spot_img
Saturday, January 31, 2026
More
    spot_img
    Home၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၁၅ ရွေးကောက်ပွဲ သတင်းမွန်အမျိုးသားပါတီမှ ဒေါက်တာမင်းကြည်ဝင်း ပြည်နယ်လွှတ်တော်(၂)တွင် အနိုင်ရ

    မွန်အမျိုးသားပါတီမှ ဒေါက်တာမင်းကြည်ဝင်း ပြည်နယ်လွှတ်တော်(၂)တွင် အနိုင်ရ

    -

    ဒေါက်တာမင်းကြည်ဝင်း(Facebook)
    ဒေါက်တာမင်းကြည်ဝင်း(Facebook)

    အိုက်စိုင်း – မွန်ပြည်နယ်၊မုဒုံမြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်(၂)တွင် ဝင်ရောက် အရွေးချယ်ခံခဲ့သော မွန်အမျိုး သားပါတီမှ ဒေါက်တာမင်းကြည်ဝင်းသည် ပြည်နယ်လွှတ်တော်(၂)မှာ အနိုင်ရရှိခဲ့ကြောင်း မုဒုံမြို့နယ်ရွေးကော က်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကပြောသည်။

    ဒေါက်တာမင်းကြည်ဝင်းသည် မွန်အမျိုးသားပါတီ ကိုယ်စား၍ မုဒုံမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်(၂)တွင် ထောက်ခံမဲ ၁၂၃၇ရ မဲဖြစ် တခြားသော ပြိုင်ဘက် ပါတီများမှ ကိုယ်စားလှယ်များကို ကျော်ဖြတ်ကာ အနိုင်ရရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “ကျွန်မတို့ မုဒုံမြို့နယ်က ပြည်နယ်လွှတ်တော်(၂)မှာတော့ မွန်အမျိုးသားပါတီက ဒေါက်တာမင်းကြည်ဝင်းဟာ ထောက်ခံမဲ ၁၂၃၇ရ နဲ့အနိုင်ရခဲ့ပါတယ်။အခု ဒီစာရင်းတွေကို ကျွန်မတို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကို ပို့ပေးနေပါပြီး”ဟု မုဒုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ပြောသည်။

    မုဒုံမြို့နယ်၊ပြည်နယ်လွှတ်တော်(၂)တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသော ပါတီများမှ ကိုယ်စားလှယ်လောင်းများ ၏ ရလာဒ်များမှာ မွန်အမျိုးသားပါတီမှ ဒေါက်တာမင်းကြည်ဝင်း ၁၂၃၇ရ မဲ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးမျိုးထွန်း ၇၈၂၂ မဲ၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာလှသန်း ၃၉၂၆ မဲ၊မွန်ဒေသလုံး ဆိုင် ရာ ဒီမိုကရေစီပါတီမှ ဒေါက်တာမင်းနွယ်စိုး ၅၂၁၅ မဲ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးကျော်စွာဝင်း ၅၂၂ မဲ၊တို့ အသီးသီး ရရှိခဲ့ကြသည်။

    မွန်အမျိုးသားပါတီသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော် ၁၃ နေရာ၊အမျိုးသားလွှတ် တော် ၁၂ နေရာ၊ပြည်နယ်လွှတ်တော် ၂ရ နေရာ၊တိုင်းရင်းသားလူမျိုး ၁ နေရာ၊စုစုပေါင်း ကိုယ်စားလှယ်လောင်း ၅၃ ဦးဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

    သို့သော် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဒေါက်တာမင်းစိုးလင်း၊ဒေါက်တာမင်းကြည်ဝင်း၊ နိုင်သီဟတို့ သုံးဦးသာ အနိုင်ရရှိခဲ့ကြသည်။

    ထိုကြောင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ မကျင်းပစဉ်အချိန်က မွန်ပြည်နယ်အစိုးရဖွဲ့စည်းနိုင်ရေးအတွက် မှျော်လင့်ထားသော မှျော်လင့်ချက်များ မပြည့်နိုင်တော့ကြောင်း မွန်အမျိုးသားပါတီမှ ပြော သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks