Home၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၁၅ ရွေးကောက်ပွဲ သတင်းမဲပေးသင့်သော မွန်ကိုယ်စားလှယ်လောင်း ၅ ဦးကို ရေးမြို့နယ်ဒေသခံများ ရွေးချယ်လိုက်ပြီ

မဲပေးသင့်သော မွန်ကိုယ်စားလှယ်လောင်း ၅ ဦးကို ရေးမြို့နယ်ဒေသခံများ ရွေးချယ်လိုက်ပြီ

-

ရေးမြို့နယ် မွန်အမျိုးသားညီညွတ်ရေး အစည်းအဝေး(IMNA)
ရေးမြို့နယ် မွန်အမျိုးသားညီညွတ်ရေး အစည်းအဝေး(IMNA)
ဝံသမွန် – လာမည့်ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ မွန်အမတ်လောင်းကိုယ်စားလှယ် ၁၁ ဦးအနက် မဲပေးသင့်သူ

၅ ဦးကို အထင်ကရ မွန်သံဃာတော်များရှေ့မှောက်တွင် ကျေးရွာ ၄၀ ခန့်မှဒေသခံ ကိုယ်စားလှယ်များကျင်းပသော ရေးမြို့နယ် မွန်အမျိုးသားညီညွတ်ရေး အစည်းအဝေးက ရွေးချယ်လိုက်ပြီ ဖြစ်သည်။

ရေးမြို့နယ်အတွင်း ကိုယ်စားလှယ်လောင်းများအနက် ပြည်သူ့လွှတ်တော် နိုင်ချမ်းတွဲ့ AMDP ၊ ပြည်နယ်လွှတ်တော်(၁) ဒေါက်တာမင်းစိုးလင်း MNP ၊ ပြည်နယ်လွှတ်တော်(၂) မိလဝီဟန် AMDP၊ မွန်ပြည်နယ်(၇) အမျိုးသားလွှတ်တော် နိုင်အောင်ဘ(အံက်သာ) AMDP နှင့် မွန်ပြည်နယ်(၈) အမျိုးသားလွှတ်တော် နိုင်အောင်ဝင်း(တစ်သီးပုဂ္ဂလ) တို့အား ရေးမြို့၊ သီရိမင်္ဂလကျောင်းတိုက်၌ အောက်တိုဘာ ၆ ရက်နေ့ အစည်းအဝေးတွင် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲဝင် မွန်အမတ်မဲအောင်နိုင်ရေးအဖွဲ့ M 23 ပြောရေးဆိုခွင့်ရှိသူ မင်းရဲမွန်က “အဓိကကတော့ မွန်အမတ်လောင်းတွေ မဲအနိုင်ရဖို့အတွက် ဘယ်လိုလုပ်ရမလဲ၊ မွန်ပြည်သူတွေ မဲထည့်ရာမှာအခက်အခဲမရှိဖို့၊ ရေးမြို့နယ်မှာရှိတဲ့ မွန် ၂ ပါတီအမတ်လောင်း ၁၀ ဦးထဲက အမျိုးသားရေးအကျိုး အတွက်အမှန်တကယ် ဆောင်ရွက်ပေးနိုင်မယ့် အမတ်လောင်း ၅ ဦးကိုပဲ ရွေးချယ်တာပါ” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီIMNA ကိုပြောသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မွန်အမတ်လောင်းအရေအတွက်များများ လွှတ်တော်အသီးသီးရောက်ရှိနိုင်ရေးအတွက် M23 အဖွဲ့၏တိုက်တွန်းနှုိးဆော်ချက်နှင်အတူ မိမိဒေသတွင်ပါဝင်ယှဉ်ပြိုင်မည့် မွန်အမတ်လောင်းများ မဲမကွဲစေရေးအတွက် သက်ဆိုင်ရာမြို့နယ်အတွင်းရှိ အထင်ကရမွန်ဆရာတော်ကြီးများဦးဆောင်ကာ ဒေသခံများနှစ်သက်သော အမတ်လောင်းများကို ဒေသခံကိုယ်စားလှယ်များ လှုိ့ဝှက်မဲဖြင့်ကြိုတင်ရွေးချယ်စေပြီး ရွေးကောက်ပွဲတွင် ၄င်းတို့ကိုမဲပေးကြရန် စည်းရုံးလှုပ်ဆော်သွားမည်ဟု သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက်နေ့က ရေးမြို့၊ မွန်ဓမ္မာရုံ၌ ပထမအကြိမ် ကျင်းပခဲ့သော ရေးမြို့နယ် မွန်အမျိုးသားညီညွတ်ရေး အစည်းအဝေး ဆုံးဖြတ်ချက်များကို ယခုအစည်းအဝေးတွင် ဆက်လက်အကောင်အထည်ဖော်လိုက်ခြင်း ဖြစ်သည်။

MNP ပါတီ ရေးမြို့နယ်၊ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ ခေါင်းဆောင် နိုင်ချမ်းအိုင်းမွန်က “ရွေးကောက်ပွဲအပေါ် နားလည်တဲ့ မဲဆန္ဒရှင်တွေအနေနဲ့ ကိုယ်ဘယ်ပုဂ္ဂိုလ်ကို ရွေးရမလဲဆိုတာ ရှိပြီးသားပါ၊ နားမလည်တဲ့သူတွေအဖို့ ဘယ်သူ့ကိုမဲပေးရမလဲဆိုတာကို ရှုပ်ထွေးနေမှာပဲ၊ ကျနော့်အနေနဲ့ ကျနော်တို့ပါတီကိုပဲ မဲပေးဖို့တိုက်တွန်းမှာပဲလေ” ပြောသည်။

သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ မိမိထောက်ခံသော မွန်အမတ်လောင်းကိုသာ မဲပေးသင့်ကြောင်း ဆက်ပြောသည်။

အလားတူ မွန်ဂီတသမားများစုပေါင်း၍ ရွေ့လျားမွန်ဂီတအစီအစဉ်ဖြင့် မွန်အမတ်လောင်းမဲအောင်နိုင်ရေး လှုပ်ရှားမှုများကို မြို့နယ်အလိုက် ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts