spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းNCA အသိသက်သေအဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ ခွန်ထွန်းဦး၊ မင်းကိုနိုင်၊ ဦးအေးသာအောင်တို့ကို ဖိတ်ကြားမည်

    NCA အသိသက်သေအဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ ခွန်ထွန်းဦး၊ မင်းကိုနိုင်၊ ဦးအေးသာအောင်တို့ကို ဖိတ်ကြားမည်

    -

    NCA ကျင်းပရေး ပူးတွဲကော်မတီ၏ အကြိုညိှနှုိင်းအစည်းအဝေး(MPC)
    NCA ကျင်းပရေး ပူးတွဲကော်မတီ၏ အကြိုညိှနှုိင်းအစည်းအဝေး(MPC)
    အိုက်စိုင်း – လာမည့်အောက်တိုဘာ ၁၅ ရက်နေ့တွင် ပြုလုပ်မည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) လက်မှတ် ရေးထိုးရာတွင် ပြည်တွင်း အသိသက်သေအဖြစ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ခွန်ထွန်းဦး၊ မင်းကိုနိုင်၊ ဦးအေးသာအောင်တို့ကို ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

    လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ထားသည့် လက်နက်ကိုင်(၈)ဖွဲ့ အနက် (၇)ဖွဲ့ နှင့် အစိုးရ ကိုယ်စားလှယ်များ ရန်ကုန်မြို့၊မြန်မာငြိမ်းချမ်းရေးစင်တာ MPC ၌အောက်တိုဘာ ၈ ရက်တွင် NCA ကျင်းပရေး ပူးတွဲကော်မတီ၏ အကြိုညိညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ရာမှာ နှစ်ဖက် ကိုယ်စားလှယ်များက အထက်ပါ ပုဂ္ဂိုလ်များကို ဖိတ် ကြားရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

    “ကျွန်တော်တို့နဲ့ ဝန်ကြီးဦးအောင်မင်းတို့ သဘောတူညီထားတာကတော့ ဒေါ်အောင်ဆန်းစုကြည်၊ဦးခွန်ထွန်းဦး တို့ကို NCA မှ အသိသက်သေအဖြစ် ပါဝင်ဖို့ ဖိတ်ခေါ်သွားမယ်။နောက်ပြီးတော့ ဦးအေးသာအောင်နဲ့ ကိုမင်းကို နိုင်တို့ကိုလည်း ဖိတ်ကြားသွားဖို့ ကျွန်တော်တို့ပြောဆိုခဲ့ရာမှာ အစိုးရဘက်က လက်ခံပေးခဲ့ပါတယ်”ဟု ကရင် အမျိုးသားအစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

    တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA ရေးထိုးရာတွင် ပြည်တွင်း၊ပြည်ပ အသိသက်သေများအား NCA ဖြစ်မြောက်ရေး ပူးတွဲကော်မတီက တာဝန်ယူဖိတ်ကြားရမည့့်အပြင် နိုင်ငံရေးပါတီ (၉၂)ပါတီမှ ဥက္ကဌ တစ်ဦးစီ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် တစ်ဦးစီ တို့ကို ဖိတ်ကြား သွားမည်ဟု သဘောတူညီခဲ့ကြကြောင်း သိရသည်။

    ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA ခေါင်းဆောင်ဖြစ်သူ ရခိုင်အမျိုးသားခေါင်းဆောင် ဦးအေးသာအောင်က “ NCA ကို ၈ ဖွဲ့လောက်နဲ့ဘဲ လက်မှတ်ထိုးမယ်၊ ကျန်တဲ့အဖွဲ့တွေ မပါလည်းရတယ်ဆိုရင် ပြည်တွင်းစစ်ကြီးကို ဘယ်လို ရပ်တန့်နိုင်မှာလဲ၊ ငြိမ်းချမ်းရေးကို ဘယ်လိုတည်ဆောက်နိုင်မှာလဲ၊ ဒါကြောင့် အားလုံးပါဝင်လက်မှတ် ရေးထိုးဖို့လိုတယ်၊ အခု ၈ ဖွဲ့နဲ့ဘဲ လက်မှတ်ထိုးမယ်ဆိုရင် စစ်ရေး၊ နိုင်ငံရေး၊ အာမခံချက်တွေ ပါဝင်တဲ့ သဘော တူညီချက်တွေ ရှိစေချင်တယ်၊ ကျွန်တော်တို့ အသိသက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးဖို့ UNA အဖွဲ့ဝင်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီးမှ ဆုံးဖြတ်မယ်၊ ဦးခွန်ထွန်းဦး နဲ့လည်း တိုင်ပင်ရအုံးမယ်”ဟု ပြောသည်။

    ထို့အတူ ပြည်ပအသိသက်သေများအဖြစ် မြန်မာနိုင်ငံအတွင်းရှိ သံရုံးများနှင့် မြန်မာနိုင်ငံနှင့်အချိတ်အဆက် ရှိသော သံရုံး(၈၈)ရုံး၊ ထိုင်း၊တရုတ်၊ဂျပန်၊အိန္ဒိယ၊ဥရောပသမဂ္ဂ၊ကုလသမဂ္ဂ အဖွဲ့အစည်းများကိုလည်း ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts