spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမြေယာပဋိပက္ခအထူးတရားရုံး ဖွဲ့စည်းပေးရန်တောင်းဆို

    မြေယာပဋိပက္ခအထူးတရားရုံး ဖွဲ့စည်းပေးရန်တောင်းဆို

    -

    ယခင်အစိုးရအဆက်ဆက် သိမ်းဆည်းခဲ့သောမြေယာပဋိပက္ခများ ဖြေရှင်းရန်အတွက် လာမည့် အစိုးရသက်တမ်းတွင် အထူးတရားရုံး ဖွဲ့စည်းပေးရန် မွန်ဒေသသံလွင်အရှေ့ခြမ်းရှိ တောင်သူလယ်သမားများနှင့် မြေယာအသုံးချသူများ နှီးနှောဖလှယ်ပွဲက ဖေဖေါ်ဝါရီ ၁၅ ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့ရာတွင် တောင်းဆိုထားသည်။

    မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း Hurfom ပရောဂျက်မန်နေဂျာ နိုင်စဝေါမွန်က “ကျွန်တော်တို့လို မြေယာအခွင့်အရေးဆိုင်ရာလုပ်ကိုင်နေသူတွေ၊ မြေယာသိမ်းခံရတဲ့သူတွေက အစိုးရသစ်ကို မှျော်လင့်နေကြတယ်။ ဒီလာမယ့်အစိုးရသစ်က ဒီမိုကရေစီလမ်းကြောင်းအတိုင်း လွတ်လပ်စွာ လှုပ်ရှားမယ့်သူတွေ ဖြစ်တယ်လို့ပြည်သူတွေက လက်ခံထားကြတယ်။ ဒီတော့ လာမယ့်အစိုးရသစ် လက်ထက်မှာ မြေယာပြဿနာတွေ ဖြေရှင်းနိုင်ဖို့ အထူးတရားရုံးဖွဲ့စည်းပေးဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ဒါကြောင့်ဒီအချက်ကို ထည့်သွင်းတောင်းဆိုထားတာပါ” ဟု ပြောသည်။

    အဆိုပါနှီးနှောဖလှယ်ပွဲကို မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ ပိုင်ခေတ်ခန်းမ၌ ဖေဖော်ဝါရီ ၁၄၊ ၁၅ ရက်များတွင် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှ ဦးဆောင်ကျင်းပခဲ့ရာ ဒေသအသီးသီးမှ ပြည်သူများ၏ အသံကိုအခြေခံ၍ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

    မြေယာအသုံးချသူများ နှီးနှောဖလှယ်ပွဲ(MNA)
    မြေယာအသုံးချသူများ နှီးနှောဖလှယ်ပွဲ(MNA)

    ထို့အပြင် မြေယာပြဿနာနှင့် သက်ဆိုင်သည့်တောင်းဆိုချက် ၉ ချက်အပါအဝင် မွန်၊ ကရင်ပြည်နယ်နှင့် တနသာင်္ရီတိုင်းဒေသကြီးမှ မြေယာအသုံးချသူများက မြေယာအခွင့်အရေး လှုပ်ရှားသွားနိုင်ရန် မြေယာကွန်ယက်တစ်ခု ဖွဲ့စည်းမည်ဟု ဆိုသည်။

    မွန်ပြည်နယ်တွင် စစ်တပ်သိမ်းဆည်းထားသည့် မြေဧကပေါင်း နှစ်သောင်းနှစ်ထောင် ခန့်ရှိကြောင်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း၏ စစ်တမ်းများအရ သိရသည်။

    ဒို့မြေကွန်ယက်မှ ကိုစည်သူက “တောင်သူလယ်သမား သမဂ္ဂဖြစ်မြောက်ရေးအဖွဲ့ကို ဒီနေ့ဖွဲ့ဖြစ်တယ်။ ရပ်ကျေးကနေ မြို့နယ်၊ မြို့နယ်ကနေ ပြည်နယ် ဆိုပြီးတော့ တောင်သူလယ်သမားသမဂ္ဂ ဖော်ဆောင်သွားမှာပေါ့။ အခုဟာက သမဂ္ဂဆိုလည်းမဟုတ်ပါဘူး ဒါကခေါင်းစဉ်ပဲ ဒီနာမည်အောက်ကနေ မြေယာကွန်ယက်နာမည်နဲ့ သွားကြတာပေါ့။ ဒီမွန်ဒေသမှာရှိတဲ့ လူ့အခွင့်အရေးချိ်ုးဖောက်ခံရတာတွေ မြေသိမ်းယာသိမ်းကိစ္စတွေကို ဝိုင်း၀န်းဖြေရှင်းဖို့ ဒီအဖွဲ့ကိုဖွဲ့လိုက်တာပါ” ဟု ပြောသည်။

    အဆိုပါထုတ်ပြန်ကြေညာချက်ကို မွန်၊ ကရင်ပြည်နယ်နှင့် တနသာင်္ရီတိုင်းရှိ မြေယာအခွင့်အရေး လုပ်ကိုင်နေသူများနှင့် လူမှုအဖွဲ့အစည်းများမှ စုစုပေါင်းကိုယ်စားလှယ် (၉၄) ဦး တက်ရောက်ဆွေးနွေးခဲ့ပြီး ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

    ထို့အပြင် မြေယာနှင့်ပတ်သက်သည့် အသေးစိတ်ဆွေးနွေးချက်များအား စာအုပ်ထုတ်ေ၀ရန်ရှိပြီး အဆိုပါထုတ်ပြန်ကြေညာချက်နှင့်အတူ အစိုးရထံသို့ ပေးပို့သွားမည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks