spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းဘီးလင်းမြို့နယ်၊ ဘော်နော်ကီးကျေးရွာအုပ်စု ဆန္ဒမဲပေးခွင့်မသေချာ

    ဘီးလင်းမြို့နယ်၊ ဘော်နော်ကီးကျေးရွာအုပ်စု ဆန္ဒမဲပေးခွင့်မသေချာ

    -

    Your-Vote-20151အိုက်စိုင်း – မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘော်နော်ကီးကျေးရွာအုပ်စုတွင် အခြေခံမဲဆန္ဒစာရင်း ကောက်ခံနိုင်ခြင်းမရှိသေး သည့်အတွက် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပ

    မည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခွင့် မသေချာကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သတင်းရရှိသည်။

    ဘော်နော်ကီးကျေးရွာအုပ်စုအတွင်း ကျေးရွာ ၅ ရွာရှိပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)၏ တပ်မဟာ(၅) နှင့် (၁)ထိန်းချုပ် နယ်မြေအတွင်းသို့ ပါဝင်နေခြင်း ကြောင့် အခြေခံမဲဆန္ဒရှင် စာရင်းများကို ပြုစုနိုင်ခြင်းမရှိသေးဟု မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဆိုသည်။

    “ဘော်နော်ကီးကျေးရွာအုပ်စုက KNU ရဲ့ တပ်မဟာ(၅)နဲ့(၁) ထိန်းချုပ် နယ်မြေထဲပါနေတော့ အခြေခံမဲစာရင်း ကို ကောက်လို့မရဘူး ကျန်တဲ့ ဒေသတွေမှာတော့ အကုန်ကောက်လို့ရတယ်။ ဒီကျေးရွာ အုပ်စု တစ်ခုဘဲမရတာ ဒါကြောင် ့ရွေးကောက်ပွဲ ကျင်းပဖို့ကတော့ မသေချာဘူး။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အဆုံးအဖြတ်ပေါ်ပဲ မူတည်တယ်”ဟု မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ရွေးကောက်ပွဲအရာရှိ ဦးဟိဏ်းလင်းထက် ကပြောသည်။

    လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်တစ်ခုလုံး အခြေခံမဲပေးခွင့်ရှိသူ ၁၄ သိန်း ၆ သောင်းအထိရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည။်

    ဦးဟိဏ်းလင်းထက်က “စက်တင်ဘာ ၁၄ ရက်ကနေ ၂ရ ရက်နေ့အထိ ကြေညာခဲ့တဲ့ မဲစာရင်းမှာတော့ မွန်ပြည်နယ်တစ်ခုလုံးအနေနဲ့ ၁၄ သိန်း ၆ သောင်း၊မဲပေးခွင့်ရှိတယ်။ဒါပေမဲ့ အခု နောက်တိုးတွေရှိသေးတယ် သူတို့ကို တွက်မယ်ဆိုရင်တော့ ၁၄ သိန်း ရ သောင်းလောက်တော့ ရှိမယ်”ဟု ပြောသည်။

    ဘော်နော်ကီးကျေးရွာ အုပ်စုသည် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ တပ်မဟာ(၅) နှင့် တပ်မဟာ(၁) ထိန်းချုပ်နယ်မြေအတွင်း ပါဝင်နေသော်လည်း အဆိုပါ နယ်မြေအတွင်း အစိုးရတပ်မတော် နှင့် (KNU) တပ်ဖွဲ့ဝင်များကြား တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိကြောင်း သိရသည်။

    ထို့အပြင် ကရင်အမျိုးသားအစည်းအရုံး KNU သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးသွားမည်ဟု စက်တင်ဘာ ၂၈ ရက် နှင့် ၃၀ ရက်များက ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင်ထိပ်သီးခေါင်းဆောင်များအစည်းအဝေးတွင် ဆုံးဖြတ်ထားသည်။

    အလားတူ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ကျေးရွာအုပ်စု ၄၀ ကျော်ရှိ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲစာရင်းပြုစုခြင်းမရှိသဖြင့် ရွာပေါင်း ၂၀၀ ကျော် ဆန္ဒမဲပေးခွင့်မရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks