spot_img
Saturday, December 13, 2025
More
    spot_img
    Homeသတင်းသံဖြူဇရပ်မြို့နယ်၊ ဝယ်ဝင်္ကရာရွာ လူသတ်မှု (၆) ဦးသေဆုံး၊ (၆) ဦးဒဏ်ရာရ

    သံဖြူဇရပ်မြို့နယ်၊ ဝယ်ဝင်္ကရာရွာ လူသတ်မှု (၆) ဦးသေဆုံး၊ (၆) ဦးဒဏ်ရာရ

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်ဝင်္ကရာကျေးရွာတွင် ဧပြီလ (၄) ရက်နေ့ နနံက် (၉) နာရီခန့်တွင် အသက်(၄၁) ခန့်ရှိ နိုင်ယုံဆိုသူက ၎င်း၏နေအိမ်ကို မီးရှို့ပြီး ပတ်ဝန်းကျင်ရှိသူများအား ဓါးနှင့် လိုက်လံခုတ်ရာ (၆) ဦးသေဆုံးခဲ့ပြီး (၆) ဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။

    ၎င်းသေဆုံးသူထဲများတွင် ကျား (၅) ဦးနှင့် မ (၁) ဦးဖြစ်ပြီး ဒဏ်ရာရသူများကိုမော်လမြိုင်ဆေးရုံ၌ မ (၂) ဦး၊ ကျား (၂) ဦး၊ သံဖြူဇရပ်ဆေးရုံးတွင် မ (၁) ဦး၊ ကျား (၁) ဦး ဆေးကုသခံလျှက်ရှိသည်ဟု ဝယ်ဝင်္ကရာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသက်နောင်ထံမှ သိရသည်။

    ဦးသက်နောင် က “ နိုင်ယုံက စိတ်မမှန်တဲ့လူတော့ မဟုတ်ပါဘူး။ တခါတလေ အိမ်သားတွေနဲ့ စကားများ တာတော့ ဖြစ်တတ်တယ်။ အခုသေဆုံး သူထဲမှာ သူ့အစ်မနဲ့ ဦးလေးလည်း ပါတယ်” ဟု ဆိုသည်။

    အခင်းဖြစ်ပွားရာနေရာ (MNA)
    အခင်းဖြစ်ပွားရာနေရာ (MNA)

    အဆိုပါဓါးနှင့်လိုက်လံခုတ်နေသူအား သံဖြူဇရပ်မြို့ရှိ ရဲအင်အား (၂၀) ခန့်နှင့် တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း(ဝဲကလိ)-တတက (၄) တပ်နယ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ နာရီဝက်ကြာ ဝိုင်းဝန်းပိတ်ဆို့ပြီး သေနတ်နှင့်ပစ်၍ အသေဖမ်းမိခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

    ဖြစ်စဉ်အား ကိုယ်တိုင်မြင်တွေ့ခဲ့သူ နိုင်အထော က “နိုင်ယုံက သူ့အိမ်ကို အရင်မီးရှို့တယ်၊ သူ့အိမ်ကို မီးရှို့အပြီးထွက်လာတော့ နိုင်လွန် ကိုအရင်ဆုံးလည်လှီးပြီးသတ်လိုက်တာ။ အိမ်ကိုမီးရှို့တာ ဘယ်သူမှ မသိလိုက်ဘူး။ အိမ်တွေမီးလောင်နေတဲ့အချိန်မှာ တယောက်ပြီး တယောက် ဓါးနဲ့လိုက်ခုတ်တာပဲ” ဟု ဆိုသည်။

    သေဆုံးသူ (၆) များ နိုင်အောင်ထွန်း အသက် (၄၀)၊ နိုင်လွန် အသက် (၄၀)၊ နိုင်ထွန်းကြည် အသက် (၈၀)၊ ဝယ်ဝင်္ကရာပြည်သူ့စစ် ဦးစိန်ခိုင် အသက် (၆၀)နှင့် ဇနီးဖြစ်သူ ဒေါ်သန်းစု အသက် (၆၀) တို့ဖြစ်ကြသည်။
    ၄င်းအပြင် အဆိုပါဖြစ်စဉ်တွင် နိုင်ယုံ မီးရှို့မှုကြောင့် နေအိမ်လေးလုံံး ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

    နိုင်ယုံသည် ထိုင်းနိုင်ငံအလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး လွန်ခဲ့သော ၃ လခန့်တွင် ဝယ်ဝင်္ကရာကျေးရွာသို့ ပြန်လာသူဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခဲ့ပြီး စိတ်ဖောက်ပြန်သူတစ်ဦးဟုလည်း ယူဆစရာရှိကြောင်း ရွာသားများထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts