spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းNCA လက်မှတ်ရေးထိုးရန် မွန်ပြည်သစ်ပါတီအား မွန်ပြည်နယ်အစိုးရတိုက်တွန်း

    NCA လက်မှတ်ရေးထိုးရန် မွန်ပြည်သစ်ပါတီအား မွန်ပြည်နယ်အစိုးရတိုက်တွန်း

    -

    မွန်ပြည်နယ်အစိုးရ နှင့် မွန်ပြည်သစ်ပါတီ နှစ်ဖက်ခေါင်းဆောင်များ မော်လမြိုင်မြို့၌ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က တွေ့ဆုံဆွေးနွေးကြစဉ် မွန်ပြည်သစ်ပါတီအနေဖြင့် နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ် NCA ပါဝင်လက်မှတ်ထိုးရန် ပြည်နယ်အစိုးရ ဝန်ကြီးချုပ် ဦးအုန်မြင့် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

    ဝန်ကြီးချုပ် ဦးအုန်မြင့် ဦးဆောင်သော မွန်ပြည်နယ် အစိုးရအဖွဲ့သည် မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး နိုင်ထော်မွန် ဦးဆောင်သော အဖွဲ့အား အလွတ်သဘောဖိတ်ခေါ်၍ ပြည်နယ်အစိုးရရုံးတွင် တွေ့ဆုံ ဆွေးနွေးကြစဉ် ယင်းကဲ့သို့ တိုက်တွန်းခဲ့သည်ဟု မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်တွင်းရေးရာဌာနကြီးတာဝန်ခံ နိုင်ဝင်းလှက ပြောသည်။

    နိုင်ဝင်းလှက “ကျနော်တို့ ဥက္ကဌကြီးက ရာမညရဋ္ဌဗုဒ္ဓတက္ကသိုလ်ကျောင်းတိုက် အလှူရေစက်ချပွဲ အခမ်းအနားတက်ရောက်ရင်းနဲ့ မော်လမြိုင်ရောက်နေခိုက် ပြည်နယ်အစိုးရက အလွတ်သဘော တွေ့ဆုံဆွေးနွေးခြင်းပဲ ဖြစ်တယ်၊ ထူးခြားချက်တစ်ခုက NCA စာချုပ်မှာ လက်မှတ်ထိုးဖို့ တိုက်တွန်းခဲ့တယ်”ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ဒဒ
    အဆိုပါအလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲတွင် မွန်ပြည်သစ်ပါတီဘက်တွင် နိုင်ထော်မွန်၊ နိုင်ဝင်းလှ၊ ဗဟိုကော်မီတီဝင်များဖြစ်ကြသော နိုင်ဟံသာဗိန်ခိုင်းနှင့် ဒုဗိုလ်မှူးကြီး M စိုက်ချမ်း တို့ပါဝင်ပြီး ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဇော်လင်ထွန်း တို့ တက်ရောက်ခဲ့ကြသည်။

    မွန်ပြည်နယ်အစိုးရနှင့် ယင်းသို့တွေ့ဆုံပြီးနောက် မွန်ပြည်သစ်ပါတီအဖွဲ့သည် အရှေ့တောင်တိုင်းစစ်ဌာနချုပ် အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့်လည်း တိုင်းဌာနချုပ်တွင် ထပ်မံတွေ့ဆုံခဲ့သည်ဟု ဆိုသည်။

    နိုင်ဝင်းလှက “ ဒါပေမယ့် NCA လက်မှတ်ထိုးမည့်ကိစ္စက လာမယ့်အစိုးရသစ်အခြေအနေပေါ် မူတည်ပြီး လက်မှတ်ရေးထိုးဖြစ်ရင်လည်း ဖြစ်နိုင်ပါတယ်” ဟု ဆိုပါသည်။

    NCA စာချုပ်တွင် ပါဝင်သောအချက်အလက်များကို မွန်ပြည်သစ်ပါတီ လက်ခံနိုင်သော်လည်း လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်ခွင့် မရှိသည်ကတစ်ကြောင်း၊ ပြည်ထောင်စုအစိုးရကလည်း တစ်ဖက်သတ် စိတ်တိုင်းကျ ပြုလုပ်နေသည်ကတစ်ကြောင်း တို့ကြောင့် လောလောဆယ် လက်မှတ်ရေးထိုးရန် မဖြစ်နိုင်သေးဟု မွန်ပြည်သစ်ပါတီက ပြန်လည်ပြောကြားခဲ့သည်ဟု ဆိုသည်။

    အလားတူ ၂၀၁၅ ခုနှစ် စက်တင်ဘာ နောက်ဆုံးပတ်တွင်လည်း သံဖြူဇရပ်မြို၊ မြို့လယ်ဘုန်းတော်ကြီးကျောင်း၌ အထင်ကရ မွန်ဆရာတော်ကြီးများရှေ့မှောက်တွင် သမ္မရုံးဝန်ကြီး ဦးအောင်မင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်တို့နှင့် မွန်ပြည်ပါတီဥက္ကဌ နိုင်ထောမွန် တွေ့ဆုံခဲ့စဉ် NCA လက်မှတ်ရေးထိုးရန် တိုက်တွန်းခဲ့သော်လည်း အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့အား ချန်ရစ်ထားသဖြင့် မွန်ပြည်သစ်ပါတီ လက်မှတ်မရေးထိုးခဲ့ပေ။

    ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နှင့် ပြည်ထောင်စုအစိုးရတို့ NCA စာချုပ် ချုပ်ဆိုခဲ့ပြီးနောက် ပြီးခဲ့သည့် ဇန်နဝါရီလတွင် နေပြည်တော်၌ ပထမအကြိမ် ငြိမ်းချမ်းရေး ညီလာခံကို ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်သည်။

    မြန်မာပြည်တောင်ပိုင်း၌ လှုပ်ရှားလျက်ရှိသောတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနက် မွန်ပြည်သစ်ပါတီ တစ်ဖွဲတည်းသာ NCA လက်မှတ်မရေးထိုးဖြစ်သေးသော်လည်း မြန်မာအစိုးရတပ်ဖွဲ့နှင့် တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိခဲ့ပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks