spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းရေးမြို့တောင်ပိုင်းဒေသများတွင် ငြိမ်းချမ်းမှုမရှိဟုဆို

    ရေးမြို့တောင်ပိုင်းဒေသများတွင် ငြိမ်းချမ်းမှုမရှိဟုဆို

    -

    မွန်ပြည်နယ်တွင် ငြိမ်းချမ်းနေသည်ဟုဆိုကြသော်လည်း ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့အနီးတစ်ဝိုက်ဒေသတွင် ငြိမ်းချမ်းမှုမရှိဟု ရေးမြို့နယ်ရှိ မွန်ဘုန်းတော်ကြီးများက မိန့်ကြားသည်။

    အင်ဒင်ဘုန်းတော်ကြီးကျောင်း ဆရာတော်ဘန္ဒန္တဦးသီလ က “ငြိမ်းချမ်းရေးခေတ်ကြီးကိုရောက်လာတာကြာပါပြီ။ ဆရာတော်တို့ဒေသ၊ မွန်ပြည်နယ်ရဲ့ အပေါ်ပိုင်းဒေသတွေမှာ ငြိမ်းချမ်းနေတာကြာပါပြီ။ ဒါပေမဲ့ ရေးမြို့တောင်ပိုင်းက ဒေသ တွေမှာတော့ ဒီကနေ့အထိ ငြိမ်းချမ်းရေးရဲ့အနံ့သက်ကို မခံစားရသေးဘူး” ဟု မွန်သတင်းအေဂျင်စီသို့ မိန့်ကြားသည်။

    ရေးမြို့တောင်ပိုင်း ခေါဇာမြို့နယ်ခွဲ မန်ကျီးချောင်းဝကျေးရွာတွင် ပြန်ပေးဓါးပြလက်နက်ကိုင်အဖွဲ့အစည်းများ မကြာခဏ ဆက်ကြေးများကောက်ခံလျှက်ရှိကြောင်း၊ ထို့အပြင် ပြီးခဲ့သည့် မတ်လ (၈) ရက်နေ့တွင် ဓါးပြများကို လိုက်လံနှိမ်နင်းသော ခလရ (၂၈၀) တပ်မတော်အရာရှိတစ်ဦးကလည်း ရွာသား (၂) ဦးကို သေနတ်ပစ်ခတ်သဖြင့် သေဆုံးခဲ့သည့် ဖြစ်ရပ်ကိုလည်း ဆရာတော်က ထောက်ပြသည်။

    ရေးတောင်ပိုင်း ပြန်ပေးဓါးပြအဖွဲ့များထံ ငွေကြေးပေးခဲ့ရသည့်မှတ်တမ်းအချို့(Copy)
    ရေးတောင်ပိုင်း ပြန်ပေးဓါးပြအဖွဲ့များထံ ငွေကြေးပေးခဲ့ရသည့်မှတ်တမ်းအချို့(Copy)

    အဆိုပါ မန်ကျီးချောင်းဝရွာမှ ပစ်သတ်ခံ ရွာသားနှစ်ဦး၏ မိသားစုဝင်များအား နီးစပ်ရာလူမှုအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ ထောက်ပံ့ပေးကမ်းမှုများကို စစ်တပ်မှ မေးမြန်စစ်ဆေးခြင်းများ ပြုလုပ်သဖြင့် စိုးရိမ်စိတ်များဖြစ်ပေါ်နေရကြောင်း၊ ဆရာတော်များနှင့် လူမှုအသင်းအဖွဲ့တို့အနေဖြင့် ၄င်းကျန်ရစ်သူ မိသားစုဝင်တို့၏ အခက်အခဲများအား ဝိုင်းဝန်းဖြေရှင်းသင့်ကြောင်းလည်း ဆက်လက်မိန့်ကြားသည်။

    ရေးမြို့နယ် မဲဆန္ဒနယ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင် က “ဒီမန်ကျီးချောင်းဝ လူသတ်မှုမှာ မှားပြီးပစ်လိုက်တဲ့ ဗိုလ်ကြီးကိုတော့ လူသတ်မှုနဲ့ တရားစွဲဆိုထားတာရှိပါတယ်။ လူသတ်မှုမှာ နစ်နာတဲ့ မိသားစုအတွက် အမှုမှန်ပေါ်ပေါက်အောင်တော့ ကျွန်တော်တို့ဆောင်ရွက်သွားမယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ထို့အတူ မိမိတို့ NLD ပါတီအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပီပီပြင်ပြင်လုပ်ဆောင်မည်ဟုရည်ရွယ်ထားပြီး ဒေသဖွံ့ဖြိုးရေးနှင့် လူမှုရေးကိစ္စတွေကိုလည်း ဦးစားပေးပြီးဆောင်ရွက်သွားမည်ဟု သူက ဆက်ပြောသည်။

    အဆိုပါ ရေးတောင်ပိုင်း မန်ကျီးချောင်းဝကျေးရွာလူသတ်မှုကို မွန်လူမှုအဖွဲ့အစည်းများမှ ငွေကြေးထောက်ပံ့မှုဖြင့် အမှုမှန်ပေါ်ပေါက်ရေးကို ဆောင်ရွက်သွားရန်ရှိပြီး ရေးမြို့နယ်ရှိ လူမှုအဖွဲ့အစည်းများက အသတ်ခံရသူ (၂) ဦးအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ဆုတောင်းပွဲပြုလုပ်သွားရန်အစီအစဉ်ရှိသည်ဟု သိရသည်။

    မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းတွင် ပြန်ပေးဓါးပြလက်နက်ကိုင်အဖွဲ့များ ဆက်ကြေးကောက်ခံလျှက်ရှိသဖြင့် တပ်မတော်ဘက်ကလည်း ဒေသခံရွာသားများကို တောမထွက်ရအမိန့် ထုတ်ပြန်လေ့ရှိကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks