spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းပြည်တွင်းမွန်နိုင်ငံရေးပါတီများ တစ်ပါတီပေါင်းစည်းရေး မွန်ပြည်သစ်ပါတီ ကြိုးပမ်းမည်

    ပြည်တွင်းမွန်နိုင်ငံရေးပါတီများ တစ်ပါတီပေါင်းစည်းရေး မွန်ပြည်သစ်ပါတီ ကြိုးပမ်းမည်

    -

    မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ အမျိုးသမီး(မွန်)ပါတီ ၃ ပါတီတို့ ပြီးခဲ့သည့်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် မွန်ကိုယ်စားလှယ်လောင်းများစွာ မဲရှုံးခဲ့သောကြောင့် ရွေးကောက်ပွဲဝင်မည့် တရားဝင်မွန်နိုင်ငံရေးတစ်ပါတီဖြစ်စေရန် ကြိုးပမ်းသွားမည်ဟု နဝမအကြိမ်မြောက် မွန်ပြည်သစ်ပါတီညီလာခံ

    က ဇန်နဝါရီလ ၁၄ ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်ရာတွင် ထည့်သွင်းဖော်ပြထားသည်။

    ပြည်တွင်းမွန် ၃ ပါတီခေါင်းဆောင်များနှင့် မွန် CSO တို့အမှတ်တရဓါတ်ပုံ(Banya Aung Moe)
    ပြည်တွင်းမွန် ၃ ပါတီခေါင်းဆောင်များနှင့် မွန် CSO တို့အမှတ်တရဓါတ်ပုံ(Banya Aung Moe)

    နိုင်ထောမွန် က “ပြည်တွင်းမွန်နိုင်ငံရေးပါတီတွေကို တစ်ပါတီဖြင့်အောင် ကျွန်တော်တို့ မွန်ပြည်သစ်ပါတီ အနေနဲ့ ပါဝင်ဆောင်ရွက်သွားမယ်၊ အရင်ကဆို အဲဒီမွန်နိုင်ငံရေးပါတီတွေ ညီညွတ်အောင်ဆိုပြီးတော့ မွန်သံဃာတွေကို ဦးစီးပြီးညှိနှိုင်းခဲ့ပါတယ်၊ နောက်ဆုံး မွန်သံဃာတော်တွေ လက်လျော့ရတဲ့အထိ ဖြစ်သွားတယ်၊ ဒါကြောင့် ကျနော်တို့ မွန်ပြည်သစ်ပါတီရဲ့ လုပ်ငန်းစဉ်တရပ်အနေနဲ့ အဲဒီပါတီတွေညီညွတ်ဖို့ ကြိုးစားသွားမယ်” ဟု ဆိုသည်။

    ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မွန်အမတ် ၄ ဦးသာအနိုင်ရရှိခဲ့ကြောင်း၊
    မွန်နိုင်ငံရေးပါတီ ၃ ပါတီဖြစ်နေခြင်းကြောင့် မဲများပြန့်ကြဲသွားပြီး မဲရှုံးရကြောင်း၊ မွန်ပါတီများနေသည့်အတွက် ပြည်သူများစိတ်ရှုတ်ထွေးက မဲထည့်လိုသည့်ဆန္ဒနည်းပါးခဲ့ကြောင်း၊ ထို့ကြောင့် မွန်တစ်ပါတီဖြစ်ရန် ကြိုးပမ်းရမည်ဟု မွန်ပြည်ပါတီ ဥက္ကဌ နိုင်ထောမွန်က ဆိုသည်။

    နိုင်ထောမွန် က “၂၀၁၅ ရွေးကောက်ပွဲဟာ မွန်တွေအတွက် သက်သေအထောက်အထားတစ်ခုပေါ့နော်၊ ရွေးကောက်ပွဲဝင်တဲ့ မွန်ပါတီဟာ တစ်ပါတီဖြစ်သင့်တယ်၊ ဘယ်လိုလုပ်ဆောင်သွားမှာလဲဆိုတာကိုတော့ ကျနော်တို့ မွန်ပြည်သစ်ပါတီရယ်၊ ပြည်တွင်းက မွန်နိုင်ငံရေးပါတီတွေရယ်၊ မွန်သံဃာတွေရယ် ပါဝင် ဆွေးနွေးသွားမယ်၊ အများသဘောတူ ဆုံးဖြတ်တာကို ကျနော်တို့လည်း လက်ခံမယ်” ဟု ဆိုသည်။

    ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မွန်အမျိုးသားပါတီမှ ၅၂ ဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ၃၅ ဦး ၊ အမျိုးသမီး (မွန်) ပါတီမှ ၄ ဦးအပြင် တစ်သီးပုဂ္ဂလမွန်များ စုစုပေါင်း မွန်ကိုယ်စားလှယ်လောင်းအားလုံး ၁၀ဝ နီးပါးခန့် ၂၀၁၅ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ရာ ၄ ဦးသာ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

    နဝမအကြိမ် မွန်ပြည်သစ်ပါတီညီလာခံကို ၂၀၁၅ ဒီဇင်ဘာ ၂၇ ရက်နေ့မှ ၂၀၁၆ ဇန်နဝါရီ ၁၄ ရက်အထိ မွန်ပြည်နယ်၊ ရေးချောင်းဖျားဒေသရှိ မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်၌ ကျင်းပရာ ပါတီကိုယ်စားလှယ် ၁၂၂ ဦး၊ လေ့လာသူ ၁၈ ဦး၊ အကြံပေး ၁၀ တက်ရောက် စုစုပေါင်း ၁၅၀ ဦး တက်ရောက်သည်ဟု အထက်ပါကြေညာချက်တွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks