Friday, March 13, 2026
More
    spot_img
    Homeသတင်းမွန်တွင် ရွေးကောက်ပွဲ အာမခံကြေး ထုတ်ယူရန် (၄၃)ဦး ကျန်ရှိနေ

    မွန်တွင် ရွေးကောက်ပွဲ အာမခံကြေး ထုတ်ယူရန် (၄၃)ဦး ကျန်ရှိနေ

    -

    ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွေကောက်ပွဲ၀င်ခွင့် အာမခံ ကြေး ထုတ်ယူခွင့်ရရှိသူ ၁၂၁ ဦးရှိသည့်အနက် ၇၈ ဦး သာထုတ်ယူခဲ့ပြီး ၄၃ ဦး ထုတ်ယူရန် ကျန်ရှိနေသေး ကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲ တာ၀န်ခံအရာရှိ ဦးဟိဏ်းလင်းထက်မှ သိရသည်။

    ရွေးကောက်ပွဲမကျင်းပမီ ကွယ်လွန်ခဲ့သည့်ကိုယ်စားလှယ်လောင်းများ၊ တင်သွင်းလွှာအပယ်ခံရသူများ၊ ရွေးကောက်ပွဲရွှေ့ဆိုင်းထားသော မဲဆန္ဒနယ်မှကိုယ်စားလှယ်လောင်းများ၊ အမည်စာရင်းတင်သွင်းပြီး ၀င် ရောက်ယှဉ်ပြိုင်ခြင်းမရှိသူများ၊ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များနှင့် ခိုင်လုံမဲ၏ (၈) ပုံ (၁)ပုံ နှင့် အထက်ရရှိသူများသည် ရွေးကောက်ပွဲ၀င်ခွင့်အာမခံငွေ ထုတ်ယူခွင့်ရှိသည်။

    ဦးဟိဏ်းလင်းထက်က “ကျွန်တော်တို့ကစောစောထုတ်စေချင်တာက ဒီလိုပါ၊ ဒီဘက်ကလည်းဘတ်ဂျတ်အကူးအပြောင်းကာလ ဖြစ်နေတော့စာရင်းတွေချုပ်ရတာ နောက်ဘတ်ဂျတ်ကို ပြန်သယ်ရတာဒါမျိူးတွေရှိတယ်။ ကျွန်တော်တို့က ဒီဘက်က ရငွေကနေထုတ်ထား တာဖြစ်တယ်။ ပြည်ထောင်စုက ကျွန်တော်တို့ကို ဥပမာ အယောက် ၁၀၀ အတွက် ချပေးထားတယ်ဆိုရင် အဲဒါကို ဒီဘက်နှစ်မှာထုတ်ပေးလိုက်ရင် ကျွန်တော်တို့ဘဏ္ဍားရေး လုပ်ထုံး လုပ်နည်းအရကျွန်တော်တို့ စာရင်းတွေ ရှင်းတာပေါ့ဗျာ။ ဆိုလိုချင်တာကမတ်လမတိုင်မှီမှာ အပြီး ထုတ်စေချင်တယ်ဗျ” ဟု ပြောသည်။

    မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အစည်းအဝေးတရပ်ကျင်းပစဉ်(MNA)
    မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အစည်းအဝေးတရပ်ကျင်းပစဉ်(MNA)

    ရွေးကောက်ပွဲနည်းဥပဒေအရ ရွေးကောက်ပွဲအပြီး ၆ လအတွင်းလာရောက်ထုတ်ယူခြင်း မရှိပါက ထိုငွေ များကို နိုင်ငံတော်ဘဏ္ဍာများသို့ ပေးသွင်းရမည်ဖြစ်ပြီး အချို့သော အနိုင်ရ လွှတ်တော်ကိုယ်စား လှယ်များ က ပြည်ထောင်စုလွှတ်တော်သို့ တက်ရောက်နေခြင်းကြောင့် မထုတ်ယူရ ခြင်းဖြစ်ကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်၏ ပြောပြချက်အရ သိရသည်။

    အာမခံငွေထုတ်ယူခွင့်ရှိသည့် ကိုယ်စားလှယ်များကလည်း အကြောင်းအမျိူးမျိူးကြောင့် မထုတ်ယူရခြင်း ဖြစ်ကြောင်း သံဖြူဇရပ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တွင်၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း နိုင်လယီတမ က ပြောသည်။

    “လာရောက်ထုတ်ယူဖို့အတွက် ခရို်င်ကော်မရှင်ကပို့လာတဲ့စာတော့ ရပါတယ်။ ဒါပေမယ့် အခုချိန်ထိ သွား မထုတ်ရသေးဘူး။ သွားထုတ်တာတော့သွားထုတ်မှာပါ။ ဒါပေမယ့်လမ်းမကြုံသေးတာရယ် အချိန်လည်း ရှိသေးတယ်ဆိုတော့ သွားမထုတ်ဖြစ်သေးတာပါ” ဟု ၄င်းက ဆက်ပြောသည်။

    ထို့အပြင်၎င်းတို့မွန်အမျိူးသားပါတီအနေဖြင့် အာမခံငွေထုတ်ယူခွင့်ရှိသူ ၁၃ ဦးရှိကြောင်း ၎င်းကဆက် ပြောသည်။

    ရွေးကောက်ပွဲ၀င်ခွင့်အာမခံငွေများကို ၂၀၁၆ ခုနှစ် ဇွန်လအကုန်တွင် နောက်ဆုံးထား၍ ထုတ်ယူရန် အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှလည်း ကြေညာထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks