spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်လွှတ်တော်အတည်ပြုသောဝန်ကြီးချူပ်သစ် နိုင်ငံရေးအတွေ့အကြုံနည်းဟု ဝေဖန်မှုများရှိနေ

    မွန်ပြည်နယ်လွှတ်တော်အတည်ပြုသောဝန်ကြီးချူပ်သစ် နိုင်ငံရေးအတွေ့အကြုံနည်းဟု ဝေဖန်မှုများရှိနေ

    -

    မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် မွန်ပြည်နယ်လွှတ်တော်က ယနေ့(မတ်လ ၂၈ ရက်နေ့)တွင် အတည်ပြုလိုက်သော ဦးမင်းမင်းဦးသည် နိုင်ငံရေးအတွေ့အကြုံနည်းပါးကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က ဝေဖန်သုံးသပ်ကြသည်။

    နိုင်ငံတော်သမ္မတသစ်ဖြစ်လာမည့် ဦးထင်ကျော် အဆိုပြုသော ဘီးလင်းမြို့နယ်မဲဆန္ဒနယ်(၂)မှ ဦးမင်းမင်းဦးသည် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌအဖြစ် လက်ရှိခန့်အပ်ခံခဲ့ရသူဖြစ်သည့်အပြင် ယခုအခါ မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် မွန်ပြည်နယ်လွှတ်တော်က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

     မွန်ပြည်နယ်လွှတ်တော်အတည်ပြုသောဝန်ကြီးချူပ်သစ် ဦးမင်းမင်းဦး(MNA)
    မွန်ပြည်နယ်လွှတ်တော်အတည်ပြုသောဝန်ကြီးချူပ်သစ် ဦးမင်းမင်းဦး(MNA)

    မွန်အမျိုးသားပါတီ MNP ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းကြည်ဝင်းက “ဒီနေ့မှသူ့ရဲ့ကိုယ်ရေးအချက်အလက်ကို ဖတ်ကြည့်လိုက်တော့ နိုင်ငံရေးဘက်မှဖြတ်သန်းလာတာ နည်းတယ်လို့ကျွန်တော်မြင်ပါတယ်” ဟုပြောသည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန်အမည်စားရင်းတင်သွင်းခံရခြင်းမှာ ဦးမင်းမင်းဦးသည် ရိုးသားဖြောင့်မတ်ပြီး ကြိုးစားတတ်သူ တစ်ဦးဖြစ်သောကြောင့် ရွေးချယ်ခံရခြင်းဖြစ်ကြောင်း NLD ပါတီမှ ကိုယ်စားလှယ်များက ပြောကြသည်။

    “ကျွန်တော်တို့မွန်ပြည်နယ်ရဲ့ ကံပေါ့ဗျာ၊ သူကစကားလည်းနည်းတယ်၊ အများနဲ့လည်းသိပ်မဆက်ဆံလိုဘူး။ ပြီးတော့နိုင်ငံရေးအတွေ့အကြုံကလည်းနည်းတယ်။ ပြောရရင်တော့ အားနည်းတာပေါ့ဗျာ” ဟု ပြည်ခိုင်ဖြိုးပါတီ USDP ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မင်းအောင်မွန်က ပြောသည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ်သစ် အပ်ရန်အတွက် အမည်စာရင်းအတည်မပြုနိုင်မီ NLD ပါတီမှ ဒေါက်တာအေးဇံနှင့် မင်းထင်အောင်ဟန်တို့နှစ်ဦးက မွန်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ရန် အများကထင်ကြေးပေးခဲ့ကြသည်။

    NLD ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မင်းထင်အောင်ဟန်က “ဒါကတော့ရှင်းရှင်းပြောရရင် အထက်ကညွှန်ကြားတာပဲ ဒီတော့အထက်ကအဆင်ပြေရင် ကျွန်တော်တို့ဒီမှာလည်း အကုန်လုံးအဆင်ပြေသွားမယ်။ ပြည်သူတွေဖြစ်ချင်တာကို ကျွန်တော်တို့ပါတီကို ပြောရပါမယ်။ နိုင်ငံရေးနဲ့ပတ်သတ်ပြီး အုပ်ချုပ်တဲ့အပိုင်းမှာကတော့ အစိုးရအဖွဲ့ကလုပ်မယ် ပါတီဘက်ကနေ ညွှန်ကြားမယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ပါတီကညွှန်ကြားမယ်၊ ဘယ်လိုဥပဒေမျိုးတွေ ရေးဆွဲမယ်ဆိုတာလည်းညွှန်ကြားမယ်”ဟုပြောသည်။

    ပြည်သူများကဒေါ်အောင်ဆန်းစုကြည်အား ယုံကြည်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်မှ ရွေးချယ်လိုက်သည့် ဝန်ကြီးများကို ပြည်သူများကလက်မခံနိုင်စရာမရှိကြောင်း ၎င်းကဆက်ပြောသည်။

    ဦးမင်းမင်းဦသည် အသက် ၄၆နှစ်ရှိပြီး ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း၊ အင်ဂျင်နီယာဘွဲ့ BE ဘီးလင်းမြို့နယ်အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌအဖြစ်လည်ကောင်း၊ ဘီးလင်းမြို့နယ် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း ဘဏ္ဍာရေးမူးအဖြစ်လည်ကောင်း၊ တောင်စွန်းတိုက်နယ်ဆေးရုံ ကြီးကြပ်မူကော်မတီအဖြစ်လည်းကောင်း လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး(ဒုတိယနေ့) ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်မှစတင်၍ ၁၁ မိနစ်ချိန်ကြာခန့် ကျင်းပခဲ့ရာ သမ္မသစ်ဖြစ်လာမည့် ဦးထင်ကျော်အဆိုပြုသူ ဝန်ကြီးချုပ်သစ်အား အတည်ပြုလိုက်ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks