spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းအစိုးရကျောင်းချိန်အတွင်း မွန်စာပေသင်ကြားနိုင်ရေး ကြိုးပမ်းနေ

    အစိုးရကျောင်းချိန်အတွင်း မွန်စာပေသင်ကြားနိုင်ရေး ကြိုးပမ်းနေ

    -

    လာမည့် (၂၀၁၆-၁၇) စာသင်နှစ်တွင် အစိုးရကျောင်းချိန်အတွင်း မွန်စာပေသင်ကြားနိုင်ရေး လွှတ်တော်ကိုယ်စားလှယ်များပါဝင်သည့် တိုင်းရင်းသားလူမျိုးရေးဆိုင်ရာကော်မတီနှင့် ပြင်ပမွန်စာပေပရှင်များနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ ကြိုးပမ်းနေကြောင်း သိရသည်။

    မွန်ပြည်နယ်ရှိ အစိုးရစာသင်ကျာင်းများတွင် မွန်စာပေသင်ကြားရေးကို ၂၀၁၃ ခုနှစ်တွင် ကျောင်းချိန်ပြင်ပ၌သာ စတင်သင်ကြားခွင့်ပြုခဲ့ပြီး အပိုဘာသာရပ်အဖြစ်သာ သတ်မှတ်ထားရှိခဲ့ခြင်း ဖြစ်သည်။

    မွန်ကျောင်းသားများ(Facebook)
    မွန်ကျောင်းသားများ(Facebook)

    မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက “အချိန်ကိုက်ပြီး တပြေးညီသင်ကြားသွားဖို့က ပညာရေးမှူးနဲ့ပိုဆိုင်တယ်၊ ဘာလို့လဲဆိုတော့ အချိန်ဇယားရေးဆွဲတာ ပညာရေးမှူးတွေနဲ့ သက်ဆိုင်တယ်၊ ပြည်နယ်လွှတ်တော်က ဆုံးဖြတ်လို့မရပါဘူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နဲ့အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးတွေ ပူးပေါင်းပြီး ပြည်ထောင်စုကို အဆိုတင်သွင်းမှ ရနိုင်မှာ” ဟုဆိုသည်။

    ထို့အတူ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီနှင့် ပြည်နယ်ပညာရေးဝန်ကြီးဋ္ဌာနတို့ တွေ့ဆုံဆွေးနွေးနေဆဲ ဖြစ်ရာ ၂၀၁၆ ဇွန်လ မတိုင်ခင် ဆုံးဖြတ်ချက်ကျမည်ဟု သူက ဆက်ပြောသည်။

    တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးထွန်းမင်းအောင်က “ကျနော်တို့ အစည်းအဝေးလုပ်တုန်းက လူမှုရေးဝန်ကြီးကလည်း သူ့အလုပ်ရိှလို့ မတတ်ရောက်နိုင်ခဲ့ဘူး၊ ပြည်နယ်ပညာရေးမှူးကလည်း အလုပ်ကြောင့် မလာနိုင်တော့ လက်ထောက်ညွှန်ကြားရေးမှူး ရောက်လာတယ်၊ မွန်စာပေ ကျောင်းချိန်အတွင်း သင်ကြားမှုနဲ့ ပက်သက်ပြီး အကြံတစ်ခုပေးသွားတာက ကိုင်းညွှန့်(ကာယ-ဖွံ့ဖြိုးရေး) အချိန်ကို ဝင်သင်နိုင်အောင်တောင်းဆိုရင် ရနိုင်ချေများမယ်လို့ ပြောသွားတယ်၊ ကျွန်တော်တို့က ကျောင်းချိန်အတွင်းရနေရင် တော်ပြီးဆိုတော့ ဘာဖြစ်ဖြစ် ဝန်ကြီးနဲ့ထပ်တွေ့ပြီး ကြိုးပမ်းသွားမယ်” ဟု ဆိုသည်။

    တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီသည် ဧပြီ ၂၅ ရက်၌ (ပထမရက်အစည်းအဝေး)မိတ်ဆက်ပွဲပြုလုပ်စဉ် တိုင်းရင်းသားစာပေသင်ကြားရေးအတွက် ဆွေးနွေးခဲ့ပြီးနောက် ဧပြီ ၂၈ ရက်၌ ပြည်နယ်လက်ထောက်ညွှန်ကြားရေးမှူးက ကိုင်းညွှန့်အချိန်၌ တောင်းဆိုလျှင် ရနိုင်ချေများသည်ဟု ပြောသည့်အတွက် တိုင်းရင်းသားကော်မတီမှ ထပ်မံကြိုးပမ်းသွားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

    ယခင်အစိုးရလက်ထက် တိုင်းရင်းသားလူမျိုးရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးစံတင်က “မွန်စာပေသင်ကြားရေးဖို့ အချိန်ဇယားကို လာမည့် နှစ်မှာ ကျောင်းချိန်ဇယားမှာ တစ်ချိန်လောက်် ရေးဆွဲပေးမယ်လို့ ရွေးကောက်ပွဲမတိုင်ခင်အထိ ပြည်နယ်ပညာရေးမှူးက ကတိပေးခဲ့တယ်” ဟု ဆိုသည်။

    ထို့အပြင် မွန်စာသင်ကြားရန် ဆရာကိုင်၊ တပည့်ကိုင် သင်ရိုးညွှန်းတမ်းစာအုပ်ကိုလည်း ရေးဆွဲထုတ်ဝေထာပြီဟု ၄င်းကဆက်ပြောသည်။

    အစိုးရကျောင်း၌ မွန်စာသင်ကြားနေသော အစိုးရဝန်ထမ်းဆရာ\ဆရာမများကို လာမည့် ပြီးခဲ့သည့် ဇန်နာဝါရီလ တတိယပတ်တွင် မွန်စာသင်ရိုးညွှန်းတမ်းကော်မတီက ဆရာ\ဆရာမပေါင်း (၄၀၀) ခန့်ကို သင်တန်းပို့ချခဲ့ပြီး ဖြစ်သည်။

    ၂၀၁၄-၁၅ ပညာသင်နှစ်တွင် မွန်ပြည်နယ်၌ ကျောင်းသူ ကျောင်းသား သုံးသောင်းကျော် တိုင်းရင်းသားစာပေ သင်ကြားလျက် ရှိကြောင်း ယခင်ပြည်နယ်အစိုးရအဖွဲ့ဟောင်း ယဉ်ကျေးမှုတာဝန်ခံ၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ပြောကြားခဲ့သည်။

    မွန်ပြည်နယ်အတွင်း မွန်လူမျိုးအများဆုံးနေထိုင်ရာဒေသများရှိ အစိုးရကျောင်းများ၌ မွန်စာသင်ကြားနေသည့်ကျောင်း (၂၅၈)ကျောင်တွင် ပြင်ပမွန်စာသင်ဆရာ/ဆရာမပေါင်း (၂၈၁)ဦး၊ အစိုးရဝန်ထမ်းမွန်စာသင် ဆရာ/ဆရာမပေါင်း (၂၀၆) ဦး ရိှသည်ဟု စာရင်းအရသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks