spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းမွန်တစ်မျိုးသားလုံးညီညွတ်ရေးစာတမ်းရေးဆွဲရန် ကော်မတီဖွဲ့စည်း

    မွန်တစ်မျိုးသားလုံးညီညွတ်ရေးစာတမ်းရေးဆွဲရန် ကော်မတီဖွဲ့စည်း

    -

    မွန်တစ်မျိူ်းသားလုံးညီညွတ်ရေးစာတမ်းရေးဆွဲရန် ကော်မတီဖွဲ့စည်းစဉ်(MNA)
    မွန်တစ်မျိူ်းသားလုံးညီညွတ်ရေးစာတမ်းရေးဆွဲရန် ကော်မတီဖွဲ့စည်းစဉ်(MNA)
    လာမည့် မွန်အမျိုးသားကွန်ဖရင့်တွင် မွန်တမျိုးသားလုံးစည်းလုံးညီညွတ်ရေး စာတမ်းတင်သွင်းရန် မွန်လူမျိုးရေးရာအဖွဲ့နှင့် လူမှုအဖွဲ့အစည်းများပူပေါင်းပြီး စားတမ်းပြုစုရေး ကော်မတီတစ်ရပ်ကို ဇန်နဝါရီလ ၁၁ ရက်နေ ့မော်လမြိုင်မြို့ မွန်ဓမ္မာရုံတွင် ဖွဲ့စည်းခဲ့သည်။

    စာတမ်ပြုစုရေးကော်မတီတွင် သံဃာတော် ၃ ပါးနှင့် မွန်လူမှုရေးအဖွဲ့ခေါင်ဆောင်များ အမျိုးသားရေးလှုပ်ရှားသူ များ စုစုပေါင်(၁၇)ဦးဖြင့် ဖွဲ့စည်းထားပြီး မွန်အမျိုးသားကွန်ဖရင့်ကျင်းပမည့် မတ်လမတိုင်မီ မွန်တမျိုးသားလုံးစည်လုံးညီညွတ်ရေး စာတမ်းပြုစုပြီးမြောက်အောင် ကော်မတီက လှုပ်ရှားရမည်ဖြစ်ကြောင်း စာတမ်းပြုစုရေးကော်မတီဝင်တစ်ဦးက ပြောသည်။
    ‘ယခုလိုကျွန်တော်တို့ တမျိုးသားလုံးညီညွတ်ရေးဟာ အဓိကအခန်းဟာ ပါတီထိပ်ပိုင်းခေါင်ဆောင်တွေပါ ဒါပေ မဲ့ ဒီနေ့အစည်းအဝေးဟာ သူတို့ပါမလားဘူး၊ အဲဒါကို ညီညွတ်ရေးကိုမလိုလားတဲ့သဘောဖြစ်နေတယ်၊ ဒါတွေကို ကျွန်တော်တို့ စောင့်ဆိုင်းနေလဲမဖြစ်ဘူး၊ မဖြစ် ဖြစ်အောင်ကျွန်တော်တို့ကြိုးစားရမှာပဲ’ ဟု မွန်ရေးရာအဖွဲ့ MAU ဗဟိုကော်မတီအဖွဲ့ဝင်လည်းဖြစ် ကွန်ဖရင့်ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်လည်းဖြစ်သူ နိုင်ဇာတိနိုင် ကပြော သည်။

    ပြီးခဲ့သည့် ၂၀၁၃ ပထမအကြိမ် မွန်အမျိုးသားကွန်ဖရင့်မော်လမြိုင်တွင်လည်း မွန်တမျိုးသားလုံးအတွက် စည်းလုံး ညီညွတ်ရေးစာတမ်းကို မွန်ဒီမိုကရေစီပါတီနှင့် ပြည်ပရောက်မွန်အဖွဲ့အစည်း(OMCC) တို့ တင်ပြဆွေးနွေးမှုရှိခဲ့သော်လည်း လက်ရှိတွင် မွန်တမျိုးသားစည်းလုံးညီညွတ်ရေးကို ပိုးပြီးရှုတ်ထွေးစေသည်ဟု ဝေဖန်သံများ ထွက်ပေါ်နေသည်။
    “ဒီစာတမ်းကိုမွန်အမျိူးသားညီလာခံတိုင်းမှာ ရေးဆွဲနေတာဖြစ်တယ်။ ဒါပေမယ့်ဒီတစ်ခေါက်မှာပိုပြီးလေးနက်ဖို့ ပိုပြီးအရာရောက်ဖို့နဲ့ ကျွန်တော်တို့လူမျိူးတွေ လေးစားလိုက်နာဖို့ ဒီတစ်ခေါက်မှာတော့ သေသေချာချာ လုပ်ရမှာဖြစ်တယ်။ ဒါကြောင့်မို့ဒီကနေ့ ကျွန်တော်တို့ဒီကနေ့ အကြံညံတွေတောင်းဖို့ အားလုံးကို အခုလိုဖိတ်ခေါ်လိုက်တာပါ” ဟု မွန်ရေးရာအဖွဲ့ (ပြည်တွင်း) သဘာပတိဖြစ်သူ နိုင်ဗညားဂဂျော့ ကပြောသည်။
    လာမည့် မတ်လလောက်တွင် ကျင်းပရန်ရှိသည့် မွန်တမျိုးသားစည်းလုံးညီညွတ်ရေးစာတမ်းကို မွန်အမျိုးသား ကွန်ဖရင့်တွင် တက်ရောက်သူကိုယ်စားလှယ်တွေက တင်ပြဆွေးနွေးကြမည်ဖြစ်သည်။
    လာမည့်သီတင်းပတ်တွင် အဆိုပါကော်မတီဝင်များ ထပ်မံတွေ့ဆုံသွားမည်ဖြစ်ပြီး စာတမ်းရေးဆွဲရန်အတွက် ရေးဆွဲမည့် သူများအား ရွေးချယ်ဆုံးဖြတ်သွားမည် ဖြစ်သည်။

    လာမည့် မတ်လတွင် ကျင်းပမည့် မွန်အမျိူးသားကွန်ဖရင့်မတိုင်မီ စာတမ်းအပြီးသတ်ရေးဆွဲရန် ညီညွတ်ရေးအပိုင်းတွင် ကဏ္ဍအများအပြားပါဝင်သည့်အတွက် စာတမ်းပါဝင်ရေးဆွဲသူဦးရေ များပါက အပိုင်းလိုက်ခွဲ၍ ရေးဆွဲသွားမည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks