Saturday, March 14, 2026
More
    spot_img
    Homeသတင်းရေဖြူမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာလုံးကျွတ် ပြန်ပေးဆက်ကြေးငွေပေးဆောင်ခဲ့ရ

    ရေဖြူမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာလုံးကျွတ် ပြန်ပေးဆက်ကြေးငွေပေးဆောင်ခဲ့ရ

    -

    တနသာင်္ရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင်ရှိ ပေါက်ပင်ကွင်းကျေးရွာတွင် အလွန်၊ အဆောင်းဦးစီးသည့် လက်နက်ကိုင်အဖွဲ့က ပြန်ပေးဆက်ကြေးငွေများ အတင်းအဓမ္မတောင်းခံခဲ့ရာ ရွာလုံးကျွတ်ပေးဆောင်ခဲ့ရသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

    ဖေဖော်ဝါရီလ ၁ရ ရက် နံနက်ပိုင်းအချိန်တွင် ခြံများသို့သွားရောက်စဉ် ပေါက်ပင်ကွင်းရွားသား ၈၀ ဦးခန့်အား ယင်းလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထိန်းသိမ်းပြီး ဆက်ကြေးငွေများ တောင်းခံခဲ့သည်ဟု ဖေဖော်ဝါရီ (၁၉) ရက်တွင် မွန်သတင်းအေဂျင်စီသို့ ဒေသခံတစ်ဦးက ဖုန်းဖြင့် ပြောကြားခဲ့သည်။

    “ရွာမှာကျန်ခဲ့တဲ့လူတွေကို ငွေလာပေးဖို့ သူတို့အကြောင်းကြားတယ်၊ သွားမပေးလို့ရှိရင် အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ ပုံစံမျိုးနဲ့ပြောလာတော့ အားလုံးသွားပေးရတာပေါ့၊ ရွာမှာ အိမ်ခြေဘယ်လောက်ရှိတယ်၊ လူဦး ရေ ဘယ်လောက်ရှိတယ် ဆိုတာကို စာရင်းနဲ့ သူတို့ပြုစုထားတော့ ဘယ်သူမှမလွတ်ဘူး” ဟု အဆိုပါဒေသ ခံက ပြောသည်။

    ပေါက်ပင်ကွင်းရွာနှင့်အနီးတဝိုက်ဒေသမြေပုံ(မြဝတီ)
    ပေါက်ပင်ကွင်းရွာနှင့်အနီးတဝိုက်ဒေသမြေပုံ(မြဝတီ)

    ပေါက်ပင်ကွင်းကျေးရွာသည် အိမ်ခြေစုစုပေါင်း (၄၃၀) ကျော်ခန့်ရှိပြီး တစ်မိသားစုလှျင် ကျပ်ငွေငါးသောင်းမှ နှစ်သိန်းခွဲအထိ ဆက်ကြေးငွေများ ပေးဆောင်ခဲ့ရသည်ဟု ဒေသခံများက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ယင်းဆက်ကြေးငွေတောင်းသော အလွန်၊ အဆောင်း ဦးဆောင်သည့် လက်နက်ကိုင်တပ်ဖွဲ့တွင် အဖွဲ့ဝင်အင်း အား (၂၀) ဦးခန့်ရှိပြီး ပြောင်းတိုပြောင်းရှည်သေနတ်အသစ်စက်စက်များ ကိုင်ဆောင်ထားကြသည်ဟု မျက်မြင် တွေ့ရှိခဲ့သော ဒေသခံများက ပြောသည်။

    ပေါက်ပင်ကွင်းကျေးရွာ ဒေသခံတစ်ဦးက “ဒီနေ့ (ဖေဖော်ဝါရီ ၁၉ ရက်) မနက်မှာပဲ ကျေးရွာဥက္ကဋ္ဌမှ ရွာပြင်သို့ မထွက်ဖို့ စစ်တပ် (ခမရ-၂၈၀) ကနေ အမိန့်ထုတ်ထားတယ်ဆိုပြီး တောပိတ်တဲ့အကြောင်းကို ရွာမှာ လိုက်ပြော နေတယ်” ဟု ပြောပြသည်။

    ထိုအပြင် ပြီးခဲ့သည့် ဇန်နဝါရီလတွင်လည်း အဆိုပါကျေးရွာတွင် မွန်အမျိုးသားစောင့်ရှောက် ရေးတပ်ဖွဲ့အမည်ဖြင့် မွန်ချမ်းဦးစီးသည့်အဖွဲ့မှ ဆက်ကြေးငွေများ အတင်းအဓမ္မကောက်ခံခဲ့မှုများ ရှိခဲ့သည်ဟု ဆိုသည်။

    မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းနှင့် နယ်မြေဆက်စပ်လျှက်ရှိသည့် ရေဖြူမြို့နယ်တို့တွင် မွန်လူမျိုးအများစုနေထိုင်သည့်ကျေးရွာများအနီးတဝိုက်၌ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှစတင်၍ မွန်ခွဲထွက်အမည်ခံ ပြန်ပေး-ဓါးပြအဖွဲ့များပေါ်ပေါက်ခဲ့ပြီး ဆက်ကြေးငွေကောက်ခံ လှုပ်ရှားလှျက်ရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks