spot_img
Sunday, February 1, 2026
More
    spot_img
    Home၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၁၅ ရွေးကောက်ပွဲ သတင်းကျိုက်မရောမြို့နယ်တွင် ပုံစံ(၃-က)ဖြင့် လှျောက်ထားသူ ၂၀၀၀ ကျော် ၂၀၁၅ ရွေးကောက်ပွဲ၌ မဲပေးခွင့်ရ

    ကျိုက်မရောမြို့နယ်တွင် ပုံစံ(၃-က)ဖြင့် လှျောက်ထားသူ ၂၀၀၀ ကျော် ၂၀၁၅ ရွေးကောက်ပွဲ၌ မဲပေးခွင့်ရ

    -

    ချစ်မင်းထွန်း – မွန်ပြည်နယ်၊ကျိုက်မရောက်မြို့နယ်အတွင်း ရွေ့ပြောင်းအခြေချနေထိုင်သူများအား မဲပေးခွင့်မဆုံးရှုံးရစေ ရန်အတွက် ပုံစံ(၃-က)ဖြင့် လှျောက်ထားကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာထား သည့် အတွက် ရက်ပေါင်း ၁၈၀ နေထိုင်သည့် ရွေ့

    ပြောင်းအခြေချနေထိုင်သူများက ပုံစံ(၃-က)ဖြင့် လှျောက်ထားလာ သူ၂၀၀၀ ကျော် လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ မဲပေးခွင့်ရမည်ဖြစ်ကြောင်း ကျိုက်မရောက်မြို့ နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ

    An official of a polling station shows empty ballot box before starting balloting at Mingala Taungnyunt Township, Yangon, Myanmar Sunday, April, 1, 2012. Myanmar held a landmark election Sunday that was expected to send democracy icon Aung San Suu Kyi into parliament for her first public office since launching her decades-long struggle against the military-dominated government. (AP Photo)
    An official of a polling station shows empty ballot box before starting balloting at Mingala Taungnyunt Township, Yangon, Myanmar Sunday, April, 1, 2012. Myanmar held a landmark election Sunday that was expected to send democracy icon Aung San Suu Kyi into parliament for her first public office since launching her decades-long struggle against the military-dominated government. (AP Photo)
    သတင်းရသည်။

    မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်အတွင်း ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ပုံစံ(၃-က)ဖြင့် လှျောက်ထား သူများ စာရင်းမပါဘဲတွက်ကြည့်ရာတွင် မဲပေးခွင့်ရှိသူတစ်သိန်း ငါးသောင်းကျော်ရှိပြီး ယခု အောက်တိုဘာ ၁၀ ရက်နေ့ နောက်ဆုံးထား၍ ပုံစံ(၃-က)ဖြင့် လှျောက်ထားလာသူ ရွေ့ပြောင်းလုပ်သား ၂၀၂၀ ဦးသည် မဲပေးခွင့်ရ ရှိမည်ဖြစ်ကြောင်း ကျိုက်မရောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကပြောသည်။

    “ ကျွန်တော်တို့ဆီမှာ ပုံစံ(၃-က)နဲ့လှျောက်ထားသူ ၂၀၂၀ ဦးရှိတယ် ခင်ဗျား။သူတို့အားလုံး မဲပေးခွင့်ရပါတယ်။ ဒီစာရင်းကိုလည်း နောက်လ ၂ ရက်နေ့မှာ ကြေညာသွားမယ့် မဲစာရင်းမှာ ထည့်သွင်း ကြေညာပါ့မယ်။အဲ့ဒီ အခါ ကျမှ ဘယ်သူတွေ ပါတယ် မပါဘူးဆိုတာကို ကြည့်နိုင်ပါတယ်”ဟု ကျိုက်မရောမြို့နယ်ရွေးကောက်ပွဲကော်မ ရှင် အဖွဲ့ခွဲရုံးမှ အတွင်းရေးမှူး ဦးသန်းထွန်းအောင်ကပြောသည်။

    ပြည်သူများအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးခွင့်မဆုံးရှုံးစေချင်ပါက ရွေ့ပြောင်းအလုပ်သမားများ အပါအဝင် မူရင်းဒေသမှ ရက်ပေါင်း ၁၈၀ အထက် မဲဆန္ဒနယ် ပြင်ပရောက် ပုဂ္ဂိုလ်များသည် မဲပေးနိုင်ရန် ပုံစံ (၃-က)ဖြင့် မဲစာရင်းပါဝင်ရေးအား သက်ဆိုင်ရာ ရောက်ရှိဒေသမှ ရပ်ကွက်၊ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင်အောက်တိုဘာ (၁၀)ရက်နေ့ နောက်ဆုံးထားလှျောက်ရမည်ဖြစ်သည်။

    အဆိုပါ ကဲ့သို့ လှျောက်ထားခြင်းမရှိပါက မဲဆန္ဒနယ်ပြင်ပသို့ ရက်ပေါင်း ၁၈၀ အထက် ရောက်ရှိနေသူများသည် မိမိမူရင်း မဲစာရင်းပါဝင်သည့် ဒေသသို့ ပြန်လည်သွားရောက် မဲပေးရမည်ဖြစ်သည်။

    ယခုအခါမှာတော့ ကျိုက်မရောမြို့နယ်တွင် ရွေ့ပြောင်းနေထိုင်းခဲ့ကြသူများက ပုံစံ(၃-က)ဖြင့် အောက်တိုဘာ ၁၀ ရက် နေ့ နောက်ဆုံးထားလှျောက်ထားခဲ့သည့်အတွက် ၂၀၁၅ ရွေးကောက်ပွဲတွင် လူဦးရေ ၂၀၂၀ ဦးမှာ မဲပေးခွင့်ရ ရှိခဲ့ခြင်းဖြစ်သည်။

    ကျိုက်မရောမြို့နယ်တွင် ကျေးရွာအုပ်စု ၄၄ အုပ်စာ ရပ်ကွက်ကြီး ၂ ရပ်ကွက်ရှိပြီး မဲရုံပေါင်း ၉၉ ရုံကို ၂၀၁၅ ရွေးကောက်ပွဲမှာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

    ထို့ပြင် စက်တင်ဘာ ၁၄ ရက်မှ ၂ရ ရက်နေ့ နောက်ဆုံး ကြေညာခဲ့သော မဲပေးပိုင်ခွင့်ရှိသူ အခြေခံမဲဆန္ဒရှင် စာရင်းတွင် ကျိုက်မရောမြို့နယ်တွင် (၁၅၇၄၆၆ )ဦးရှိပြီး ပုံစံ(၃-က)ဖြင့် လှျောက်ထားသူ ၂၀၂၀ ဦး တို့၏ မဲ ပေးခွင့်ရှိသူစာရင်းများကို နိုဝင်ဘာ ၂ ရက်မှ ၅ ရက်နေ့အထိ ကျိုက်မရောမြို့နယ် တစ်ခုလုံးရှိ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲများ၌ ကြေညာသွားမည်ဖြစ်ကြောင်း ကျိုက်မရောမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks