Saturday, March 14, 2026
More
    spot_img
    Homeသတင်းဝင်းစိန်ဆရာတော်၏ ရုပ်ကလာပ်တော်ကို နိဗ္ဗာန်စံကျောင်းသို့ ပင့်ဆောင်ထားရှိ

    ဝင်းစိန်ဆရာတော်၏ ရုပ်ကလာပ်တော်ကို နိဗ္ဗာန်စံကျောင်းသို့ ပင့်ဆောင်ထားရှိ

    -

    ယမန်နှစ်တွင် ပျံလွန်တော်မူခဲ့သော ဝင်းစိန်တောရ ဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ‘ဘဒ္ဒန္တ ဒေါက်တာ ကေသရ’ ၏ သက်တော် (၉၅) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲတော်တွင် ဆရာတော်၏ ရုပ်ကလာပ်တော်ကို ဘုမ္မိရာဇာဓမ္မာရုံမှ နိဗ္ဗာန်စံကျောင်းသို့ ပင့်ဆောင်ခဲ့ပြီး ထာဝရ ပူဇော်ခံ ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။

    ဆရာတော်၏ ကြွင်းကျန် ရုပ်ကလာပ်တော်ကို ပြာသိုလဆုတ် (၁၀) ရက်(ဖေဖော်ဝါရီ ၃ ရက်) နေ့တွင် ကျရောက်သော ဆရာတော်၏ မွေးနေ့ အထိမ်းအမှတ်ပွဲတွင် နိဗ္ဗာန်စံကျောင်းသို့ ပင့်ဆောင်ခဲ့ခြင်း ဖြစ်သည်။

    “ဒီကနေ့ နံနက် (၉) နာရီမှာတော့ ဆရာတော်ရဲ့ ရုပ်ကလာပ်တော်ကို ဓမ္မာရုံမှ နိဗ္ဗာန်စံကျောင်းတော်သို့ ပင့် ဆောင်သွားမှာ ဖြစ်ပါတယ်၊ ရှေ့ဆက်ပြီးတော့လည်း ဆရာတော်ရဲ့ ရုပ်ကလာပ်တော်ကို လာရောက်ဖူး မြှော်နိုင် အောင်ဆိုပြီး နိဗ္ဗာန်စံကျောင်းတော်ကို အချိန်နဲ့ဖွင့်လှစ်ပေးသွားဖို့ စီစဉ်ထားတယ်” ဟု ဆရာတော်၏ ဝေယျာဝစ္စ ဆောင်ရွက်နေသည့် မွန်အရှင် တိက္ခ ကမိန့်ကြားသည်။

    ဆရာတော်ဘုရားမှာကြားထားတဲ့အတိုင်း ရုပ်ကလာပ်တော်ကို မီးမရှို့၊ ရေမမျှော၊ မြေမမြှပ်ဘဲ နိဗ္ဗာန်စံကျောင်း မှာ ထာဝရထားရှိသွားဖို့ နဲ့ ဆရာတော်ရဲ့ မွေးနေ့အထိမ်းအမှတ်ကိုလည်း နှစ်တိုင်း ဆက်လက်ကျင်း ပသွားမည်ဖြစ်ကြောင်းကိုလည်း ဆက်မိန့်ထားသည်။

    ကျောင်းဒါယကာ နိုင်ဝင်းစိန် က “ဆရာတော်ရဲ့ မွေးနေ့မင်္ဂလာကိုတော့ သက်တော် ၇၅ နှစ်မှာ စတင်ကျင်း ပခဲ့ပြီးတော့ အခု ဆရာတော်ရဲ့အသက် ၉၅ နှစ်မွေးနေ့ပွဲမှာ ဆရာတော် ပျံလွန်သွားပြီပေါ့၊ ပျံလွန်သွားခဲ့ပေမယ့် ဆရာတော်မှာကြားထားတဲ့အတိုင်း မွေးနေ့မင်္ဂလာတော်ကို ထာဝရ ကျင်းပသွားဖို့ဆိုပြီး အခုလိုဒါယကာတွေ စုပြီး မွေးနေ့ပွဲ ကျင်းပခဲ့တယ်” ဟု ပြောသည်။

    ပြီးခဲ့သည့် ဇန်နဝါရီလ (၂၄) ရက်နေ့ မှ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ ဆရာတော်၏ ရုပ်ကလာပ်တော်ကို ယာယီစံကျောင်းမှ ဘုမ္မိရာဇာ ဓမ္မာရုံကြီးသို့ ၁၀ ရက်တိုင်တိုင် ပြောင်းရွှေ့ပင့်ဆောင်ခဲ့ပြီဖြစ်သည်။
    မွေးနေ့ပွဲတော်တွင် မွန်ပြည်နယ်အတွင်းရှိ ကျောင်းပေါင်း (၁၅ဝ) အား ပင့်တော်မူပြီး သံဃာ တော်အပါး (၁၀ဝဝ) ကို ဆွမ်းနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဧည့်ပရိတ် သတ်များကို စတုဒိတာ ကျွေး မွေးခြင်းဖြင့် လှူဒါန်းခဲ့သည်။
    နှစ်စဉ်ဆရာတော်၏ မွေးနေ့ပွဲကို ပြာသိုလဆုတ် ၉၊ ၁၀၊ ၁၁ ရက်နေ့များတွင် ပြုလုပ်ကျင်းပလေ့ ရှိပြီး မွန်ပြည်နယ်၏ အစည်ကားဆုံးပွဲတော်တစ်ခုအဖြစ် လူသိများခဲ့သည်။
    ဆရာတော်ဘုရားကြီးသည် မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင်ရှိသည့် ကမ္ဘာ့အကြီးဆုံး အတောင် ၄၀ဝ ပြည့် လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးကို တည်ဆောက်ခဲ့ သောကြောင့် မွန်ဒေသတဝန်းတွင် ကျော်ကြားခဲ့သည်။

    ထို့အပြင် ဝင်းစိန်သာသနာ့မြေအတွင်း အတောင် ၇၀ အမြင့်ရှိ ရှင်ဥပဂုတ်မထေရ်မြတ် ရုပ်ပွား တော် တဆူနှင့် ဆရာတော်၏ ဇာတိရွာဖြစ်သည့် မုဒုံမြို့နယ် လက်တက်ကျေးရွာဝင်ဝ တွင်လည်း အတောင် ၁၈၀ ထိုင်တော်မူ ဗုဒ္စရုပ်ပွားတော် တဆူကိုလည်း တည်ထားခဲ့သည်။

    ဆရာတော်၏ သက်တော် ၉၄ နှစ်ပြည့် မွေးနေ့မင်္ဂလာကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ကျင်း ပပြုလုပ်ခဲ့ပြီး ပျံလွန်တော်မူချိန်တွင် ရဟန်း ၄၅ ဝါရှိပြီဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks