူမိမြို့ဟောင်း ထိန်းသိမ်းရေးငွေကျပ်သိန်း ၁၅၀ဝ နီးပါးချထားပေးသည်ဟုဆို

    သုဝဏ္ဏဘူမိမြို့ဟောင်း ထိန်းသိမ်းရေးငွေကျပ်သိန်း ၁၅၀ဝ နီးပါးချထားပေးသည်ဟုဆို

    -

    ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်ရှိ သုဝဏ္ဏဘူမိမြို့ဟောင်း ထိန်းသိမ်းရေးလုပ်ငန်းအတွက် နိုင်ငံတော်ဘတ်ဂျက်ငွေ သိန်းပေါင်း ၁၅၀ဝ နီးပါးချထားပေးကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ယဉ်ကျေးမှုပြတိုက် ( မော်လမြိုင်) မှ သိရသည်။

    ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ယဉ်ကျေးမှုပြတိုက် ( မော်လမြိုင်)(MNA)
    ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ယဉ်ကျေးမှုပြတိုက် ( မော်လမြိုင်)(MNA)

    မွန်ပြည်နယ် ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဦးစီးမှူး ဦးအောင်နိုင်မိုး က “နိုင်ငံတော်က ချထားပေးတာ သိန်း ၁၄၅၀ ရှိတယ်၊ သုဝဏ္ဏဘူမိ တူးဖော် ထိန်းသိမ်းရေး လုပ်ငန်းပဲ၊ အားလုံးက ထိန်းသိမ်းရေး လုပ်ငန်းတွေပဲ လုပ်သွားမယ်” ဟုပြောသည်။

    သုဝဏ္ဏဘူမိမြို့ဟောင်း ထိန်းသိမ်းရေးလုပ်ငန်းတစ်ခုသာ နိုင်ငံတော် ဘတ်ဂျက်ငွေ ချထားပေးကြောင်း၊ တူးဖော်ရေး လုပ်ငန်းများ မလုပ်ရသေးကြောင်း၊ ပြီးခဲ့သည့်နှစ်က တူးထားသည့် ကုန်းနံပါတ် ၁၁ ကိုလည်း သုတေသနလုပ်ရန် ၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ထပ်မံတူးသွားရန် ရှိကြောင်း၊ ကျန်ရှိနေသည့် အုတ်ရိုးများကို ပြန်လည်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း နှင့် သထုံဘက်ရှိ မြို့ရိုးကိုလည်း ယခုနှစ်တွင်တင်ဒါစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

    နှစ်ရှည်သီးနှံပင်များ စိုက်ထားသည့်အတွက် တူးဖော်ရေးလုပ်ငန်းဆောင်ရွက်ရန် မြေနေရာ အခက်အခဲရှိနေကြောင်း၊ မြေနေရာ ရရှိမှုအပေါ်မူတည်ပြီး တူးဖော်ရေး လုပ်ငန်များ ဖြည်းဖြည်းချင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

    သုဝဏ္ဏဘူမိမြို့ဟောင်း တူးဖော်ထိန်းသိန်းရေးအတွက် ဖောင်ဒေးရှင်းတစ်ခု ဖွဲ့စည်းသွားရန် အစီအစဉ် ရှိနေကြောင်း ( မွန်ပြည်နယ် ယဉ်ကျေးမှုဝန်ကြီးဌာန တာဝန်ခံဟောင်း) ဒေါက်တာ မင်းနွယ်စိုး ကပြောသည်။

    “ဖောင်ဒေးရှင်းတစ်ခု ဖွဲ့စည်းသွားဖို့ စဉ်းစားထားပါတယ်၊ ဒါပေမယ့် အခုအချိန်ထိ မလုပ်ရသေးဘူး၊ လူအင်အား၊ ငွေကြေးအင်အား၊ ပညာရှင်အင်အားတွေ ပြည့်စုံမှ သွားလို့ရမယ်” ဟု ပြောသည်။

    သုဝဏ္ဏဘူမိမြို့ဟောင်းကို ၁၉၇၅၊ ၇၆၊ ၇၈ ခုနှစ်များတွင်တူးဖော်ခဲ့ပြီး ၂၀၁၀ အစိုးရတက်လာသည့်နောက်ပိုင်း ပြည်ထောင်စု ယဉ်ကျေးမှုဝန်ကြီးဌာန၏ ခွင့်ပြုချက်ရန်ပုံငွေဖြင့် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ကျပ်သိန်း ၃၀ဝ ကိုလည်းကောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ကျပ်သိန်း ၈၀ဝ ကိုလည်းကောင်း နှစ်ကြိမ်တိတိ တူးဖော်ခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks