spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းမန်ကျည်းချောင်းဝလူသတ်မှု စစ်ဖက်တရားရုံးတွင်စစ်ဆေးပါက ကာယကံရှင်များသွားလာရေးအခက်ကြုံနိုင်

    မန်ကျည်းချောင်းဝလူသတ်မှု စစ်ဖက်တရားရုံးတွင်စစ်ဆေးပါက ကာယကံရှင်များသွားလာရေးအခက်ကြုံနိုင်

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင် မန်ကျီးချောင်းဝရွာတွင် ခလရ (၂၈၀) မှ ဗိုလ်ကြီး ဇော်မျိုးထက်က ရွာသား (၂) ဦးကို မှားယွင်းပစ်သတ်ခဲ့သည်ဆိုသောအမှုသည် စစ်ဖက်တရားရုံးတွင် စစ်ဆေးပါက ကာယကံရှင် မိသားစုမှ သွားရေးလားရေး အခက်အခဲကြုံတွေ့နိုင်သည်ဟု ၎င်းအမှုကို ကူညီဆောင်ရွက်ပေးနေသူက ဆိုသည်။

    ကူညီဆောင်ရွက်ပေးနေသူ နိုင်စိုးသိန်း က “ဒီအမှုကို အခုစစ်ခုံရုံးမှာ စစ်ဆေးနေပါတယ်။ စစ်ခုံရုံးက ဒီအမှုမှန်ကန်ကြောင်း စီစစ်တွေ့ရှိရင် စစ်ဘက်တရားရုံးကိုလွှဲမယ်ပေါ့။ စစ်တရာရုံးရောက်ရင် ကာယ ကံရှင်တွေက စစ်တရားရုံးကို သွားရမယ်။ စစ်တရားရုံးကလည်း တနင်္သာရီတိုင်းမှာဆိုတော့ ကာယကံရှင် မိသာစုတွေအတွက် သွားရေးလာရေး အခက်အခဲအများကြီး ရှိနိုင်တယ်” ဟု ဆိုသည်။

    အဆိုပါဖြစ်မှုကို မည်ကဲ့သို့စစ်ဆေးနေပြီး မည်သည့်အခြေအနေရောက်ရှိနေသည်ကို မသိရှိရကြောင်း၊ ရေးမြို့အခြေစိုက် စကခ (၁၉) သို့ သွားရောက်မေးမြန်းရာတွင်လည်း အဆိုပါအမှုနှင့်ပတ်သက်သည့် စစ်ဆေးချက်ကို မသိရှိထားဟုပြောဆိုခဲ့ကြောင်း နိုင်စိုးသိန်းက ဆိုသည်။

    မန်ကျီးချောင်းဝရွာဆိုင်းဘုတ်(MNA)
    မန်ကျီးချောင်းဝရွာဆိုင်းဘုတ်(MNA)

    ရေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သော် က “ဒီအမှု ကျတော်တို့ဆီမရောက်သေးဘူး။ အခုစစ်ခုံရုံးမှာ စစ်ဆေး နေဆဲ ဖြစ်တယ်” ဟု မွန်သတင်းအေဂျင်စီသို့ ယနေ့တွင်ပြောကြားခဲ့သည်။

    အဆိုပါ ဗိုလ်ကြီးဇော်မျိုးထက်အား စစ်ခုံရုံးတွင် စစ်ဆေးလျှက်ရှိပြီး စစ်တရားရုံးမှအပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး စစ်တပ်မှထုတ်ပယ်သည့် အမိန့်ချမှသာ ဗိုလ်ကြီးဇော်မျိုးထက်ကို အရပ်ဖက်တရားရုံးတွင် တရားရင်ဆိုင်ရမည်ဟု သိရသည်။

    သို့ရာတွင် စစ်တရားရုံးမှ စစ်တပ်ထောင်တွင်ကျခံရမည်ဟု အမိန့်ချမှတ်ပါက အရပ်ဖက်တရားရုံးတွင် အမှုရင်ဆိုင်ရမည်မဟုတ်ကြောင်း စကခ အမှတ် (၁၉) မှ ဒုတပ်မှူး ကျော်ကျော်ဦးက ၎င်းအမှုနှင့်ပတ်သက်ပြီး ကူညီဆောင်ရွက် ပေးနေသူများအား မတ် (၂၉) တွင် ရှင်းပြသည်ဟု နိုင်စိုးသိန်းက ပြောသည်။

    ၂၀၁၆၊ မတ်လ (၈)ရက်၊ ညသန်းခေါင်အချိန်ခန့်တွင် မန်ကျီးချောင်းဝရွာသား ဦးမိုးနှင့် မောင်ချစ်စိုးတို့ နှစ်ဦးသည် နေအိမ်မှလှေဆိပ်သို့ထွက်လာစဉ် တနင်္သာရီတိုင်းရှိ ရွာသို့ရောက်ရှိနေသော တပ်မတော်စစ်ကြောင်းမှ ဗိုလ်ကြီး ဇော်မျိုးထက်က သေနတ်နှင့် ပစ်ခတ်သေဆုံးမှုဖြစ်ပေါ်ခဲ့သည်။

    မွန်ပြည်နယ်၊ ရေးမြို့တောင်ပိုင်း၊ ခေါဇာမြို့နယ်ခွဲရှိ မကျည်းချောင်းဝရွာ ဒေသခံ (၂) ဦးအား မှားယွင်းပြီး ပစ်ခတ် ခဲ့သော ဗိုလ်ကြီး ဇော်မျိုးထက်အား လူသတ်မှုပုဒ်မ (၃၀၂) ဖြင့် ခေါဇာမြို့ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks