spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းသိမ်းဆည်းလိုင်စင်မဲ့ကားများ ဌာနဆိုင်ရာများသို့ မဲဖောက်ဝေငှမည့်ရက်ရွှေ့ဆိုင်း

    သိမ်းဆည်းလိုင်စင်မဲ့ကားများ ဌာနဆိုင်ရာများသို့ မဲဖောက်ဝေငှမည့်ရက်ရွှေ့ဆိုင်း

    -

    မွန်ပြည်နယ်ရှိ တရားရုံးအသီးသီး၌ အမှုပြီးပြတ်သည့် လို်င်စင်မဲ့မော်တော်ယာဉ်များကို ယနေ့တွင် ဌာနဆိုင်ရာများသို့ မဲနှုိက်ဝေငှပေးရန်စီစဉ်ထားရာ ပြည်နယ်ဝန်ကြီးချုပ်ခရီးလွန်နေခြင်းကြောင့် ရက်ရွေ့ဆိုင်းလိုက်ရသည်။

    အမှုပြီးပြတ်သည့်မော်တော်ယာဉ် ၁၄၆ စီးရှိပြီး ဝန်ကြီးဌာနများနှင့် ဌာနဆိုင်ရာ ၉၈ ဌာနသို့ မဲနှုိက် ထုတ်ပေးသွားမည်ဟု မွန်ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ပြောသည်။

    ဒေါက်တာမင်းနွယ်စိုးက “မှီရင်တော့ သောကြာနေ့လောက်လုပ်ဖြစ်မယ်၊ ၀န်ကြီးချုပ်ကလည်း နေပြည်တော် ခရီးစဉ်လွန်နေတယ်။ ဒီတော့ဒီကြားထဲမှာ ၃ ရက်လောက်က အချိန်ပုတ်သွားတယ်။ အဆုံးဖြတ်ပေးမယ့်သူက ရှိမနေဘူး” ဟု ပြောသည်။

    မဲနှုိက်ထုတ်ပေးရာတွင် ဌာနအလိုက် ကိုယ်စားလှယ်တစ်ဦးသာ လာရောက် မဲနှုိက်ရ မည်ဖြစ်ပြီး ဌာနကြီးများအား အစီးရေပိုပေးမည်ဟု သိရသည်။

    ထိုသို့မော်တော်ယာဉ်များ မဲနှုိက်ဝေငှရာတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရဌာနမှ ပုဂ္ဂလိကသို့ ပြောင်းလဲသွားသည့် စက်ရုံများအား မဲနှိုက်ခွင့်ပြုမည်မဟုတ်ပေ။

    ယင်းသို့ လိုင်စင်မဲ့ဖမ်းဆီးမော်တော်ယာဉ်များ ဌာနဆိုင်ရာများသို့ မဲနှုိက်ဝေငှရန်အတွက် စိစစ်ရေးအဖွဲ့ကို စီမံကိန်းနှင့်စီးပွားရေး၀န်ကြီး ဒေါက်တာမင်းနွယ်စိုး၊ အထွေထွေအုပ်ချုပ်ရေးညွှန်မှူး ဦးမျိုးကျော်၊ စီမံကိန်းညွှန်ကြားရေးမှူး ဒေါ်ရီရီအေး၊ ပြည်နယ်စက်မှုကြီးကြပ်ရေးမှူး ဦးခိုင်ထွန်းဆောင်၊ ကညနပြည်နယ်မှူး ဦးအေးသက်၊ အစိုးရအဖွဲ့ဒုညွှန်မူး ဦးမိုးဇော်လတ် တို့ အဖွဲ့၀င် ၆ ဦးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

    သိမ်းဆည်းလိုင်စင်မဲ့ကားများ(MNA)
    သိမ်းဆည်းလိုင်စင်မဲ့ကားများ(MNA)

    မွန်ပြည်နယ်အတွင်းဖမ်းဆီးရမိသော လိုင်စင်မဲ့မော်တော်ယာဉ်လေလံတင်ရောင်းချပွဲကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းဖျက်သိမ်းခဲ့ပြီး အဆိုပါမော်တော်ယာဉ်များကို ဌာနဆိုင်ရာများအား ဝေငှပေးလိုက်ခြင်းဖြစ်သည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအုန်းမြင့်လက်ထက်၌ ဖမ်းဆီးရမိခဲ့သော မော်တော်ယာဉ်များကို မွန်ပြည်နယ်အစိုးရက ၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင် ၂၉၁ စီး၊ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် ၁၅၀ စီးနှင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ၈၈ စီးတို့ကို လေလံတင် ရောင်းချခဲ့ပြီးဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts