Friday, March 13, 2026
More
    spot_img
    Home၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၁၅ ရွေးကောက်ပွဲ သတင်းချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်(၁)တွင် AMDP ပါတီ ဒေါက်တာ အောင်နိုင်ဦး အနိုင်ရရှိ

    ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်(၁)တွင် AMDP ပါတီ ဒေါက်တာ အောင်နိုင်ဦး အနိုင်ရရှိ

    -

    ANOအိုက်စိုင်း – မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၁)တွင် ဝင်ရောက် အရွေးချယ်ခံခဲ့သော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဒေါက်တာအောင်နိုင်ဦးသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌

    အနိုင်ရ ရှိခဲ့ကြောင်း ချောင်းဆုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ပြောသည်။

    ဒေါက်တာအောင်နိုင်ဦးသည် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ကိုယ်စားပြု၍ ချောင်းဆုံမြို့၊ပြည်နယ်လွှတ် တော်မဲဆန္ဒနယ်(၁)တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာမှ ၉၅၇၀ မဲဖြစ် တခြားသော ပြိုင်ဘက်ပါတီများမှ ကိုယ်စား လှယ်များကို ကျော်ဖြတ်ကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    “ချောင်းဆုံ ပြည်နယ်လွှတ်တော်(၁)မှာတော့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ဒေါက်တာအောင်နိုင်ဦး အနိုင်ရတယ်။သူရဲ့ ထောက်ခံမဲရလာဒ်က ၉၅၇၀ မဲရှိပါတယ်။တခြားပါတီက ကိုယ်စားလှယ်တွေကတော့ ထောက်ခံမဲ ၈ ထောင်ကျော်စီရခဲ့ကြပါတယ်”ဟု ချောင်းဆုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ အတွင်း ရေးမှူး ဦးမျိုးမင်းသူကပြောသည်။

    ချောင်းဆုံမြို့၊ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၁)တွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဒေါက်တာ အောင်နိုင်ဦးက ၉၅၇၀ မဲ၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးအောင်ကြည်သိန်းက ၈၂၁၉ မဲ၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစောလင်းအောင်က ၈၀၄၀ မဲ၊မွန်အမျိုးသားပါတီမှ ဦးနိုင်စိုးမြင့်က ၁၄၅၈ မဲ၊တို့ အသီးသီး ရရှိခဲ့ကြသည်။

    “အခုလို ကျွန်တော်ကို ထောက်ခံမဲပေးကြတယ်။ကျွန်တော်တို့ မွန်လူမျိုးတွေကို ကျေးဇူးအများကြီးတင်ပါ တယ်။လွှတ်တော်ထဲမှာ ရောက်သွားရင်တော့ မွန်လူမျိုးတွေအတွက် ကျွန်တော်တတ်နိုင်တဲ့ ဘက်ကနေ လုပ် ကိုင်ဆောင်ရွက်ပေးသွားပါ့မယ်”ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဒေါက်တာအောင်နိုင်ဦးကပြော သည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သော ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၃၅ ဦးဖြင့် လွှတ်တော် အသီးသီးမှာ ဝင်ရောက် အရွေးချယ်ခံခဲ့ ကြ သည်။

    သို့သော် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဝင်ရောက် အရွေးချယ်ခံခဲ့ကြသည့် ကိုယ်စားလှယ်လောင်း ၃၅ ဦးထဲမှ ဒေါက်တာအောင်နိုင်ဦး တစ်ယောက်သာလှျင် ပြည်နယ်လွှတ်တော်(၁)မှာ ရွေးချယ်တင်မြောက်ခံခဲ့ရ ခြင်းဖြစ်သည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် ယခု ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော် ၈ နေရာ၊ အမျိုးသားလွှတ်တော် ၁၀ နေရာ၊ ပြည်နယ်လွှတ်တော် ၁၆ နေရာ၊ မွန်တိုင်းရင်းသားလူမျိုးနေရာ ၁ နေရာ၊ စသည့် လွှတ်တော်များအသီးသီးမှာ ဝင်ရောက် အရွေးချယ်ခံခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks