spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းစတုတ္ထအကြိမ်မြောက် မွန်လူငယ်များနေ့ ငွေကျပ်သိန်း ၂၅၀ နီးပါးခန့်ကုန်ကျခဲ့

    စတုတ္ထအကြိမ်မြောက် မွန်လူငယ်များနေ့ ငွေကျပ်သိန်း ၂၅၀ နီးပါးခန့်ကုန်ကျခဲ့

    -

    ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာ၌ ဒီဇင်ဘာလ (၂၈) ရက်နေ့ ၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့ သည့် စတုတ္ထအကြိမ်မြောက် မွန်လူငယ်များနေ့အခမ်းအနားတွင် ကျင်းပရေးစရိတ် ငွေကျပ် ၂၅၀ သိန်းနီးပါးခန့် ကုန်ကျခဲ့သည်ဟု စတုတ္ထအကြိမ်မြောက် မွန်လူငယ်များနေ့ ဖြစ်မြောက်ရေးကော်မတီအဖွဲ့မှ သိရသည်။

    အဆိုပါ မွန်လူငယ်များနေ့ ကျင်းပနိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပမှ မွန်အလှုရှင်၊ စေတနာရှင်များ၊ Sponsor များ၊ ရန်ပုံငွေရှာဖွေရေးစသည့် အစီအစဉ်များဖြင့် စုစုပေါင်းဝင်ငွေ ကျပ် (၂၅၀,၅၇,၅၃၀) သိန်းရရှိခဲ့ပြီး ထွက်ငွေ ကုန်ကျစရိတ် ကျပ် (၂၄၆,၁၃,၆၄၀) သိန်းဖြစ်သည်ဟု ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ မွန်ရ ဟန်ပျိုးအသင်းအဖွဲ့မှ အရှင်ပညိန္ဒက မိန့်ကြားသည်။

    အရှင်ပညိန္ဒက “ဒီစာရင်းရှင်းတမ်းတွေက သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို ပေးပို့သွားမှာဖြစ်တယ်။ အထူး သဖြင့်တော့ မြို့နယ်အဆင့် မွန်လူငယ်အဖွဲ့များ၊ မွန်လူငယ်များနေ့ကျင်းပရေးတွင် ပါဝင်လှုပ်ရှားပေးခဲ့တဲ့ လူမှု အဖွဲ့အစည်းများ၊ မွန်ပြည်သစ်ပါတီဆက်ဆံရေးရုံးနှင့် ခရိုင် (၃) ခရိုင်များ၊ ဂုဏ်ပြုသင့်တဲ့ အလှုရှင်များ အားလုံး ဆီကို ဖြန့်ဝေသွားမှာပါ၊ ကျန်တာက အွန်လိုင်းပေါ်မှာတင်ပြီး ဖြန့်ပေးမယ်” ဟု မွန်သတင်းအေဂျင်စီသို့ မိန့်သည်။

    စတုတ္ထအကြိမ်မြောက် မွန်လူငယ်များနေ့အခမ်းအနား (မွန်ထော်)
    စတုတ္ထအကြိမ်မြောက် မွန်လူငယ်များနေ့အခမ်းအနား (မွန်ထော်)
    ယင်းကုန်ကျစရိတ် ခေါင်းစဉ်များတွင် အခမ်းအနား ပြင်ဆင်ရေး၊ ပြန်ကြားရေး၊ ဖျော်ဖြေရေးကဏ္ဍများအပြင် မွန် လူငယ်များနေ့ ဧည့်ခံကြိုဆိုရေးအတွက် အသုံးပြုခြင်း၊ လက်ကမ်းစာစောင်များ ပြုလုပ်ခြင်းစသဖြင့်ပါဝင်နေ သည်ကို စတုတ္ထအကြိမ်မြောက် မွန်လူငယ်များနေ့ ငွေစာရင်းရှင်းတမ်းတွင် ဖော်ပြထားသည်။

    စတုတ္ထအကြိမ်မြောက် မွန်လူငယ်များနေ့ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်များသည် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကော့ဘိန်းကျေးရွာရှိ မဟာဝိဟာရကျောင်းတိုက်၌ ငွေစာရင်းရှင်းတမ်းရှင်းလင်းပွဲတစ်ရပ် ပြု လုပ်ခဲ့ပြီး ယင်းကုန်ကျစရိတ်များကို တွက်ချက်အတည်ပြုထားခြင်းဖြစ်သည်။

    စတုတ္ထအကြိမ် မွန်လူငယ်များနေ့ဖြစ်မြောက်ရေးကော်မတီ တွဲဖက်အတွင်းရေးမှုး မင်းအောင်ပိုင်က “အဓိက,က တော့ ဒီငွေတွေကို ဘယ်လိုသုံးစွဲခဲ့သလဲ၊ ဘယ်နေရာမှာ ကုန်ကျသွားလဲ ပွင့်လင်းမြင်သာမှုရှိအောင်လို့ ဒီစာရင်းတွေကို အများသိအောင် ချပြပေးခြင်းဖြစ်တယ်၊ နောက်ပြီး လုပ်ငန်းတစ်ခုပြီးမြောက်တိုင်းမှာ ဝင်ငွေ၊ ထွက်ငွေစာရင်းတွေက ရှိကိုရှိရမယ်၊ ဒါတွေကို လူအများသိအောင် ချပြရှင်းလင်းပေးနိုင်ရမယ်” ဟု ပြောသည်။

    လက်ကျန်ငွေများကို ယခုနှစ်တွင် ကျရောက်မည့် ပဥ္စမအကြိမ်မြောက် မွန်လူငယ်များနေ့အခမ်းအနား ကျင်း ပနိုင်ရေးအတွက် ဖြစ်မြောက်ရေးကော်မတီများဖွဲ့စည်းပြီးမြောက်သည့်အခါ စာရင်းရှင်းတမ်းများနှင့်အတူ အသုံး ပြုရန် အပ်နှံပေးသွားမည်ဖြစ်သည်။

    ထိုအပြင် ၂၀၁၄ ခုနှစ်က မွန်ပြည်နယ် မုဒုံမြို့နယ် နှီးပဒေါကျေးရွာတွင် ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် မွန်လူငယ်များနေ့အခမ်းအနားတွင်လည်း စုစုပေါင်းကျပ် ၁၀၀ သိန်းကျော် ဝင်ငွေရရှိသည့်အနက် ကျင်းပရေး ကုန်ကျစရိတ်အဖြစ် ကျပ် ၉ရ သိန်းကျော် ရှိခဲ့သည်ဟု သိရသည်။

    မွန်လူငယ်နှီးနှောဖလှယ်ပွဲများကို ၂၀၀ရ ခုနှစ် ပထမအကြိမ် ရေးချောင်းဖျားဒေသ ကမ်းနီ ကျေးရွာတွင်လည်းကောင်း၊ ၂၀၀၉ ခုနှစ် ဒုတိယအကြိမ် အင်းခွကျေးရွာ ကြာအင်းဆိပ်ကြီးမြို့နယ် တွင်လည်းကောင်း၊ ၂၀၁၂ ခုနှစ် တတိယအကြိမ် ဝယ်ဗိုင်ကျေးရွာ ရေးမြို့နယ်တွင်လည်းကောင်း အသီးသီးကျင်းပပြီး ဒီဇင်ဘာလ ၂၈ ရက်ကို မွန်လူငယ်များနေ့အဖြစ် တညီတညွတ်တည်း သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

    မွန်လူငယ်များနေ့အခမ်းအနားကို ၂၀၁၂ ခုနှစ်တွင် ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ပေါက်ကျေး ရွာ၌ စတင်ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ကို မော့ကနင်ကျေးရွာ၊ ရေးမြို့နယ်တွင်လည်းကောင်း၊ တတိယအကြိမ် ကို နှီပဒေါကျေးရွာ၊ မုဒုံမြို့နယ်တွင်လည်းကောင်း၊ စတုတ္ထအကြိမ်ကို ကော့ဘိန်းကျေးရွာ၊ ကော့ကရိတ်မြို့ နယ်တွင်လည်းကောင်း နှစ်စဉ်ကျင်းပခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks