spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းရေးတောင်ပိုင်း မွန်ချမ်းဓါးပြအဖွဲ့ လက်နက်ချအလင်းဝင်တော့မည်

    ရေးတောင်ပိုင်း မွန်ချမ်းဓါးပြအဖွဲ့ လက်နက်ချအလင်းဝင်တော့မည်

    -

    မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်တို့တွင် လှုပ်ရှားလျက်ရှိသော မွန် ချမ်းဦးစီးသည့် ဓါးပြအဖွဲ့ လာမည့်မေလ ရ ရက်နေ့တွင် တနသာင်္ရီတိုင်းဒေသကြီးရှိ တပ်မတော် ခမရ (၂၈၀) တပ်ရင်းထံ လက်နက်ချ အလင်းဝင်တော့မည်ဟု ခိုင်လုံသောသတင်းရင်းမြစ်မှ သိရသည်။

    ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့တွင် ရေဖြူမြို့နယ် ကင်းမွန်ချောင်းကျေးရွာရှိ ဘုန်းကြီးကျောင်း၌ ခမရ ၂၈၀ တပ်ရင်းမှ တပ်မတော်အရာရှိနှှင့် နတ်ကြီးစင်၊ ပေါက်ပင်းကွင်း၊ ကင်းမွန်ချောင်းကျေးရွာတို့မှ ရပ်မိရပ်ဖများနှင့် မွန်ချမ်းအဖွဲ့မှ စေလွှတ်ထားသည့် ကိုယ်စားလှယ် ၃ ဦးတို့ တွေ့ဆုံညှိ နှိုင်းခဲ့ရာ မွန်ချမ်းအပါအဝင် အဖွဲ့ဝင်အင် အား ၂၀ ဦးနှင့် လက်နက် (၁၂) လက်တို့ဖြင့် အပ်နှံ အလင်းဝင်ရန် နှစ်ဖက်သဘောတူထားသည် ဟု သိရသည်။

    တပ်မတော်နှင့်ဓါးပြအဖွဲ့ နှစ်ဖက်ကိုယ်စားလှယ် တွေ့ဆုံညှိ နှိုင်းနေစဉ် (GS)
    တပ်မတော်နှင့်ဓါးပြအဖွဲ့ နှစ်ဖက်ကိုယ်စားလှယ် တွေ့ဆုံညှိ နှိုင်းနေစဉ် (GS)

    အမည်မဖော်လိုသူ ပေါက်ပင်းကွင်ကျေးရွာ ဒေသခံတစ်ဦးက “သူတို့အလင်းဝင်အခမ်းအနားက လာမယ့် တန်ခူးလဆုတ် ၁၄ ရက်(မေ ၇) နေ့ကျရင် ကင်းမွန်ချောင်းမှာ ပြုလုပ်မယ်လို့ ပြောထားတယ်၊ သူတို့ပြောတဲ့ အဖွဲ့ဝင် အင်းအား ၂၀ နှင့် လက်နက် ၁၂ လက်တို့က တကယ်ပြည့်ချင်မှ ပြည့်မယ်” ဟု ပြောသည်။

    မွန်ချမ်းနှင့်အဖွဲ့ဝင်အင်းအား ၂၀ ဦးတို့သည် အလင်းဝင်ပြီးနောက် ပြည်သူ့စစ်တပ်ဖွဲ့ အဖြစ်သို့ ပြောင်းလဲဖွဲ့စည်း၍ ပေါက်ပင်းကွင်ကျေးရွာတွင် အခြေစိုက်နိုင်ရန် လတ်တလော၌ မြေနေရာ လိုက်လံရှာဖွေနေပြီဟု ၄င်းက ဆက်ပြောသည်။

    ဧပြီလ ၂၉ ရက်နေ့ နှစ်ဖက်တွေ့ဆုံညှိနှုိင်းချက်များအရ တပ်မတော်အနေဖြင့် ၄င်းတို့အဖွဲ့အား ပြည် သူ့စစ်အသွင်ဖြင့် တရားဝင်ရပ်တည်ဖွဲ့စည်းပေးရေး၊ ဒေသတွင်း ကျောက်မိုင်းလုပ်ငန်း လုပ်ကိုင်ခွင့်ပေးရေးနှင့် ၄င်းတို့၏ပယောဂကြောင့် ယခင်ဖမ်းဆီးထိန်းသိမ်းခြင်းခံရသူအားလုံးပြန်လွှတ်ပေးရေးစသည့် အချက် ၆ ချက်ပါဝင်သော တောင်းဆိုမှုများကို မွန်ချမ်းအဖွဲ့ဘက်မှ စေလွှတ်ထားသည့် ကိုယ်စားလှယ် ၃ ဦးတို့က တင်ပြခဲ့သည်ဟု ဒေသခံများက မွန်သတင်းအေဂျင်စီသို့ ပြောပြသည်။

    ဒေသခံတစ်ဦးကလည်း “သူတို့တောင်းဆိုထားတဲ့ အချက် ၆ ချက်ကို အစိုးရတပ်မတော်ဘက်က သဘောတူ နိုင်မှသာ သူတို့အဖွဲ့ (မွန်ချမ်းအဖွဲ့) အနေနဲ့ အလင်းဝင်နိုင်မယ်လို့ ပြောဆိုထားတယ်” ဟု ဆိုသည်။

    ရေးတောင်ပိုင်းနှင့် ရေဖြူမြို့နယ်တဝိုက်လှုပ်ရှားနေသော ပြန်ပေးဓါးပြအဖွဲ့အနက် မွန်ချမ်းအဖွဲ့သည် အင်အားတောင့်တင်းသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်ဟု သိရသည်။

    အဆိုပါ မွန်ချမ်းသည် ရေးတောင်ပိုင်းတွင် လှုပ်ရှားခဲ့သည့် ဓါးပြအဖွဲ့များကို နှိမ်နင်းရန် ၂၀၁၄ ခုနှစ်တွင် တပ်မတော်၏ အစီအစဉ်ဖြင့် နိုင်ဗင်း ဦးဆောင်သည့် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့သို့ ဒုခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ပြီး နောက်ပိုင်းတွင် နိုင်ဗင်းအဖွဲ့မှ ခွဲထွက်ကာ ဆက်ကြေးကောက်ခံခြင်း၊ ပြန်ပေးဆွဲခြင်း၊ ဓါးပြ တိုက်ခြင်းတို့ဖြင့် နာမည်ကျော်ဇောနေသူ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks