spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌအဖြစ် ဒေါက်တာအောင်နိုင်ဦး ရွေးချယ်ခံရ

    မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌအဖြစ် ဒေါက်တာအောင်နိုင်ဦး ရွေးချယ်ခံရ

    -

    မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌအဖြစ် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၏ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အ မှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး ရွေးချယ်ခန့်အပ်ခြင်းခံရကြောင်း သိရ သည်။

    ယခင် ဒု-ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သော ဦးမင်းမင်းဦးသည် မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဆက်လက်ခန့်အပ်ခံရပြီး လစ်လပ်နေသည့်နရာအတွက် ဧပြီလ (၅) ရက်နေ့တွင် ကျင်းပသော မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် ဒေါက်တာအောင်နိုင်ဦးကို လှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်တင်မြှောက်ခဲ့ခြင်း ဖြစ်သည်။

    ဒေါက်တာ အောင်နိုင်ဦးက “ကျွန်တော်အဖြစ်ချင်ဆုံးက ဒု-ဥက္ကဋ္ဌပါပဲ။ ဘာကြောင့်လဲဆိုတော့ လွှတ်တော်ပိုင်းဆိုင်ရာက ဒီမိုကရေစီရဲ့ အသက်သွေးကြောပဲ။ လွှတ်တော်ခိုင်မာအားကောင်းမှ ဒီမိုကရေစီခိုင်မာ အားကောင်းလာမယ်။ ဒီအုပ်ချုပ်ရေးယန္တရားကို တာဝန်ခံဖို့ ထိန်းကြောင်းနိုင်တာလဲ လွှတ်တော်ပါပဲ” ဟု ပြောသည်။


    လွှတ်တော်ကိုယ်စားလှယ်များက ပယ်မဲ (၅) မဲ၊ အန်အယ်ဒီပါတီကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးကို (၁၂) မဲ၊ ဒေါက်တာအောင်နိုင်ဦးကို (၁၃) မဲဖြင့် ထောက်ခံခဲ့ပြီး ဒေါက်တာအောင်နိုင်ဦးက တစ်မဲအသာဖြင့် ဒု-ဥက္ကဋ္ဌနေရာကို အရွေးခံခဲ့ရခြင်း ဖြစ်သည်။

    ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် မင်းအောင်မွန်က “ ကိုအောင်နိုင်ဦးက အရင်လွှတ်တော်သက်တမ်းမှာလည်း အတွေ့အကြုံရှိခဲ့တယ်။ သူကဒီနေရာကိုရရင် အလုပ်တွေလည်း ပိုမိုအဆင်ပြေစွာနဲ့ လည်ပတ်နိုင်သွားမယ်။ က္ပွျန်တော်အနေနဲ့ ဒီနေရာဒု-ဥက္ကဋ္ဌနေရာကို တိုင်းရင်သားအထဲက မွန်လူမျိုးကို ဖြစ်စေချင်ခဲ့တယ်” ဟု ပြောသည်။

    ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မင်းအောင်မွန်က ချောင်းဆုံမြို့နယ်အမှတ် (၁) မွန်ဒေသလုံးဆိုင်ရာဒီမိုက ရေစီပါတီမှ ဒေါက်တာအောင်နိုင်ဦးကို၄င်း၊ ပေါင်မြို့နယ်အမှတ် (၂) မှ ဦးဇော်ဇော်ထူး က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ် ဘီးလင်းမြို့နယ်အမှတ် (၂) မှ ဒေါက်တာခင်နိုင်ဦးကို၄င်း လွှတ်တော်ဒု-ဥက္ကဋ္ဌလောင်းအဖြစ်၄င်း အမည်စာရင်းတင်သွင်းခဲ့ကြပြီး လွှတ်တော်ဥက္ကဋ္ဌမှအပ ကျန်ကိုယ်စားလှယ် (၃၀) ဦးတို့က မဲပေးခဲ့ကြခြင်း ဖြစ်သည်။

    ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် (၁၉) ဦး၊ မွန်အမျိုး သားပါတီ (၂) ဦး၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (၁) ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၁) ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် (၈) ဦး အားလုံးစုစုပေါင်း (၃၁) ဦး ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks