spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းကျိုက်တမော့ ဆံတော်ရှင်ဘုရားပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

    ကျိုက်တမော့ ဆံတော်ရှင်ဘုရားပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

    -

    image-146a90842decd69b27848bf30f31f7ea252743d1c5336b8259d5423caca5febc-Vစနောင်းတိုင်း – မွန်ပြည်နယ်၊ ကမာဝက်မြို့တွင် နှစ်စဉ်ကျင်းပသော ကျိုက်တမော့ ဆံတော်ရှင်စေတီ ဘုရားပွဲ၏ စတုဒ္ဒိသာဇရပ် ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်

    ဝန်ကြီးချုပ် ဦးအုန်းမြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

    နိုဝင်ဘာလ(၄) ရက်နေ့ နံနက် (၈) နာရီ အချိန်တွင် မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့်အတူ စီမံ/ဘဏ္ဍာရေး ဝန်ကြီး ဒေါက်တာမင်းနွယ်စိုးနှင့် ဝန်ကြီးများ စတုဒ္ဒိသာဇရပ်ဖွင့့်ပွဲအခမ်းအနားသို့ တက်ရောက်ကာ ဖဲကြိုးဖြတ်ပြီး စားဖွယ်များကို သုံးဆောင်ကြသည်။

    “ဘုရားပွဲဆိုတာက မွန်လူမျိုးတို့ရဲ့ ဓလေ့တစ်ခုပါ။ကျိုက်တမော့ဘုရားပွဲ စည်ကားသိုက်မြိုက်အောင် လုပ်ဆောင်နိုင်ခြင်းဟာလည်း ကမာဝက်မြို့ လူထုတရပ်လုံးရဲ့ စည်းလုံးညီညွတ်မှု ပုံရိပ်ပဲဖြစ်တယ်။ ဆရာတော်ဘုရားများရဲ့ ဦးဆောင်မှုနဲ့ စတုဒ္ဒိသာဇရပ် အောင်မြင်ချောမွေ့စွာ ပြီးမြောက်သွားတာဟာ အလွန်ဝမ်းမြောက်စရာပင်ဖြစ်ကြောင်း” ဝန်ကြီးချုပ်ကပြောသည်။

    အလျား အတောင် (၁၀၀)၊အနံ အတောင် (၄၀) ရှိသော ကျိုက်တမော့ ဘုရားပွဲ၏ စတုဒ္ဒိသာဇရပ် သည် ကောဇာသက္ကရာဇ် ၁၃၇၄ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ပြီး ယခုဆို (၉၀) ရာခိုင်နှုန်းခန့် ပြီးစီး၍ တည်ဆောက်မှုတန်ဖိုးမှာ ငွေကျပ်သိန်း (၂၀၀၀) ကျော်ဖြစ်သည်။

    “ဧည့်ခံကျွေးမွေးပွဲ အစီစဉ်အတွက် ကမာဝက်မြို့မှာ အုပ်စု လေးအုပ်စု လေးရွာ လေးရပ်ကွက် စုဖွဲ့ထားတယ်။ တစ်နှစ် တစ်နှစ်မှာ အုပ်စုတစ်အုပ်စုက ဦးစီးလုပ်ဆောင်ရမယ်။ ကျန်တဲ့သုံးဖွဲ့က အကူသဘောဖြင့် ဝိုင်းဝန်းလုပ်ဆောင်ပေးရမယ်။ ဒီနှစ်မှာ ထောင်ကေး အုပ်စုက ထမင်းဟင်း ဧည့်ခံကျွေးမွေးပြီး၊ စိန်တောင်ရပ်ကွက်အဖွဲ့က လက်ဖက်ရည်နဲ့ ဧည့်ခံကျွေးမွေးသလို ကလော့သော့ရွာအဖွဲ့တွေကလည်း နှစ်တိုင်းလိုလို ဆန်ပြုတ်နဲ့ ဧည့်ခံကျွေးမွေးပါတယ်” ဟု ကမာဝက်မြို့ စာချဆရာတော် အသျှင်အတုလ မိန့်ကြားသည်။

    ကျိုက်တမော့ ဘုရားပွဲ စတုဒ္ဒိသာဇရပ်သို့ လာရောက်ကြသော ဧည့်သည်တော်များအား ထမင်းဟင်းအပြင် ဆန်ပြုတ်နှင့် လက်ဖက်ရည်များပါ ဧည့်ခံကျွေးမွေးသည့်အပြင် ဘုရားပွဲညပိုင်းများတွင် ဇာတ်သဘင်ပွဲ (၄) ပွဲတို့ ကပြဖြေဖျော်လျက်ရှိရာလာရောက် အားပေးကြသော ပရိ်သတ် အရေအတွက်သည်လည်း သိန်းချီသည်ဟု ခန့်မှန်းကြသည်။

    ယခင်နှစ်များ၌ မွန်ပြည်နယ် ဝန်ကြီးချုပ်အနေဖြင့် ကျိုက်တမော့ဘုရားပွဲသို့ တက်ရောက်ဖူးခြင်း မရှိသော်လည်း ရွေးကောက်ပွဲနီးကပ်သည့်ယခုကာလတွင် စတုဒ္ဒိသာဇရပ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခြင်းသည် နိုင်ငံရေး အမြတ်ထုတ်ခြင်းပင်ဖြစ်သည်ဟု မြို့ခံ နိုင်ငံရေးသမား တစ်ဦးက ဆိုသည်။

    ကျိုက်တမော့စေတီသည် ကမာဝက်မြို့၏ အရှေ့ဖက် (၈) မိုင်ကျော်ကျော်ခန့် ၌ရှိသော တောင်ထိပ်ပေါ်တွင် ဘုရားရှင်၏ ဆံတော်ရှင်ကိုဌာပနာထားပြီး နှစ်စဉ် နှစ်တိုင်း သီတင်းကျွတ်လဆုတ် (၇-၈) ရက်နေ့တွင် ဘုရားပွဲကျင်းပ ပြုလုပ်ကာ မွန်တိုင်းရင်းသားတို့၏ အထင်ကရ စည်ကားသော ဘုရားပွဲတော်ကြီးလည်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks