spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းသုဝဏ္ဏဘူမိကိုဆက်လက်တူးဖေါ်ရန် မြို့ရိုးဟောင်းကို ထိန်းသိမ်းစောင့်ရှောက်သွားမည်

    သုဝဏ္ဏဘူမိကိုဆက်လက်တူးဖေါ်ရန် မြို့ရိုးဟောင်းကို ထိန်းသိမ်းစောင့်ရှောက်သွားမည်

    -

    သမိုင်းဝင် သုဝဏ္ဏဘူမိမြို့ဟောင်းကို လာမည့်နှစ်တွင် တူးဖေါ်နိုင်ရန် မြိုးရိုးဟောင်းနေရာကို မွန်ပြည်နယ် အစိုးရ၏အစ႘စဉ်ဖြင့် ခြံစည်းရိုးခတ် ထိန်းသိမ်းစောင့်ရှောက်သွားမည်ဟု သိရသည်။

    “သထုံဖက်မှာ ကျနော်တို့ မလုပ်ရသေးဘူး။ သွားရောက်လေ့လာတဲ့အဆင့်ပဲရှိသေးတယ်။ အခု ဒီမြို့ရိုးဟောင်းနေရာ မပျက်စီးအောင် ကျနော်တို့ ခြံစည်းရိုးခတ်လိုက်မယ်။ သံဆူးရိုးခတ် ထိန်းသိမ်းစောင့်ရှောက်မယ်။ စီမံချက် တင်ထားပြီးပြီ။ ဝန်ကြီးချုပ်လည်း သဘောတူတယ်။ ကျနော်တို့ ဆက်ပြီးလုပ်ဆောင်သွားမယ်” ဟု မွန်ပြည်နယ် ဝန်ကြီး ယဉ်ကျေးမှုတာဝန်ခံ ဒေါက်တာ မင်းနွယ်စိုးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ဇေကမ္ဘာဦးခင်ရွှေမှ လှူဒါန်သော ကျပ်ငွေ သိန်း (၃၀၀) ကို မွန်ပြည်နယ်အစိုးရက ဘဏ်မှာသွင်းထားပြီး အတိုးငွေ (၃၅) သိန်းခန့် ရရှိကာ ၎င်းငွေဖြင့်ပင် သထုံမြို့ မူလမင်းကွန်းဘုန်းတော်ကြီးကျောင်း (လေယာဉ်ကွင်းဟောင်း) အနီးတွင်ရှိသော အလျား (၁၃၀၀) ပေရှိ မြို့ရိုးဟောင်းကုန်မြေကို စောင့်ရှောက် ထိန်းသိမ်းထားလျက်ရှိသည်။

    သထုံနှင့်ဘီလင်းမြို့နယ်ရှိ သုဝဏ္ဏဘူမိမြို့ဟောင်းနေရာကို တူးဖေါ်ရန် နိုင်ငံတော်အစိုးရက ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်ငွေသိန်း (၈၀၀) ခန့် ချပေးခဲ့သည့် တူးဖေါ်မှုလုပ်ငန်းသည်လည်း ပြီးစီးသွားပြီဟု သိရသည်။

    သုဝဏ္ဏဘူမိမြို့ဟောင်း တူးဖော်ခဲ့စဉ်(Internet)
    သုဝဏ္ဏဘူမိမြို့ဟောင်း တူးဖော်ခဲ့စဉ်(Internet)

    ယခုတူးဖေါ်သောနေရာတွင် လူအများနေထိုင်ခဲ့ဟန်တူသည်ဟု ယူဆရသော အဆောင်ငယ်များရှိသော အဆောက်အအုံကိုတွေ့ရပြီး အဆောင်တစ်ခုတွင် ပန်းကန်ခွက်စသော အိမ်သုုံးပစ္စည်းများ ပြည့်နှက်နေသည်ကိုလည်း တွေ့ရသည်။ တူးဖေါ်ပြီးစီးသွားသည့်နေရာကို သံတိုင်နှင့်သွတ်အမိုး အကွယ်အကာတို့ဖြင့် ထိန်းသိမ်းထားရန်ကိုလည်း စီစဉ်ထားကြောင်း ဆိုသည်။

    ရှေ့ဆက်လက်တူးဖေါ်မှုပြုလုပ်သွားရန် လက်ရှိမွန်ပြည်နယ်အစိုးရမှ နိုင်ငံတော်သို့ ဘတ်ဂျက် နှစ်ဆ တိုးပေးရန် တောင်းခံထားသည်ဟု ဆိုသည်။ ရပြီးသော ဘတ်ဂျက်ငွေပမာဏသည် အင်မတန် နည်းနေသည့် အတွက်ကြောင့် ပျူနိုင်ငံ ဟန်လင်းမြို့ တူဖေါ်မှုလုပ်ငန်း ဘတ်ဂျက်ရသကဲ့သို့ သုဝဏ္ဏဘူမိသုတေသနတူဖေါ်မှု လုပ်ငန်းအတွက်ကိုလည်း ထိုကဲ့သို့ ဖြစ်သင့်ကြောင်း မွန်သမိုင်းပညာရှင်များက ဆိုသည်။

    “သမိုင်းအရ၊ ရှေးဟောင် စာပေ၊ ပေစာများအရ၊ သထုံစေတီကျောက်စာအရ ဆိုရင် မနုဟာမင်း သမိုင်းဟာ ရှိပြီးသားဖြစ်တယ်။ ဒီ့ထက်စောတဲ့ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ ရရှိအောင် ကျနော်တို့ တူးဖေါ်ရမယ်။ တွေ့ပြီဆိုရင် ဘယ်သူမှ စောဒကတက်စရာမရှိတော့ပါဘူး” ဟု မွန်သမိုင်းပညာရှင် နိုင်မောင်တိုးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ဘီစီ (၅၀၀) ခန့် ဂေါတမမြတ်စွာဘုရား ပွင့်တော်မမူခင်ကပင် သုဒ္ဓမာနဝ (သုဓမ္မနဝ) အမည်ရှိသော လုလင်သည် ရွှေထွက်သောချောင်းအနီးတဝိုက်တွင် မြို့တည်ထားသောကြောင့် သုဝဏ္ဏဘူမိ အမည်တွင်သည်ဟု သုဝဏ္ဏဘူမိသမိုင်းအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks