spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းယခုဘဏ္ဍာနှစ်အတွင်း ရေးမြို့နယ်သို့ အစိုးရလျှပ်စစ်မီး မရောက်နိုင်သေး

    ယခုဘဏ္ဍာနှစ်အတွင်း ရေးမြို့နယ်သို့ အစိုးရလျှပ်စစ်မီး မရောက်နိုင်သေး

    -

    ပုဂ္ဂလိကလျှပ်စစ်မီးဓါတ်အားသုံးစွဲနေရသည့် ရေးမြို့နယ်အတွက် ယခုဘဏ္ဍာနှစ်တွင် လျှပ်စစ်မီးမရရှိနိုင်သေးကြောင်း မွန်ပြည်နယ်အစိုးရ လျှပ်စစ်စွမ်းအင်နှင့် စက်မူဝန်ကြီးဌာန ဝန်ကြီးဦးမင်းထင်အောင်ဟန်က မော်လမြိုင်မြို့၌ ဧပြီလ ၂၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောသည်။

    လက်ရှိလျှပ်စစ်ဓါတ်အားလိုင်းကြိုးသည် သံဖြူဇရပ်မြို့နယ်အထိသာရောက်ရှိနေပြီး ထိုမှတစ်ဆင့် တနင်္သာတိုင်းဒေသကြီးသို့ သွယ်တန်းပြီးသည့်အချိန်မှသာလျှင် လျှပ်စစ်မီးရရှိနိုင်မည်ဟု ဆိုသည်။

    ဝန်ကြီးဦးမင်းထင်အောင်ဟန်က “တနင်္သာရီအထိမီးကြိုးတွေ သွယ်ဖို့ရှိတယ်၊ တစ်နိုင်ငံလုံးအထိအတိုင်းအတာနဲ့ပေါ့။ ဒါပေမယ့်ဒီနှစ်အတွက် ဘတ်ဂျက်ငွေဘယ်လောက်ကျထားသလဲဆိုတာတော့ မသိသေးဘူး။ လောလောဆယ်ကတော့ စမ်းသပ်တာတွေ၊ တိုင်းတာတာတွေ၊ လေ့လာတာတွေလုပ်ဦးမယ်။ ရာဘာခြံတွေရှိရင်လည်း အဲဒါတွေကိုအရင်ရှင်းရဦးမယ်။ အဲဒါတွေပြီးမှ ကြိုးဆွဲဖို့အတွက်ကို ဘတ်ဂျက်ကကျလာမှာ” ဟု ပြောသည်။

     မော်လမြိုင် ငန်းတေးလျှပ်စစ်ဓါတ်အားပေးစက်ရုံ (MNA)
    မော်လမြိုင် ငန်းတေးလျှပ်စစ်ဓါတ်အားပေးစက်ရုံ (MNA)
    လျှပ်စစ်ဓါတ်အားကြိုးသွယ်တန်းရန် စမ်းသပ်ဆောင်ရွက်မူများပြုလုပ်နေသော်လည်း ဓါတ်အားကြိုးသွယ်တန်းရန်အတွက် ယခုနှစ်ဘတ်ဂျက်စာရင်းတွင် မပါရှိသေးပေ။

    ရေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်က “ပြည်သူတွေကတော့ လျှပ်စစ်မီးလိုချင်နေကြတယ်။ဒီကိစ္စကိုလွှတ်တော်မှာလည်း ဆွေးနွေးဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဌနဲ ့ဒုဥက္ကဌကလည်းမှတ်တမ်းတင်ထားပါတယ်ဒါကို။ ဒီတော့ ဇွန်လလောက်ဆိုရင်တော့ ကျွန်တော်တို့အဖြေသိရမှာပါ” ဟုပြောသည်။

    လက်ရှိမော်လမြိုင်မြို့ရှိ Myanmar Lighting ကုမ္ပဏီမှထွက်ရှိသည့် ဓါတ်အားများ ပိုလျှံလျှက်ရှိကြောင်း၊ ဓါတ်အားလိုင်းသွယ်တန်းပြီးပါက ရေးမြို့နယ်အတွက်လျှပ်စစ်မီးရနိုင်မည်ဖြစ်ကြောင်း၊ လျှပ်စစ်မီးနှင့်ပတ်သတ်၍ မွန်ပြည်နယ်တွင် တင်ဒါခေါ်ယူခြင်းများ ရှိမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအင်နှင့် စက်မူဝန်ကြီးမှ သိရသည်။

    ရေးမြို့ပေါ်အပါအဝင် မြို့နယ်တစ်ခုလုံးအတွက် အစိုးရလျှပ်စစ်ဓါတ်အားလိုင်းသွယ်တန်းခဲ့ခြင်းမရှိသဖြင့် ပုဂ္ဂလိကလျှပ်စစ်မီးကို ဈေးနှုန်းကြီးမြင့်စွာပေးဆောင်နေရကြောင်း ဒေသခံများမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks