spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းပြည်ထောင်စုဝန်ကြီးအဆင့်တွင် မွန်အမျိုးသားပါတီ ဒု-ဥက္ကဋ္ဌ နိုင်သက်လွင် အမည်စာရင်းတွင်ပါဝင်

    ပြည်ထောင်စုဝန်ကြီးအဆင့်တွင် မွန်အမျိုးသားပါတီ ဒု-ဥက္ကဋ္ဌ နိုင်သက်လွင် အမည်စာရင်းတွင်ပါဝင်

    -

    သမ္မတဦးထင်ကျော် ဦဆောင်သောအစိုးရအဖွဲ့တွင် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာန (၂၁) ခုသာ ပြင်ဆင်ဖွဲ့ စည်းထားပြီး အဆိုပါဝန်ကြီးဋ္ဌာနများတွင် တာဝန်ယူဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးဖြစ်သင့်သောသူ (၁၈) ဦးကို တင် သွင်းခဲ့ရာ မွန်အမျိုးသားပါတီ ဒု-ဥက္ကဋ္ဌ(၁) နိုင်သက်လွင် ပါဝင်ကြောင်း သိရသည်။

    “NLD နဲ့ ကျွန်တော်တို့က (၁၉၉၀) ခုနှစ်ကတည်းက လက်တွဲပြီး လုပ်လာကြတယ်။ အတူတကွ တိုက်ပွဲဝင်လာ ကြတယ်။ ဒီနေ့ NLD အစိုးရဖြစ်တော့ ကျွန်တော်တို့ပါတီရဲ့ ဒု-ဥက္ကဋ္ဌနဲ့ညှိနှိုင်းပြီး တာဝန်ပေးတာကို ကြိုဆိုပါ တယ်” ဟု မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမ ကပြောသည်။

    သို့ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့တွင်တာဝန်ယူရန် ကမ်းလှမ်းခြင်းကို သက်ဆိုင်ရာမိခင်ပါတီကိုသာ အရင်ဆုံးဆက်သွယ်သင့်ပြီး လက်ရှိတွင် ပုဂ္ဂိုလ်ရေးအရ ကမ်းလှမ်းမှုသာဖြစ်ကြောင်း နိုင်လယီတမ ကဆက်လက်ပြောကြားသည်။

    မွန်အမျိုးသားပါတီ ဒု-ဥက္ကဋ္ဌ နိုင်သက်လွင်(MNA)
    မွန်အမျိုးသားပါတီ ဒု-ဥက္ကဋ္ဌ နိုင်သက်လွင်(MNA)

    မွန်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၇) မှ နိုင်သီဟက “နိုင်ငံရေးပြဿနာ ရေရှင်းရာမှာ တိုင်းရင်းသားတို့ရဲ့အခွင့်အရေး၊ စာပေနဲ့ အခြားအခွင့်အရေးအားလုံးကို ဒီဋ္ဌာနဖွင့်လိုက်တာနဲ့တပြိုင်နက် တိုင်း ရင်းသားတို့ရဲ့အခွင့်အရေးတွေ ရလာမယ်” ဟု ဆိုသည်။

    သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် တိုင်းရင်းသားရေးရာဝန်ကြီးဌာန သီခြားမရှိခဲ့သော်လည်း တိုင်းရင်း သားအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ပြီး ၎င်းဥပဒေအရ တိုင်းရင်းသားရေးရာဝန် ကြီးဋ္ဌာနကို သမ္မတဦးထင်ကျော် ခေါင်းဆောင်သော NLD အစိုးရတွင် အကောင်အထည်ဖော်ခဲ့သည်။

    ပြည်ထောင်စုဝန်ကြီးအဖြင့် ထမ်းဆောင်သင့်ကြောင်း နိုင်ငံတော်သမ္မတအဖြင့်ရွေး ချယ်ခံထားရသူထံမှ တင် သွင်းထားသည့်စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ သူရဦးအောင်ကို၊ ဦးအုန်းဝင်း၊ ဦးသိန်းဆွေ၊ ဦးကျော်ဝင်း၊ ဦးခင်မောင်ချို၊ ဒေါက်တာမြင့်ထွေး၊ ဦးဝင်းခိုင်၊ ဒေါက်တာဝင်းမြတ်အေး၊ ဦးအုန်းမောင်၊ ဒေါက်တာသန်းမြင့်၊ နိုင်သက်လွင်၊ ဒေါက်တာဖေမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယဗိုလ် ချုပ်ကြီးကျော်ဆွေနှင့် ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်တို့က ပါဝင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကက မတ်လ (၂၂) ရက်နေ့တွင် တင်ပြခဲ့သည်။

    ဝန်ကြီးဖြစ်သင့်သူများကို အတည်ပြုထောက်ခံလို၍ဖြစ်စေ ကန့်ကွက်လို၍ဖြစ်စေ မတ်လ (၂၃) ရက်နေ့ မွန်းလွဲ (၁) နာရီအထိ အမည်စာရင်း တင်သွင်းနိုင်ပြီး မတ်လ (၂၄) ရက်နေ့တွင် အဆိုတင်သွင်း၊ ကန့်ကွက်နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကက ပြောကြားသည်။

    တဖက်တွင်လည်း တိုင်းရင်းသားရေးရာဝန်ကြီးအဖြင့် မူလက ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီကို အန်အေလ်ဒီမှ ကမ်းလှမ်းထားသော်လည်း SNLD က လက်မခံခဲ့ကြောင်း သတင်းများတွင် ဖော်ပြနေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks