spot_img
Saturday, February 28, 2026
More
    spot_img
    Home၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၁၅ ရွေးကောက်ပွဲ သတင်းရေးမြို့နယ်အတွင်းရှိ မဲရုံ သုံးပုံ နှစ်ပုံကျော် လျှပ်စစ်မီးမရ

    ရေးမြို့နယ်အတွင်းရှိ မဲရုံ သုံးပုံ နှစ်ပုံကျော် လျှပ်စစ်မီးမရ

    -

    ရေးမြို့ ကော်မရှင်ရုံးတွင် အများရှေ့ ချိတ်ပိတ်ပြသထားသည့် ကြိုတင်မဲပုံးများ
    ရေးမြို့ ကော်မရှင်ရုံးတွင် အများရှေ့ ချိတ်ပိတ်ပြသထားသည့် ကြိုတင်မဲပုံးများ
    အာကာ အောက်တိုဘာ ၂၈ – မွန်ပြည်နယ် ရေးမြို့နယ်အတွင်းတွင် မဲရုံပေါင်း ၁၁၀ ရှိသည့်အနက် သုံးပုံနှစ်ပုံကျော်မှာ လျှပ်စစ်မီး မရရှိသည့် မဲရုံများ ဖြစ်သည်ဟု မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲခွဲထံမှ သိရသည်။

    မဲရုံ ၁၁၀ ရုံအနက် ၃၄ ရုံသာ လှျပ်စစ်မီး ရရှိပြီး၊ ကျန် ၇၆ ရုံမှာ လှျပ်စစ်မီး မရရှိသည့် မဲရုံများ ဖြစ်ကာ၊ ထိုမဲရုံများတွင် ဂျပန်ပြည်သူများက လှူဒါန်ထားသည့် လျှပ်စစ်မီးအိမ်များကို အသုံးပြုသွားမည်ဟု မြို့နယ် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးညွန့်အောင် က ပြောသည်။

    သူက “ဂျပန်က လှူထားတဲ့ လျှပ်စစ်မီးအိမ်တွေ ကျွန်တော်တို့ဆီ ရောက်ပါပြီ။ ဆိုလာနဲ့ အားသွင်းနိုင်သလို လှျပ်စစ်မီးနဲ့လည်း အားသွင်းနိုင်တယ်။ အားသွင်းပြီး သုံးရင် အကြာကြီး ခံတယ်” ဟု ပြောသည်။

    လျှပ်စစ်မီး ရရှိသည့် မဲရုံများမှာ ရေးမြို့နှင့် အနီးအနား ကျေးရွာအချို့၊ လမိုင်းမြို့နှင့် ခေါဇာမြို့ရှိ မဲရုံများသာ ဖြစ်ပြီး၊ ကျန်ကျေးရွာများရှိ မဲရုံများမှာ လျှပ်စစ်မီး မရရှိသည့် မဲရုံများ ဖြစ်သည်ဟု မြို့နယ်ကော်မရှင်ရုံးမှ ပြုစုထားသည့် စာရင်းများအရ သိရသည်။

    မွန်ပြည်နယ်တွင် မဲရုံပေါင်း ၉၁၉ ရုံ ရှိပြီး၊ လှျပ်စစ်မီး မရနိုင်သည့် မဲရုံပေါင်း ၃၃၄ ရုံကာ ထိုမဲရုံများသို့ The People of Japan အလှူရှင်အမည်ပါသည့် လျှပ်စစ်မီးအိမ် ၂ လုံးနှုန်း ပေးပို့ထားပြီး ဖြစ်ကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဒု-ညွှန်ကြားရေးမှူး ဦးဟိဏ်းလင်းထက် က ပြောသည်။

    ၎င်းပြင် လျှပ်စစ်မီးသည် မဲရုံများတွင် မဲရေတွက်ခြင်းအတွက်သာမက ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကို လုပ်ဆောင်နေသည့် ရပ်ကွက်/ကျေးရွာ ကော်မရှင်ရုံးများအတွက်လည်း အရေးပါပြီး၊ အရေးအပေါ်အခြေအနေများတွင် အသုံးပြုရန်အတွက် မွန်ပြည်နယ် အစိုးရအဖွဲ့ အပါအဝင် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များနှင့် ညှိနှုိင်းကာ၊ မဲရုံတိုင်းအတွက် အရန်မီးစက်ငယ်များကိုလည်း စီစဉ်ထားသည်ဟု ဦးဟိဏ်းလင်းထက်က ပြောသည်။

    ရေးမြို့၊ သီရိမာလာရပ်ကွက်နေ ဦးလှခင် က “မဲရေတွက်တာတွေ၊ အပြင်မှာ ရှိနေကြမယ့်သူတွေအတွက် အစစအရာရာ အဆင်ပြေဖို့ လျှပ်စစ်မီးက အဓိကပဲ” ဟု ပြောသည်။

    မွန်ပြည်နယ်ရှိ မြို့နယ်ဆယ်မြို့နယ်အနက် ချောင်းဆုံနှင့် ရေးမြို့နယ်သည် အစိုးရလျှပ်စစ်မီး မရရှိသည့် မြို့နယ်များ ဖြစ်ပြီး၊ မီးလင်းရေးကော်မတီမှ ဖြန့်ဝေသည့် ဈေးနှုန်းမြင့် လှျပ်စစ်မီးကို အားထားနေရသည်။

    ရေးမြို့နယ်တွင် ရပ်/ကျေးကော်မရှင် ရုံးပေါင်း ၄၄ ခု၊ မဲရုံပေါင်း ၁၁၀ ရုံ ရှိပြီး၊ မဲပေးခွင့် ရှိသူ တစ်သိန်းခွဲကျော် ရှိကာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုသားပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ တို့က ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြမည် ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks