spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းIDPs စစ်ရှောင်ဒုက္ခသည်များအတွက် အကူအညီအမြန်ဆုံးပေးအပ်ရန် လက်နက်ကိုင်(၈)ဖွဲ့တောင်းဆို

    IDPs စစ်ရှောင်ဒုက္ခသည်များအတွက် အကူအညီအမြန်ဆုံးပေးအပ်ရန် လက်နက်ကိုင်(၈)ဖွဲ့တောင်းဆို

    -

    လက်နက်ကိုင်(၈)ဖွဲ့ထုတ်ပြန်ချက်(Copy)
    လက်နက်ကိုင်(၈)ဖွဲ့ထုတ်ပြန်ချက်(Copy)
    EAOs Statement PDF အိုက်စိုင်း – တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့က ပြည်တွင်းနှင့် နယ်စပ်ဒေသ IDPs များရှိ စစ်ပြေး/စစ်ရှောင် ဒုက္ခသည်များအတွက်

    အစိုးရမှ လူသားချင်းစာနာထောက်ထားသော အကူအညီများ အမြန်ဆုံးပေးအပ်ရန် အောက်တိုဘာ ၁၈ ရက်က ထုတ်ပြန်တောင်းဆိုလိုက်သည်။

    “ကျွန်တော်တို့ NCA ကို လက်မှတ်ရေးထိုးခဲ့ကြပြီးပြီ၊ ဒါပေမယ့် မှျော်မှန်းခဲ့တဲ့အတိုင်းတော့မဟုတ်ခဲ့ဘူးပေါ့၊ အဓိကတော့ စာချုပ်ပါ သဘောတူညီချက်တွေကို နှစ်ဖက်စလုံး လိုက်နာစောင့်ထိန်းဖို့နဲ့ အကောင်အထည် ဖော်ကြဖို့ပါဘဲ၊ ဒါကြောင့် အခု ပြည်တွင်း စစ်ပွဲကနေ ဒုက္ခရောက်ခဲ့ကြတဲ့ စစ်ရှောင်ဒုက္ခသည်တွေကို လူသား ချင်းစာနာထောက်ထားမှု အကူအညီကို အစိုးရဘက် အမြန်ဆုံးရောက်ရှိအောင် ဆောင်ရွက်ပေးဖို့တောင်းဆို ခြင်းဖြစ်ပါတယ်”ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဥက္ကဌ ဦးခွန်မြင့်ထွန်းက ပြောသည်။

    ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ MICC-2 တွင် တိုင်းရင်းသား လက်နက်ကိုင်(၈)ဖွဲ့နှင့်အစိုးရတို့ နိုင်ငံတကာ အသိသက်သေများနှင့် ပြည် တွင်းအသိသက်သေများ ရှေ့မှောက်၌ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ကို လက်မှတ် ရေးထိုးခဲ့ကြပြီး ဖြစ်သည်။

    NCA လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်(၈)ဖွဲ့၏ အောက်တိုဘာ ၁၈ ရက် ထုတ်ပြန်ချက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို အောင်မြင်စွာ အကောင်အထည် ဖော် နိုင်ရေးအတွက် နှစ်ဖက်လုံးက (က)တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA အသက်ဝင်လာပြီးဖြစ်၍ ပြည်ထောင်စုတစ်ဝှမ်းလုံးသို့ သက်ရောက်မှုရှိစေရန် ပစ်ခတ်တိုက် ခိုက်မှုများ၊ရန်လိုမှုများ လှျော့ချရပ်ဆိုင်းရန်၊ (ခ)တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် NCA အပေါ် ဝန်ခံကတိပြုကြခြင်းဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အစိုးရနှင့် တပ်မတော်က လက်ခံခြင်း၊ ဖယ်ဒရယ်စနစ်ဖြင့် ပြည်ထောင်စုကို တည်ဆောက်ရန် သဘောတူခြင်းတို့ကို ရ ရှိခဲ့ပါကြောင်း ထိုကြောင့် NCA ကို ခိုင်မာစေ၍ ပါဝင်လက်မှတ်ရေးထိုးသူ နှစ်ဦးနှစ်ဖက်သည် နိုင်ငံရေး ဆွေးနွေးပွဲများ အောင်မြင်ချောမောစွာကျင်းပနိုင်ရေးကို အတူတကွ အကောင်အထည်ဖော်ဆောင်ကြရန် တောင်းဆိုပါကြောင်း ဖော်ပြထားသည်။

    ထို့ပြင် ပြည်တွင်း နှင့် နယ်စပ်ဒေသရှိ စစ်ပြေး/စစ်ရှောင် IDPs များ၊ ဒုက္ခသည်များအတွက် လူသားချင်း စာ နာထောက်ထားသော အကူအညီများ အမြန်ဆုံးရှောက်ရှိစေရန် အစိုးရဘက်မှ ဆောင်ရွက်ပေးရန် နှင့် နိုင်ငံ ရေး အကျဉ်းသားများ၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းမှုကြောင့် ဖမ်းဆီးခံကြရသော ကျောင်း သား/ကျောင်းသူများ နှင့် ဝန်းရံသူများကို အမြန်ဆုံးလွှတ်ပေးရန် အလေးအနက်ထား တောင်းဆိုကြောင်း တိုင်းရင်းသား လက်နက်ကိုင်(၈)ဖွဲ့က တောင်းဆိုခဲ့သည်။

    “အခုဆိုရင် ကချင်ပြည်နယ်မှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ ဒုက္ခသည်က လျော့သွားတာမရှိဘူး၊ တိုးလာတာ ဘဲရှိတယ်။ဒါကြောင့် စားနပ်ရိက္ခာအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေလည်း လိုအပ်နေ တယ်”ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဒုအတွင်းရေးမှူး ဦးအောင်နန်က ပြောသည်။

    လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း စစ်ရှောင်ဒုက္ခသည်များ အရေအတွက်မှာ သိန်းချီရှိနေကြောင်း သိရသည်။

    အဆိုပါထဲမှ ကချင်ပြည်နယ်တွင် စစ်ရှောင် ဒုက္ခသည် တစ်သိန်း ငါးသောင်းဝန်းကျင်၊ ကရင်ပြည်နယ်တွင် တစ်သိန်းကျော်၊ရှမ်းပြည်နယ်၌ ၂ သောင်းဝန်းကျင်း၊ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်တွင် ငါးရာဝန်းကျင် ၊ တို့ရှိကြောင်း သက်ဆိုင်ရာ စစ်ရှောင် ဒုက္ခသည် စခန်းများထံမှ သိရသည်။

    လက်ရှိအချိန်မှာလည်း ရှမ်းပြည်နယ်ဘက်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) နှင့် အစိုးရတပ်မ တော်တို့ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် မိုင်းရှုးဒေသ ဘက်မှ ဒေသခံ တစ်ထောင်ကျော် ထွက် ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts