spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားပါတီ ဒု-ဥက္ကဋ္ဌ (၁) နေရာ အစားထိုးရွေးချယ်ခြင်းမပြုသေး

    မွန်အမျိုးသားပါတီ ဒု-ဥက္ကဋ္ဌ (၁) နေရာ အစားထိုးရွေးချယ်ခြင်းမပြုသေး

    -

    တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူထမ်းဆောင်နေသော မွန်အမျိုးသားပါတီ ဒု-ဥက္ကဋ္ဌ (၁) နိုင်သက်လွင်၏နေရာတွင် လတ်လလောအစားထိုးရွေးချယ်ခန့်အပ်ခြင်း မပြုသေးကြောင်း ပါတီဆုံးဖြတ်ချက်အရ သိရသည်။

    ဧပြီလ (၃၀) ရက်နေ့တွင် ကျင်းပသော မွန်အမျိုးသားပါတီ၏ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး၌ အစိုးရ အဖွဲ့တွင်တာဝန်ထမ်းဆောင်နေသော ပါတီဝင်များကို မူလတာဝန်များအတိုင်းခန့်ထားမည်ဖြစ်ကြောင်း ပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမက မွန်သတင်းအေဂျင်စီသို့ ပြောကြားသည်။

    “ကျွန်တော်တို့ပါတီက ကိုယ်စားလှယ်တွေ အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်နေတာဟာ မိတ်ဖက်အဖွဲ့အစည်း နဲ့ပူးပေါင်းလုပ်ဆောင်တာဖြစ်လို့ မူအရ လက်ခံတယ်။ လတ်တလောက နိုင်သက်လွင်ကို သူ့ရဲ့ပါတီတာဝန် ဒု-ဥက္ကဋ္ဌ (၁) အနေနဲ့ဒီအတိုင်းပဲ ဆက်ထားမယ်။ ပါတီစည်းမျဉ်းအရတော့ ဘာမှမဖြစ်ပါဘူး” ဟု နိုင်လယီတမက ပြောသည်။

    (ဝဲမှယာ) နိုင်သက်လွင်၊ နိုင်ငွေသိမ်း(MNA)
    (ဝဲမှယာ) နိုင်သက်လွင်၊ နိုင်ငွေသိမ်း(MNA)

    သို့ရာတွင် နိုင်သက်လွင်၏ ပြည်ထောင်စုဝန်ကြီးသက်တမ်းအတွင်း ပါတီလုပ်ငန်းစဉ်များ ဆောင်ရွက်ရန်အခက်ခဲရှိလာပါက ၎င်းနေရာအတွက် အစားထိုးတာဝန်ပေးအပ်ခြင်းကို စဉ်းစားဆောင်ရွက်သွား မည်ဖြစ်ကြောင်း သူကဆက်ပြောသည်။

    (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၅) အုပ်ချုပ်ရေး၏ ပြည်ထောင်စုအစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီး ဒု- ဝန်ကြီးများကို တာဝန်ပေးအပ်ခြင်းအတွက် ပုဒ်မ (၂၃၂/ဋ) အရ “ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံရေးပါတီတစ် ခုခု၏ အဖွဲ့ဝင်ဖြစ်လှျင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန် ပေးခြင်းခံရသည့်နေ့မှစ၍ မိမိရာထူးသက် တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ” ဟု ပြဌာန်းထားပါ ရှိသည်။

    သို့ရာတွင် လက်ရှိအစိုးရသက်တမ်းအတွင်း ပြည်ထောင်စုဝန်ကြီးတာဝန်ကို ထမ်းဆောင်နေရသော ဒု-ဥက္ကဋ္ဌ (၁) နေရာ အတွက် အစားထိုးဖြည့်စွက်ရွေးချယ်တာဝန်ပေးအပ်ရန် မွန်အမျိုးသားပါတီဝင်အချို့ ဆန္ဒရှိနေကြသည်ဟု သိရသည်။

    “ပါတီဥက္ကဋ္ဌကလည်း အသက်ကြီးနေပြီ၊ သိပ်ပြီး မလှုပ်ရှားနိုင်တော့ဘူး။ အခုဆိုရင် ဒုဥက္ကဋ္ဌတစ်ယောက်ထဲ ရှိနေတာ အလုပ်မလုပ်နိုင်ဘူး။ အစားထိုးခန့်အပ်ဖို့ သင့်နေပြီ၊ ရွေးချယ်တင်မြှောက်ဖို့က ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်တယ်” ဟု မွန်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်နှင့် လူငယ်တာဝန်ခံ မိစန္ဒာနွန်က ပြောသည်။

    ပါတီစည်းမျဉ်းစည်းကမ်းများအရ ထိပ်ပိုင်းခေါင်းဆောင်များကို ရွေးချယ်တာဝန်ပေးအပ်နိုင်ရန် ဗဟိုကော်မတီ အစည်းအဝေး (သို့မဟုတ်) ကြားဖြတ်ညီလာခံတစ်ရပ် ကျင်းပရန်လိုအပ်ပြီး ဗဟိုကော်မတီတို့၏ ဆုံးဖြတ်ချက် ဖြင့် အတည်ပြုရမည် ဖြစ်သည်။

    အဆိုပါ ပါတီသည် ၁၉၉၈ ခုနှစ်တွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF၊ ၂၀၁၂ခုနှစ်တွင် မွန်ဒီမိုကရေစီပါတီ MDP၊ ၂၀၁၃ ခုနှစ်တွင် မွန်အမျိုးသားပါတီ MNP ဟု ပါတီနာမည်အဆင့်ဆင့် ပြောင်းလဲသတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

    အလားတူ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP တွင်လည်း မကြာမီလပိုင်းက ကွယ်လွန်ခဲ့သော ဥက္ကဌ နိုင်သိုက်(နိုင်စိုက်) ၏ လစ်လပ်နေရာအတွက် အစားထိုးရွေးချယ်တင်မြောက်ခြင်း မပြုသေးကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks