Friday, March 13, 2026
More
    spot_img
    Homeသတင်းကျိုက်မရောမြို့နယ်တွင် ဘိလပ်မြေစက်ရုံထပ်မံတည်ဆောက်မှုအပေါ် ဒေသခံများ ကန့်ကွက်

    ကျိုက်မရောမြို့နယ်တွင် ဘိလပ်မြေစက်ရုံထပ်မံတည်ဆောက်မှုအပေါ် ဒေသခံများ ကန့်ကွက်

    -

    မြေစာရင်းဌာန ထုတ်ပြန်ချက်(copy)
    မြေစာရင်းဌာန ထုတ်ပြန်ချက်(copy)
    ရေးသားသူ- စနောင်းတိုင်း – မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မယ်ကရိုကျေးရွာနှင့် ကော့ပနော့ကျေးရွာကြားရှိ ကွင်းအမှတ် (၄ဝ၆)၊ ဦးပိုင်ပေါင်း (၇၀) ၊လယ်ယာမြေ ဧရိယာ (၂၆၂. ၃၂) ဧကတွင် June Industry Ltd

    မှ ဘိလပ်မြေစက်ရုံတည်ဆောင်ရန် ကျိုက်မရောမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဋ္ဌာနက အသိပေးထားသည့်အပေါ် ဒေသခံများက ကန့်ကွက်နေကြောင်း သိရသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ရက်နေ့ နောက်ဆုံးထားပြီး ကန့်ကွက်စာပေးပို့နိုင်ကြောင်း၊ သတ်မှတ်ထားသည့်ရက်ကျော်လွန်ပါက ဘိလပ်မြေစက်ရုံတည်ဆောက်ခွင့်ကို June Industry Ltd မန်နေဂျာ ဒေါက်တာ နုနုဝင်း ကိုလွှဲအပ်ပေးမည်ဖြစ်ကြောင်း ကျိုက်မရောမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဋ္ဌာန မှ နိုဝင်ဘာလ ၆ ရက်နေ့တွင် ကြေငြာချက်ထုတ်ပြန်လိုက်သည့်အပေါ် ယင်းကဲ့သို့ ကန့်ကွက်ရကြောင်း ဒေသခံများ ကပြောသည်။

    “ဒီထုတ်ပြန်ကြေငြာချက်တွေက ကျနော်တို့ဆီကို တိုက်ရိုက်မရောက််ခဲ့ပါဘူး၊ ကျနော်တို့ လိုက်မေးစုံစမ်း ပြီးမှ ရရှိတာပါ၊ သူတို့က ကျနော်တို့ရွာကို မပေးရဲလို့ လွှစင်ကုန်းရွာဘက်ကိုသွားပေးထာတယ်၊ အဲဒီရွာကတဆင့် ကျနော်တို့ကိုပို့လာပြီးမှ ဒီထုတ်ပြန်ကြေငြာချက်ကို ကျနော်တို့သိရတယ်” လို့ မယ်ကရိုကျေးရွာ နိုင်အောင်သန်းတင် ကပြောသည်။

    ဘိလပ်မြေစက်ရုံတည်ဆောက်ဖြစ်မည်ပါက ဒေသခံများအတွက် လူမှုရေး၊ ကျန်မာရေး၊ စိုက်ပျိုးရေး ကဏ္ဍတွေမှာအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ရနိုင်ကြောင်း၊ မိုင်းဖောက်ခွဲရသည့်အတွက် ပျားတောင် နှင့် မယ်ကရိုတောင်ရှိ ရှေဟောင်းဘုရားစေတီများ အပါအဝင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများနှင့် ဒေသခံတို့၏ အိုးအိမ်များ တုန်လှုပ်ပျက်စီးနိုင်ကြောင်း ဒီဇင်ဘာလ ၂ရက်နေ့တွင် ကျိုက်မရောမြို့နယ် မြေစားရင်းဦးစီးဌာနသို့ တင်ပြထားသည့် ကန့်ကွက်စာတွင် ဖော်ပြထားသည်။

    အဆိုပါလယ်ယာမြေရှိ ဘိလပ်မြေစက်ရုံ သာမက အဆောက်အဦးတစ်ခုခု တည်ဆောက်လျှင်လည်း ဒေသခံတွေ ကန့်ကွက်သွားမည်ဖြစ်ကြောင်း၊ လယ်ယာမြေတွင် လယ်ယာအလုပ်တစ်ခုတည်းသာ လုပ်ရမည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

    “ကျနော်တို့ စာတင်ထားတာကတော့ ဒီဇင်ဘာ (၂) ရက်နေ့၊ ဒီဇင်ဘာ (၃) ရက်နေ့မှာတော့ ကုမ္ပဏီကနေ ကျနော်တို့ကို လာတွေ့တယ်၊ သူတို့ပြောတာကတော့ စာတင်ထားတယ်မဟုတ်လား၊ တင်ထားတဲ့စာတွေကို ပြန်ရုတ်သိမ်းလို့ရမှာလား၊ ကျနော်ပြောတာက ဒီကန့်ကွက်စာတွေဟာ ဒေသခံတွေရဲ့ ဆန္ဒဖြစ်တယ်၊ ကျနော့်ရဲ့ ဆန္ဒတစ်ခုတည်းမဟုတ်ဘူး၊ သူတို့ဖြစ်ချင်တာကို တင်ပြပြီးတော့မှ ပြန်လည်ရုတ်သိမ်းဖို့ဆိုတာ မဖြစ်နိုင်ဘူး” ဟု မယ်ကရိုကျေးရွာသား နိုင်ရွှေဝင်းက ပြောကြားသည်။

    အဆိုပါလယ်ယာမြေ၌ လွန်ခဲ့သည့် ၂၀၁၀ ခန့်ကာလတွင် June Industry Ltd မှ ဝယ်ယူထားပြီး သုံးနှစ်အတွင်း ဘိလပ်မြေစက်ရုံ တည်ဆောက်မဖြစ်ပါက လယ်ယာမြေများကို ဒေသခံတွေဆီ ပြန်လည်အပ်နှံပေးမည်ဟု ကတိပေးထားကြောင်း ဒေသခံတွေက ပြောသည်။

    “အခုဆို ၅ နှစ်ပြည့်နေပြီ၊သူတို့ဘာမှလည်း လုပ်မဖြစ်သေးဘူး၊ သူတို့ပြောထားတဲ့အချိန်မှာ မြို့နယ်ဒု ဦးစီးမှူး ၊မြေစားရင်း၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့တွေလည်းပါတယ်” ကျေးရွာမြေယာကော်မတီဥက္ကဌဟောင်း နိုင်အောင်သန်းတင် ကပြောသည်။

    မယ်ကရိုကျေးရွာအနီးရှိ လယ်ယာမြေ ဧက (၄၀၀) ခန့်တွင်လည်း June Industry Ltd က ဘီလပ်မြေစက်ရုံတည်ဆောက်ရန်အတွက် ဝယ်ယူထားပြီး ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks