spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် အစိုးရဌာနစွန့်လွှတ်ပြီးမြေယာ ဧက (၁၆၀၀၀) ကျော်ရှိ

    မွန်ပြည်နယ်တွင် အစိုးရဌာနစွန့်လွှတ်ပြီးမြေယာ ဧက (၁၆၀၀၀) ကျော်ရှိ

    -

    မွန်ပြည်နယ် ၁၀ မြို့နယ်တွင် တပ်မတော်အပါအဝင် သက်ဆိုင်ရာဌာနအသီးသီးက သိမ်းဆည်းပြီး ပြန်လည်စွန့် လွှတ်ပေးထားသည့် မြေယာ ဧက ၁၆၀၀၀ ကျော်ရှိကြောင်း ပြည်နယ်မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိသူတစ်ဦး ပြောပြချက်အရ သိရသည်။

    မြို့နယ်အလိုက် စွန့်လွှတ်ပြီးသာမြေစာရင်းက ကျိုက်ထိုတွင် ၁၁၂၈၈ ဧက၊ ဘီလင်းတွင် ၃၄၇.၅ ဧက၊ သထုံ တွင် ၁၃၃၃.၄၀၅ ဧက၊ ပေါင်တွင် ၂၁၇.၇ရ ဧက၊ မော်လမြိုင်တွင် ၆၆၄.၇၀၃ ဧက၊ ချောင်းဆုံတွင် ၄၇.၇၃ ဧက၊ ကျိုက်မရောတွင် ၁၃၆၄ ဧက၊ မုဒုံတွင် ၁၈ရ ဧက၊ သံဖြူဇရပ်တွင် ၅၁.၆၆ ဧက နှင့်ရေးတွင် ၁၀၂၄.၈၉ ဧက စုစုပေါင်း ၁၆၅၂၆.၆၅၈ ဧကရှိကြောင်း သိရသည်။

    အထက်ပါ တာဝန်ရှိသူက “ဒီထဲမှာ များသောအားဖြင့်ကတော့ တပ်က ပြန်စွန့်တာများတယ်။ ဒုတိယ အများဆုံး က စက်မှုဝန်ကြီးဌာနက ပြန်စွန့်တာရှိတယ်။ နောက်ကျန်တဲ့ဟာကတော့ ဒီဌာနဆိုင်ရာတွေဖြစ်သည့် ထွေအုပ် တို့ရှိတယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောပြသည်။

    မွန်ပြည်နယ်အတွင်း တပ်သိမ်းမြေတစ်နေရာ(Internet)
    မွန်ပြည်နယ်အတွင်း တပ်သိမ်းမြေတစ်နေရာ(Internet)

    အဆိုပါ စွန့်လွှတ်ပြီးသာ မြေယာ ၁၆၅၂၆.၆၅၈ ဧကရှိသည့်အထဲတွင် လက်ရှိအချိန်အထိ လာရောက်လှျောက် ထားခြင်းမပြုသေးသည့် ဧက ၁၃၀၀၀ ကျော်ကို သက်ဆိုင်ရာဌာနတို့တွင် ထိန်းသိမ်းပေးထားလှျက်ရှိကြောင်း ၄င်းက ဆက်ပြောသည်။

    စွန့်လွှတ်မြေယာအမျိုးအစားတွင် မြေလွတ်မြေရိုင်း၊ စားကျက်မြေ၊ လယ်ယာမြေ၊ အင်းမြေ နှင့် သီးစားချခြံ မြေ များပါဝင်ပြီး မူလမြေရှင်များ တင်ပြတိုုင်းကြားစာကြောင့်လည်းကောင်း၊ တပ်မတော် အပါအဝင် အရင်အစိုးရက သက်ဆိုင်ရာဌာနတွေ အသုံးမလိုမှုကြောင့်လည်းကောင်း၊ စက်မှုဝန်ကြီးဌာန အမှတ် (၂)၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနတို့မှ သီးခြားစွန့်လွှတ်ပေးမှုကြောင့်လည်းကောင်း ယင်းမြေယာများကို ပြန်လည်စွန့်လွှတ်ပေးခြင်း ဖြစ်ဟု သိရသည်။

    ထို့ကြောင့် မြေယာသိမ်းဆည်းခံရသည့် မြေယာပိုင်ရှင်များအနေဖြင့် မိမိတို့မြေယာများ တည်ရှိသည့် သက်ဆိုင် ရာမြို့နယ်မြေစာရင်းရုံးများတွင် သွားရောက်စုံစမ်းမေးမြန်ပြီး ့မြေယာများပါဝင်နေပါက ကျေးရွာအဆင့် လယ်ယာမြေကော်မတီ၊ ရပ်မိရပ်ဖထောက်ခံချက် သို့မဟုတ် ပြေစာအထောက်အထားတို့ဖြင့် လှျောက်ယူနိုင်ကြောင်း ပြည်နယ်မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီမှ သိရသည်။

    ရေးမြို့ဒေသခံ နိုင်စိုးသိန်းက “ကျွန်တော်တို့ရေးဘက်မှာ တပ်သိမ်းဆည်းမြေက အများဆုံးပဲ၊ သူတို့ပြန်စွန့် ပေးခဲ့တဲ့အထဲမှာတော့ တစ်ချို့က လှျော်ကြေးရတယ်၊ တစ်ချို့က မြေတွေ ပြန်ရတာရှိတယ်၊ ဒါပေမယ့် သူတို့ ပြန်ပေးလိုက်တဲ့မြေတွေက သုံးလို့မရတဲ့ နူန်းမြေ၊ နုန်းတင်မြေနုတွေပဲ ဖြစ်နေတယ်” ဟု ဆိုသည်။

    နိုင်ငံတော်မှ ပြန်လည်စွန့်လွှတ်မြေများကို လွှဲပြောင်းပေးအပ်ရာတွင် မြေလက်ခံရယူသူများသို့ မြေပိုင်ဆိုင်မှု အထောက်အထားများနှင့်တကွ ခိုင်ခိုင်မာမာလွှဲပြောင်းပေးအပ်နိုင်ရေး ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း မတ်လ ၁ရ ရက်နေ့ မြေအသုံးချမှုစီမံခန့်ခွဲရေးဗဟိုကော်မတီမှ သတင်းထုတ် ပြန်ထားသည်။

    စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(FSWG) ၏ စစ်တမ်း တွင် မြန်မာတနိုင်ငံလုံးတွင် တောင်သူများ အသိမ်း ဆည်းခံထားရသည့် လယ်မြေ ဧကပေါင်း ၆ သန်းကျော်ရှိပြီး ၄ သန်းခန့်မှာ စစ်တပ်က သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း သုံးသပ် ဖော်ပြခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks