spot_img
Wednesday, December 17, 2025
More
    spot_img
    Home၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၁၅ ရွေးကောက်ပွဲ သတင်းမွန်ပြည်နယ်ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေး ၁၁၅ ဦးပြန်လည်ထုတ်ယူခွင့်ရရှိ

    မွန်ပြည်နယ်ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေး ၁၁၅ ဦးပြန်လည်ထုတ်ယူခွင့်ရရှိ

    -

    မွန်ပြည်နယ် ရွေးကောက်ပွဲမဲအနိုင်စာရင်(Internet)
    မွန်ပြည်နယ် ရွေးကောက်ပွဲမဲအနိုင်စာရင်(Internet)
    အိုက်စိုင်း – ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိရန်အတွက် ကိုယ်စားလှယ်လောင်းများ သည် မှတ်ပုံတင်အာမခံကြေး ငွေကျပ်သုံးသိန်းကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်များထံသို့ တင်သွင်းခဲ့

    ကြရာ ယခုအခါ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ် ၁၁၅ ဦး ပြန်လည်ထုတ်ယူခွင့်ရရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သတင်းရရှိသည်။

    ကိုယ်စားလှယ်လောင်းမှတ်ပုံတင်အာမခံကြေး ပြန်လည်ရရှိသူများတွင် ကိုယ်စားလှယ်လောင်း ရုပ်သိမ်းသူ ၃ ဦး၊ ကွယ်လွန်သူ ၁ ဦး၊ ရွေးကောက်တင်မြှောက်ခံရသူ ၄၅ ဦးနှင့် ခိုင်လုံမဲ ရှစ်ပုံတစ်ပုံရရှိသည့် ကိုယ်စားလှယ်လောင်း ၆၆ ဦးတို့ ပါဝင်သည်။

    မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး တာဝန်ခံ ဦးဟိဏ်းလင်းထက်က “မွန်ပြည်နယ်မှာ ရွေးကောက်ပွဲဝင်တဲ့ ကိုယ်စားလှယ်များထဲက ၁၁၅ ဦးဟာဆိုရင် သူတို့ ရွေးကောက်ပွဲ ဝင်ဖို့ ရွေးကောက်ပွဲကော်မရှင်ကို ပေးသွင်းခဲ့တဲ့ သွင်းငွေ သုံးသိန်းကို ပြန်လည်ထုတ်ယူခွင့်ရှိထားပါတယ်၊ ရွေး ကောက်ပွဲ ခိုင်လုံမဲ ၁၂ ဒသမ ၅ ရာခိုင်နှုန်းရလို့ အဲ့ဒီ ကိုယ်စားလှယ်ပေးသွင်းခဲ့ ငွေ သုံးသိန်းကို ပြန်လည် ထုတ်ပေးရမှာဖြစ်ပါတယ်။ အခု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြထားပါတယ်”ဟု ပြောသည်။

    နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သော ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်၊ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ အမျိုးသမီးပါတီ(မွန်)၊ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စုစုပေါင်း နိုင်ငံရေးပါတီ ၁၈ ပါတီနှင့် တစ်သီးပုဂ္ဂလများအပါအဝင် ကိုယ်စားလှယ်လောင်း ၂၇၉ ဦး အထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

    ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများသည် မှတ်ပုံတင်ကြေးအဖြစ် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံသို့ ငွေကျပ်သုံးသိန်းစီ အာမခံငွေပေးသွင်းရကြောင်း ရွေးကောက်ပွဲ နညး်ဥပဒေများတွင် ပြဌာန်းထားသည်။

    ရွေးကောက်ပွဲနည်းဥပဒေ အခန်း(၉) အပိုဒ်(၃၈)၊(ခ)တွင် ခိုင်လုံသော ဆန္ဒမဲရှစ်ပုံတစ်ပုံ နှင့် အထက်ရရှိသော လွှတ်တော်ကိုယ်စားလှယ်များသည် ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေကို ရွေးကောက်တင်မြှောက်ခြင်းခံရသော လွှတ်တော် ကိုယ်စားလှယ်များ၏ အမည်စာရင်းကြေညာပြီးနောက် ယင်းတို့အား သို့မဟုတ် ယင်းတို့၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်အား ပုံစံ(၆-ဃ)ဖြင့် ပြန်လည် ထုတ်ပေးရမည် ဟု ပြဌာန်းပါရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts